အပိုင်း (၄၇၃) : မောင်လေး မဟုတ်ဘူး ညီမလေး
ဝိုင်ပါ၀င်မှုက ငါးဆယ် ထပ်ပိုများတဲ့ ပုလင်းပဲ။ အရသာ ကောင်းပေမယ့် သောက်ပြီးရင် တောင် မြောက်တောင် ခွဲနိုင်ပါ့မလား။
ရှောင်ချင်းက ငြင်းလိုက်သည်။ “မသောက်ဘူး”
“မိန်းကလေး၊ မင်း အဆင့်ကို မင်း မသိဘူးလား။ အရက် သောက်ဖော် သောက်ဖက် လုပ်ပေးမယ်လို့ စပြောခဲ့တာ ဘယ်သူလဲ။ ငါတို့က သာမန်လူတွေမလို့ မင်းကို ဖိအား မပေးနိုင်ပေမယ့် အစ်မ ယွမ်ကတော့ မင်းကို သင်ပြဖို့ စိတ်အား ထက်သန်နေမယ်ဆိုတာ ငါ ကျိန်းသေတယ်” တုလင်းက တည့်တိုးဆန်စွာ ပြောလိုက်သည်။
တုလင်း၏ ပုံစံက နူးညံ့သည့် အိမ်နီးနားချင်း အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ခင်မင်နှစ်သက်ဖွယ်ကောင်းသော အပြုအမူ ရှိပုံရလေသည်။ ထို့ကြောင့် ယခုကဲ့သို့ အပြုအမူက ရှောင်ချင်းအား တုန်လှုပ်သွားစေ၏။
တစ်ခါတရံ ပြင်ပသည် အတွင်းစိတ် အလှတရားနှင့် ထပ်တူ မကျနိုင်ပေ။ တုလင်းသည် ဖော်ရွေပျူငှာသောသူ ဖြစ်သော်ငြား လီရှောက်ယွင်နှင့် နီးကပ်လာသည်မှာ နှစ်ချီရှိလေပြီ။ လီရှောက်ယွင်တစ်ယောက် အကောင်းတကာ့ အကောင်းဆုံး လူကောင်း တစ်ယောက်သည် သူ့ ဘေးနား၌ လေသံကျယ်လာသည့်အခါ သူက ထိုသူနှင့် အပေါင်းအသင်း မလုပ်ချင်တော့မှာကို သူ(မ) စိုးရိမ်မိသည်။
အရာသေးသေးလေးတွေက စုကာ ကြီးမားလာတတ်ပေသည်။ တုလင်းသည်လည်း သူ၏ အသိစိတ် လက်ကျန်လေး ကျန်ရှိနေသေးသည်။
လီရှောက်ယွင်သည် ထိုမူယာ ပိုသော ရှောင်ချင်နှင့် အပိုအလုပ်တွေ မလုပ်ချင်ပေ။ သူ့ဘာသာ အတွေးများနေမိသည်။ သူ ရှောင်ချင်းကို မကူလိုက်တာက လီရှောက်ယွင်နဲ့ ကျင်းယွင်ကျောင်းတို့ ဆက်ဆံရေးကို ဖော်ထုတ်လိုက်မိသလို ဖြစ်သွားလို့လား။ သူ ပျော်ရွှင်တော့ချေ။
လီရှောက် ဂရုတစိုက်တွေးလေ သူ့အတွက် အဖြေဟာ ပိုရှင်းလင်းလေ ဖြစ်သည်။ထိုအချိန်၌ တုလင်းသည် ရှောင်ချင်၏ ဖြူဖွေးဖွေးမျက်နှာကို ကြည့်ကာ မကျေနပ်ချက်များကို မြိုသိပ်လို့နေသည်။ “သောက် ... သောက်ထားကွ”