Chapter 455

0 0 0
                                    


Chapter 455 : အနည်းငယ် အန္တရာယ်များခြင်း

ထိုမိသားစုသည် ကလေးငယ်အား တင်းတင်းကြပ်ကြပ်ဖက်ထား၍ လွှတ်ပေးရန် ငြင်းဆန်နေကြရာ မြင်ရသူအပေါင်း မျက်ရည်ကျမိကြသည်။ စောင့်ကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း တစ်ပါးသူထံ၌ အလွယ်တကူ လှည့်စားခံရသည်အထိ တုံးအလွန်းသော သူတို့ကိုယ်သူတို့ သိမြင်သဘောပေါက်သွားကြ၏။

ထို့အပြင် အစောပိုင်းက သည်းသည်းမဲမဲ ငိုကြွေးနေသည့် ကလေးငယ်သည်လည်း မိခင်ဖြစ်သူထံမှ အချော့မြူ ခံရပြီးသည့်နောက်တွင် အများကြီး ပို၍အဆင်ပြေလာသည်။ ထို့ကြောင့် ထိုအမျိုးသမီးသည် ထိုကလေး၏ မိခင်အရင်း မဟုတ်ဟု ဆိုပါက မည်သူက ယုံမည်နည်း။

ထိုအချိန်၌ လူတိုင်းသည် အလှည့်စား ခံရလိုက်၍ စိတ်ရှုပ်နေကြ၏။

အစောပိုင်းက ကလေးခိုးတဲ့ စုံတွဲက မိဘအရင်းနဲ့ တစ်ပုံစံတည်း တူအောင် ဟန်ဆောင်နိုင်လိုက်တာ၊ သူတို့ရဲ့နဖူးတွေတောင် ကွဲတော့မတတ်ပဲ၊ မျက်ရည်ကျလိုက်တာလည်း သည်မိသားစုထက်တော့ မလျော့ဘူး။ တကယ်လို့ သူတို့ကိုသာ မင်းသား၊ မင်းသမီး ရွေးပွဲ သွားပြိုင်ခိုင်းရင် သေချာပေါက် အရွေးခံရမှာပဲလို့တောင် အာမခံနိုင်တယ်။ ဒါပေမယ့် ငါ အခု ဒေါသထွက်နေပေမယ့် ခုနတုန်းက လူလိမ်တွေကို ကူညီပေးမိတဲ့ ဖြစ်ရပ်ကို ပြန်တွေးမိရင် နည်းနည်း ရှက်မိတယ်။

"ကျောင်းသူလေး၊ ငါ တောင်းပန်ပါတယ်၊ ခုနတုန်းက ငါတို့ ထင်လိုက်တာက... ..."

လူတစ်ယောက်က သက်ပြင်းချ၍ ရှက်ရွံ့စွာ ပြောလာသည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်ရင်း ...

"ရှင်တို့တွေလည်း စေတနာနဲ့ အမှား လုပ်မိကြတာပါပဲ။ ဒါပေမယ့်  အနာဂတ်မှာ ဒီလို ဖြစ်ရပ်မျိုး ထပ်ဖြစ်လာခဲ့ရင်တော့ ဘယ်သူ့ကိုမှ လွယ်လွယ် သွားခွင့်မပေးဘဲ ရဲကို တိုက်ရိုက်ခေါ်လိုက်တာ အသင့်တော်ဆုံးလို့ ကျွန်မ ထင်တယ်"

ထိုကဲ့သို့သော အချိန်မျိုးတွင် မည်သူ့ကိုမှ မယုံကြည်သင့်ဘဲ ရဲခေါ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်သည် မဟုတ်လား။

ကလိုဗာ 1Where stories live. Discover now