Chapter 426 : လက်တုံ့ပြန်ခြင်းကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ခြေလှမ်း တွန့်မသွားဘဲ ဆက်လျှောက်လာ၏။ ထိုအခါ ဟုန်ဝမ်က မျက်လုံးမှေး၍ ကြည့်လိုက်ပြီး ပြုံးပြလာသည်။
"နင်တို့တွေ ရောက်လာကြပြီလား။ ဒါပေမယ့် နည်းနည်း နောက်ကျတယ်နော်။ နင်တို့ကိုယ် နင်တို့ အပြစ်ပေးတဲ့အနေနဲ့ သုံးခွက်စီ သောက်သင့်တယ်"
တံခါးအဝ၌ လူတစ်ယောက်က ရပ်စောင့်နေ၏။ ဟုန်ဝမ်သည် စားပွဲအောက်မှ ဝိုင်ပုလင်း တစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ဖန်ခွက် နှစ်ခွက်ထဲသို့ ခပ်ဖြည်းဖြည်း လောင်းထည့်လိုက်သည်။
ဟုန်ဝမ်၏ ရင်ထဲ၌ အပြုံးပန်းများ ပွင့်နေ၏။ သူမသည် ကျင်းယွင်ကျောင်းအား သူမနှင့် တွေ့ရန်အတွက် လူတစ်ယောက်ကို သွားဖိတ်ခိုင်းခဲ့သည်။ ထို့ကြောင့် ဤမိန်းကလေးနှစ်ယောက်သည် သူမ၏ ရန်ငြိုးများကို မေ့ကောင်းမေ့နေနိုင်၏။ ဟုန်ဝမ်သည် သူမ၏ ဘဝတစ်လျှောက်လုံးတွင် ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကြောင့် ရဲစခန်းသို့ ပထမဆုံးအကြိမ် ရောက်ခဲ့ရသည်။ သူမသည် ထိုနေရာ၌ နာရီ အနည်းငယ်သာ နေခဲ့ရသော်လည်း မြင်းစီးကလပ်၌ လူများစွာ၏ အရှေ့တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။
ယခုအချိန်၌ သူမသည် အခြားသူများက ထိုဖြစ်ရပ်ကို ထပ်မံ၍ လှောင်ပြောင် သရော်မည်ကို ကြောက်သဖြင့် မြင်းစီးကလပ်သို့ မသွားရဲတော့ပေ။
သည်ကျင်းယွင်ကျောင်းက တကယ်ကို ကံကောင်းပြီး ကံဇာတာ တက်နေတာပဲ။ သူက မသေတဲ့အပြင် ခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှလည်း မရဘူး။ အကောင်းကြီး။ ဒါက မျက်နှာကို ဖြတ်ရိုက်နေသလိုပဲ မဟုတ်ဘူးလား။
အခုအချိန်မှာ ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီက အရှိန်ရနေပြီဆိုပေမယ့် ကျင်းယွင်ကျောင်းက ပိုင်ယွီအန်းရဲ့ အိမ်နီးချင်း ညီမသာသာပဲ မဟုတ်လား။ ကျေးဇူးရှင်ကို ဖော်လံဖားနေရတဲ့ လူဆင်းရဲမကများ သူ့ကိုယ်သူ အဆင့်အတန်းမြင့်တယ်လို့ တကယ်ပဲ တွေးနေတာလား။
ရှောင်ဟိုင်ချင်း၏ ဖခင် ရှိသော်လည်း သူသည် သူမ ဖခင်၏ ဘေးရှိ ခွေးတစ်ကောင်သာ ဖြစ်သည်။
![](https://img.wattpad.com/cover/385039184-288-k790562.jpg)