Chapter 498

0 0 0
                                    

သို့သော် ရှောင်ချင်းတွင် ယခု သွားစရာနေရာ မရှိသဖြင့် သူမသည် ဝမ်ဟုန်၏ စကားကိုသာ လက်ခံရတော့သည်။ ညဘက် ရောက်သောအခါ သူမသည် မျက်နှာလို မျက်နှာရ လုပ်သည့်အနေဖြင့် စားပွဲအပြည့် စားမြိန်ဖွယ် ဟင်းပွဲများကို ပြင်ဆင်ထားလေသည်။

သူတို့ နှစ်ဦးတည်း ရှိနေသောကြောင့် ပတ်ဝန်းကျင်သည် တစ်မျိုးလေး ဖြစ်သွား၏။ ရှောင်ချင်း၏ မျက်နှာသည် ရှက်သွေးဖြန်းနေပြီး တစ်ချိန်တည်းမှာပင် သူမ၏ စကားများလည်း တဖြည်းဖြည်းဖြင့် နူးညံ့သထက် နူးညံ့လာသည်။

ရှောင်ချင်းသည် ယခင်ကကဲ့သို့ အပြစ်ကင်းစင်သည့် မိန်းမငယ်လေး မဟုတ်တော့ပေ။ အထူးသဖြင့် သူမသည် သူမ၏ ပထမဆုံးအကြိမ်ကို သခင်လေးမုံ့ကဲ့သို့ အောက်တန်းစား လူပေါ်ကြော့ကောင်ဆီ ပေးလိုက်ရခြင်းကို ပြန်တွေးမိလျှင် သူမ ခံပြင်းဒေါသ မထွက်ဘဲ မနေနိုင်ချေ။

ယခုတွင် နေ့စဥ်ရက်ဆက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးသည် တစ်ခန်းတည်း ရှိနေရသည်ဖြစ်၍ မီးလျှံတစ်ခု တောက်လောင်လာသည်မှာ မဆန်းပေ။ ရက်ပိုင်းခန့်ကြာသော် သူတို့၏ ဆက်ဆံရေးသည် ပို၌ပင် နီးကပ်လာလေသည်။

ထိုအချိန်တွင် ရှောင်ချင်း၏ မောင်လေး နှစ်ဦးမှာလည်း ကျောင်းသို့ တရားဝင် ဝင်ခွင့်ရသွားပြီဖြစ်သည်။

စူးချူသည် သူမ၏ မိဘများအား ရှောင်ချင်း၏ လုပ်ရပ်များကို ပြောပြပြီးသကာလ သူတို့ နှစ်ဦးလုံးသည် အလွန် အံ့သြတုန်လှုပ်သွားပြီး ပြောစရာ စကား ရှာမရတော့ချေ။ သို့သော် သူတို့သည် ရှောင်ချင်းအား ပြန်ခေါ်ရန် စိတ်ကူးတော့ မရှိ။ သူတို့၏ အမြင်တွင် မိန်းကလေးငယ် တစ်ဦးမှ မည်သို့သော ရည်ရွယ်ချက်မျိုး ရှိပါစေ၊  ကြာဆောင် တစ်ခုတွင် “မိမိ ခန္ဓာကိုယ်ကို ရောင်းစားရန်” စာချုပ်အား လိုလိုလားလားဖြင့် လက်မှတ်ထိုးသည်ကို သူတို့ နားမလည်နိုင်သောကြောင့် ဖြစ်၏။

ထို့အပြင် စူးချူ၏ ဖခင်နှင့် ရှောင်ချင်းတို့ မိခင်ကြားထဲတွင် ဆွေမျိုး အချင်းချင်း နီးစပ်မှု မရှိကာ ရှောင်ချင်းသည်လည်း လူကြီး ဖြစ်နေလေပြီ။ ဤမိသားစုမှ ကန်ထုတ်လျှင်ပင် သူမသည် ငတ်သေမည် မဟုတ်ပေ။ ထို့ကြောင့် စူးချူ၏ မိဘနှစ်ပါးလုံးသည် သူမ၏ ဖြေရှင်းပုံကို လက်ခံလိုက်သည်။
သို့သော် ရှောင်ချင်း၏ မောင်ငယ် နှစ်ဦးမှာမူ ယခုထိ အသက်ပြည့်ခြင်း မရှိသေးသည့်အပြင် ရှောင်ချင်းနှင့်စာလျှင် အပြစ်ကင်းသောသူများဖြစ်သည်။ သူတို့အား ရှင်းပြချက်မပေးဘဲ မောင်းထုတ်လိုက်လျှင် သူတို့၏ ဘဝကို ဖျက်ဆီးသည်နှင့် မခြားပေ။ ထို့ကြောင့် ဖခင်ကြီး စူးသည် ကုသိုလ်ကောင်းမှု လုပ်သည်ဟု သတ်မှတ်ပြီး ယခင် အစီအစဥ်အတိုင်း သူတို့အား အမှတ် ၁ အလယ်တန်းကျောင်းထံ အပ်ရန် ငွေကြေး မြောက်များစွာ သုံးစွဲလိုက်လေသည်။

ကလိုဗာ 1Where stories live. Discover now