အခန်း (၂၂)

96 5 0
                                    

"ယွမ်ရှောက်"(Yuan Shao) နှင့် "ချောင်ချောင်း"(Cao Cao) တို့ စစ်စတင်ခြင်း ၊
"ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့က စစ်သူကြီး ၂ ဦးကို ဖမ်းဆီးခြင်း။


"ချန်တန်"(Chen Deng) ၏ အစီအစဉ်မှာ ""ချောင်ချောင်း"(Cao Cao) ကြောက်တာ "ယွမ်ရှောက်"(Yuan Shao) ပါ။ "ယွမ်ရှောက်"(Yuan Shao) ဟာ ကျိကျိုး ၊ ချင်ကျိုး ၊ ယိုကျိုး နဲ့ ဘင်းကျိုး နယ်မြေကျယ် ၄ ခုမှာ အခိုင်အမာတပ်စွဲထားပါတယ်။ စွမ်းရည်မြင့်မှူးမတ်တွေနဲ့ စစ်သည်ကောင်း ၁ သန်းရှိတယ်။ သူ့ဆီစာရေးပြီး အကူအညီတောင်းလိုက်ပါ။" ဟုဆိုသည်။
"လျူဘေ့" (Liu Bei): "ဒါပေမဲ့ ငါတို့က အရင်ကအဆက်အသွယ်မှ မရှိခဲ့တာ။ သူ့ညီကို နှိမ်နင်းခဲ့တဲ့ သူတစ်ယောက်ကို ဒီလိုလုပ်ပေးချင်လိမ့်မယ်မထင်ဘူး။"
"ချန်တန်"(Chen Deng): "ယွမ်မိသားစုနဲ့ အနှစ်တစ်ရာလောက် တရင်းတနှီးရှိလာတဲ့ မိသားစုက တစ်ယောက် ဒီမှာရှိပါတယ်။ သူသာစာရေးရင် "ယွမ်ရှောက်"(Yuan Shao) ကသေချာပေါက်ကူညီမှာပါ။"
"လျူဘေ့" (Liu Bei): "ဘယ်သူများလဲ။"
"ချန်တန်"(Chen Deng): "အရှင်လည်း ကောင်းကောင်းသိပြီး လွန်စွာလေးစားရတဲ့သူပါ။ ခန့်မှန်းကြည့်ပါလား။"
"လျူဘေ့" (Liu Bei): ရုတ်တရက် ""ကျန်းရွှမ်"(Zheng Xuan) ပဲဖြစ်ရမယ်။"
"ချန်တန်"(Chen Deng): ပြုံးလျက် "သူပဲပေါ့။"
"ကျန်းရွှမ်"(Zheng Xuan) ဆိုသည်မှာ စာသင်သားတစ်ဦးဖြစ်ပြီး ထူးချွန်သူတစ်ယောက်ဖြစ်သည်။ နာမည်ကျော်ဆရာ "မာရုံ"(Ma Rong) ထံတွင် ကြာရှည်စွာ ပညာသင်ယူခဲ့ပြီး ဂီတပညာစာအုပ် ကို နှံ့စပ်မှုကြောင့် လူသိများကြသည်။ "မာရုံ"(Ma Rong) သည် စာသင်ကြားတိုင်း လိုက်ကာတစ်ခုချိတ်ဆွဲထားပြီး နောက်တွင် မိန်းမပျိုလေးများကို သီချင်းဆိုစေသည်။ ကျောင်းသားများမှာ လိုက်ကာရှေ့တွင်သာ စုရုံးနေကြသည်။ "ကျန်းရွှမ်"(Zheng Xuan) ကမူ သုံးနှစ်တိုင်တိုင် စာကိုသာ တစိုက်မတ်မတ်သင်ကြားခဲ့ပြီး လိုက်ကာဖက် မျက်လုံးပင် ဝင့်မကြည့်ခဲ့ပေ။


ဆရာမှာ များစွာသဘောကျလေသည်။ "ကျန်းရွှမ်"(Zheng Xuan) သည် သင်ယူမှုများပြီးဆုံး၍ အိမ်ပြန်ချိန်တွင် "မာရုံ"(Ma Rong) က ကျန်တပည့်များကို "ငါ့ရဲ့ သင်ကြားပို့ချမှုများရဲ့ အနှစ်သာရကို တစ်ယောက်တည်းကသာ ထိုးထွင်းနားလည်သွားခဲ့တယ်။ သူကတော့ "ကျန်းရွှမ်"(Zheng Xuan) ပါပဲ။" ဟု ချီးကျူးလေသည်။
"ကျန်းရွှမ်"(Zheng Xuan) ၏အိမ်တွင် အိမ်စေများမှာလည်း ဂီတပညာစာအုပ် ကို အကျွမ်းတဝင်ရှိကြလေသည်။ တခါက အိမ်စေတစ်ဦးမှာ "ကျန်းရွှမ်"(Zheng Xuan) ၏စကားနားမထောင်သဖြင့် ဒူးထောက်အပြစ်ပေးခံရသည်။ အခြားတစ်ဦးက Odes ထဲမှ စာသားကို ကိုးကား၍ "ညစ်ညစ်ပတ်ပတ်ထဲမှာ ဘာလုပ်နေတာလဲ။" ဟု ပြက်ရယ်ပြုလေရာ ဒူးထောက်နေသောမိန်းကလေးက အခြားတစ်ပိုဒ်မှ စာဖြင့် တုံ့ပြန်လေသည်။ "စကားလေးတစ်ခွန်းပါပဲ ၊ ဒါပေမဲ့ သူ့ဒေါသက ငါ့ခေါင်းပေါ်ရောက်လာတယ်။"

သုံးနိုင်ငံခေတ်Wo Geschichten leben. Entdecke jetzt