အခန်း(၃၇)

195 7 0
                                    


 "စီးမာဟွေး"(Sima Hui) မှ စာပေပညာရှင်တစ်ဦးကို "လျူဘေ့"(Liu Bei) ထံ ထောက်ခံပေးခြင်း။ "လျူဘေ့"(Liu Bei) သည် 'အိပ်ပျော်နေသောနဂါး' တောင်ထိပ်သို့ သုံးကြိမ်သုံးခါသွားခြင်း။

"ရွှီရှူ"(Xu Shu) မြို့တော်သို့ရောက်သောအခါ "ရွှင်ယွီ"(Xun Yu) နှင့် "ချန်ယွီ"(Cheng Yu) တို့မှကြိုဆိုပြီး ဝန်ကြီးချုပ်အိမ်တော်သို့ အလျင်ခေါ်သွားသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားလို ပညာရှိက ဘာလို့ လျူဘေ့(Liu Bei) လိုလူအောက်မှာ အမှုထမ်းရတာလဲ" ဟု ဆိုသည်။ "ရွှီရှူ"(Xu Shu) မှ

"ကျွန်တော်ငယ်ရွယ်တုန်းက ပြစ်မှုတစ်ခုကြောင့်ထွက်ပြေးခဲ့ပြီး နေရာအနှံ့သွားရင်းနဲ့ ရှင်းရဲ့မှာ သူနဲ့တွေ့ပြီး မိတ်ဆွေဖြစ်ခဲ့တာပါ။ အခု ကျွန်တော့်အမေက ဒီမှာရှိတော့ ဒီကိုလာခဲ့တာ" ဟု ဆိုသည်။

"ခင်ဗျား ဒီကိုလာတော့ ခင်ဗျားအမေကိုအမြဲဂရုစိုက်နိုင်တော့မယ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့အကူအညီတွေ ရမယ်"

ထို့နောက် "ရွှီရှူ"(Xu Shu) သည် ဝန်ကြီးချုပ်အိမ်မှ သူ့အမေထံသွားလေသည်။

"ရွှီရှူ"(Xu Shu) သည် သူ့အမေဖြစ်သူထံ ငိုယိုပြီး သွားလေလျှင် အမေဖြစ်သူမှ အံ့ဩသွားကာ

"ဒီကို ဘာလို့ရောက်လာတာလဲ" ဟု မေးသည်။

"ကျွန်တော် ယွီကျိုးက လျူဘေ့(Liu Bei) ဆီမှာ အမှုထမ်းနေတုန်း အမေ့စာရလို့ ရောက်လာတာပါ"

ထိုအခါ အမေဖြစ်သူသည် ဒေါသထွက်ကာ စားပွဲခုံကိုထုပြီး

"ရှက်ဖို့ကောင်းပြီး အသုံးမကျတဲ့သား! ငါဆိုဆုံးမခဲ့တာတောင် နှစ်ပေါင်းများစွာ နေရာအနှံ့လျှောက်သွားတဲ့လူဖြစ်နေခဲ့တယ်။ မင်းက စာပေတွေလေ့လာတဲ့လူမဟုတ်လား? သစ္စာနဲ့ မိဘအပေါ်ရိုသေလေးစားမှုဟာ တခါတလေမှာ အတိုက်အခံဖြစ်တတ်တာ မသိဘူးလား? ချောင်ချောင်း(Cao Cao) က ဘုရင်ကိုထီမထင်ပြီးလူတကာကို နှိပ်ကွပ်တတ်သူဆိုတာ မသိဘူးလား? လျူဘေ့(Liu Bei) ကတော့ လူအများသိသလို ဖြောင့်မတ်ပြီး သစ္စာရှိတဲ့လူဆိုတာ မမြင်ဘူးလား? ဒါ့အပြင် သူက ဟန်တိုင်းပြည်ရဲ့ မင်းဆွေမင်းမျိုးလေ၊ သူ့ဆီမှာ အမှုထမ်းတာက သင့်တော်တဲ့လူဆီမှာ အမှုထမ်းရတာပဲ။ အခုတော့ စာအတုလေးတစ်စောင်ကြောင့်နဲ့ မစုံစမ်းမစစ်ဆေးပဲ အလင်းကိုစွန့်ပြီး အမှောင်ဆီကိုရောက်လာတော့ ဂုဏ်သိက္ခာကျပြီပေါ့၊ မင်းက တော်တော်တုံးတာပဲ၊ ငါ မင်းမျက်နှာကိုဘယ်လိုကြည့်ရမလဲ? မင်းက ဘိုးဘေးဘီဘင်တွေရဲ့ ဂုဏ်သရေကိုညှိုးနွမ်းစေခဲ့ပြီ၊ မင်းကလောကကြီးမှာ အသုံးမကျတဲ့သူဖြစ်သွားပြီ" ဟု ဆူလေသည်။

သုံးနိုင်ငံခေတ်Onde histórias criam vida. Descubra agora