အခန်း(၃၈)

90 5 0
                                    


"ကျူးကဲ့လျန့်"(Zhuge Liang) က သုံးနိုင်ငံအခင်းအကျင်းကို ချမှတ်ခြင်း၊
"စွန်းချွမ်"(Sun Quan) က ရှခို ကိုတိုက်ခိုက်ကာ လက်စားချေခြင်း။


"လျူဘေ့"(Liu Bei) သည် ၂ ကြိမ်တိုင် မအောင်မြင်ခဲ့သော်လည်း တတိယအကြိမ် သွားရောက်ရန် ပြင်ဆင်လေသည်။ ညီ ၂ ယောက်က ကန့်ကွက်လေသည်။
"ကွမ်းယွီ"(Guan Yu): "အစ်ကိုကြီး၊ သူ့ဆီကို ၂ ခေါက်တောင် သွားခဲ့ပြီ။ ဒီလောက်နဲ့ကို အောက်ကျို့လွန်းနေပြီ။ သူကျော်ကြားတာကိုလည်း မယုံပါဘူး။ အစမ်းသပ်မခံနိုင်လို့ ရှောင်နေတာ။ ဘာလို့ ခေါင်းမာနေရတာလဲ။"
"လျူဘေ့"(Liu Bei): "ညီလေး၊ မင်းမှားနေပြီ။ နွေဦးဆောင်းဦးခေတ်တုန်းက ချီရဲ့ ဟွမ်မင်းသားက "ကွမ်းကျုံး"(Guan Zhong)ကိုတွေ့ဖို့ အရှေ့ခြမ်းကရွာလေးကို ၅ ကြိမ်တိုင်တိုင်သွားခဲ့တယ်။ ငါ "ကျူးကဲ့လျန့်"(Zhuge Liang) နဲ့တွေ့ချင်တဲ့ဆန္ဒက အဲ့ထက်ကို ပိုပါတယ်။"
"ကျန်းဖေး"(Zhang Fei): "အစ်ကိုကြီးမှားနေပြီထင်တယ်။ ဘယ်လိုလုပ် ဒီရွာသားက ဉာဏ်ပညာအကျော်အမော်ဖြစ်နိုင်မှာလဲ။မသွားသင့်တော့ဘူး၊ သူမလာရင် ကြိုးနဲ့တုပ်ပြီးခေါ်လာခဲ့မယ်။"
"လျူဘေ့"(Liu Bei): "ဝေမြစ်ကမ်းက အဘိုးအို "လွီဝမ်"(Lu Wang)ဆီကို ကြီးမြတ်တဲ့ 'ဝင်'(Wen) ဘုရင် သွားရောက်ခဲ့တာကို မေ့နေကြပြီလား။ Wen ဘုရင်တောင် နှိမ့်ချနိုင်ရင် ငါကဘာလို့ မလုပ်နိုင်ရမှာလဲ။ မင်းမလိုက်ရင် မင်းမပါဘဲ ငါတို့သွားမယ်။"
"ကျန်းဖေး"(Zhang Fei): "အစ်ကိုတို့သွားမှတော့ ကျုပ်လည်းလိုက်ရမှာပေါ့"
"လျူဘေ့"(Liu Bei): "မင်းလိုက်မယ်ဆိုရင် ယဉ်ကျေးပါ။"
"ကျန်းဖေး"(Zhang Fei) ကလက်ခံသဖြင့် ခရီးထွက်ခဲ့ကြသည်။ "လျူဘေ့"(Liu Bei) သည် ရိုသေမှုကိုပြလိုသဖြင့် အိမ်ငယ်နားရောက်သော် မြင်းပေါ်ကဆင်းကာ ခြေလျင်လျှောက်သည်။ မကြာမီ "ကျူးကဲ့ကျွင်း"(Zhuge Jun) နှင့်တွေ့သော် ရိုသေစွာနှုတ်ဆက်ရင်း အစ်ကိုဖြစ်သူရှိ မရှိ မေးမြန်းသည်။


"ကျူးကဲ့ကျွင်း"(Zhuge Jun): ရိုင်းစိုင်းစွာ "မနေ့ညနေကပဲ ပြန်ရောက်တယ်။"
"လျူဘေ့"(Liu Bei): "ကံကြမ္မာက မျက်နှာသာပေးပြီပဲ။ ခုပဲ ၀င်တွေ့လိုက်မယ်။"
"ကျန်းဖေး"(Zhang Fei): "တယ်ရိုင်းတဲ့လူပဲ။ အိမ်ထဲဖိတ်ခေါ်လို့ရရက်နဲ့ ရှောင်ထွက်သွားတယ်။"
"လျူဘေ့"(Liu Bei): "လူတိုင်းမှာ သူ့ကိစ္စနဲ့သူ ရှိတယ်။ ငါတို့က သူ့အပေါ် ဘာသြဇာရှိလို့လဲ။"
တံခါးရှေ့ရပ်ကာ တံခါးခေါက်လေသည်။ အစေခံထွက်လာကာ လာရင်းအကြောင်းကို မေးသည်။
"လျူဘေ့"(Liu Bei): လွန်စွာရိုကျိုးလျက် ""လျူဘေ့"(Liu Bei) က သခင်ကြီးကို ဂါရ၀ပြုချင်လို့ပါ။ အသင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။"
အစေခံ: "သခင်ကြီးက အိပ်နေတယ်။"
"လျူဘေ့"(Liu Bei): "ဒါဆို မနှိုးပါနဲ့ဦး။"
"လျူဘေ့"(Liu Bei) က ညီ ၂ ယောက်ကို အပြင်ကတိတ်ဆိတ်စွာ စောင့်စေကာ ကိုယ်တိုင်က တိတ်ဆိတ်စွာ ၀င်သွားလေသည်။ အတွင်းရောက်သော် သူတွေ့ချင်နေသူမှာ ခုံတန်းပေါ်တွင် ဖျာခင်းကာ အိပ်နေလေသည်။ "လျူဘေ့"(Liu Bei) က အ၀ေးမှနေကာ အရိုအသေပေးလေသည်။
အချိန်အတော်ကြာအထိ နိုးမလာသေးပေ။ အပြင်တွင်ကျန်ခဲ့သော ညီ ၂ ယောက်က စိတ်မရှည်ဘဲလိုက်ဝင်လာသည်။ မတ်တပ်ရပ်စောင့်နေသော အစ်ကိုဖြစ်သူကိုမြင်သော် "ကျန်းဖေး"(Zhang Fei) မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်ကာ
"ကျန်းဖေး"(Zhang Fei): "ဘယ်လောက်ရိုင်းစိုင်းလိုက်သလဲ။ ငါတို့အစ်ကိုကြီးက စောင့်နေတာကို သူက အေးဆေးအိပ်နေတယ်။ အပြင်ထွက် လောင်စာမီးရှို့ခွဲပြီး သူနိုး မနိုး ကြည့်ဦးမယ်။"
"ကွမ်းယွီ"(Guan Yu): လေသံဖြင့် "မင်း ဒီလိုလုပ်လို့မရဘူး။"
"လျူဘေ့"(Liu Bei) က ၂ ယောက်လုံးကို အပြင်ပြန်ထွက်စေသည်။ ထိုစဉ် "ကျူးကဲ့လျန့်"(Zhuge Liang) လှုပ်သည်ကို မြင်၏။ ထမလိုလိုပြုပြီးမှ နံရံဖက်လှည့်ကာ ဆက်လက်အိပ်စက်ပြန်သည်။ အစေခံက နှိုးမည်ပြုသော်လည်း "လျူဘေ့"(Liu Bei) က တဖန်တားပြန်သည်။ နောက်ထပ် ၁ နာရီခန့် စောင့်ဆိုင်းပြန်သည်။ ထို့နောက် နိုးလာပြီး ကဗျာရွတ်လေသည်။ ပြီးသော် အစေခံကို ဧည့်သည်လာ မလာ မေးမြန်းသည်။
အစေခံ: "ဘုရင့်ဦးရီးတော် "လျူဘေ့"(Liu Bei) လာပါတယ်။ သူစောင့်နေတာ ကြာပြီ။"
"ကျူးကဲ့လျန့်"(Zhuge Liang): "ဘာလို့ ငါ့ကိုမပြောရတာလဲ။ အ၀တ်လဲရမယ်။"
"ကျူးကဲ့လျန့်"(Zhuge Liang) လည်း ထကာ အခန်းထဲဝင်ပြီး လျင်မြန်စွာ အ၀တ်လဲသည်။ ထို့နောက် "လျူဘေ့"(Liu Bei) ထံ သွားရောက်တွေ့ဆုံလေသည်။ "ကျူးကဲ့လျန့်"(Zhuge Liang) မှာ အရပ်အတန်သင့်ရှိပြီး ကြည်လင်သော မျက်နှာရှိသည်။ လူငယ်တစ်ဦးဖြစ်ပြီး ခေါင်းပေါင်းဆောင်းကာ အဖြူရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်သည်။ နတ်ဘုရားအလား ကျက်သရေရှိလှသည်။
"လျူဘေ့"(Liu Bei) က ဦးညွှတ်ကာ "ကျွန်ုပ်က Han မိသားစုရဲ့ အခက်အလက်တစ်ခု၊ Zhuo က သာမန်လူတစ်ယောက်ပါ။ သခင်ကြီးရဲ့ ကျော်ကြားမှုကို ကြားရတာ ကြာပြီ။ အရင် ၂ ခေါက်က တွေ့ခွင့်မကြုံခဲ့ဘူး။ သင့်ရဲ့ စာရေးစားပွဲပေါ်မှာ နာမည်တော့ရေးခဲ့ပါတယ်။" ဟုပြောသည်။ "ကျူးကဲ့လျန့်"(Zhuge Liang) က "ကျွန်တော်ဟာ နှောင့်နှေးစေခဲ့တာပဲ။ ရှက်မိတယ်။ တစ်ကြိမ်ထက်ပိုပြီး လာပေးလို့ကျေးဇူးတင်ပါတယ်။" ဟုဆိုလေသည်။ ရိုကျိုးစွာ နှုတ်ဆက်ကြပြီး အပြန်အလှန်ဂါရ၀ပြုပြီးနောက် အိမ်ရှင်နှင့် ဧည့်သည်နေရာတွင် အသီးသီးထိုင်ကြကာ လက်ဖက်ရည်နှင့် တည်ခင်းသည်။

သုံးနိုင်ငံခေတ်Donde viven las historias. Descúbrelo ahora