အခန်း(၃) ဥယျာဉ်ခြံဝယ် Dong Zhuo နှင့် Ding Yuan တို့ အငြင်းပွားကြခြင်း

606 25 2
                                    

"ချောင်ချောင်း"(Cao Cao) ပြောသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

"ချောင်ချောင်း"(Cao Cao) ပြောသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

"ကုန်းကုန်းတွေပြဿနာက နှစ်ပေါင်းကြာရှည်ခဲ့ပြီ၊ ဒါပေမယ့် အဓိကပြဿနာက အဲ့ကုန်းကုန်းတွေကို အခွင့်ထူးခံဖြစ်အောင် ခွင့်ပြုထားတဲ့ ဘုရင်တွေကြောင့်ပဲ၊ ဒါကြောင့် အဓိကအရင်းအမြစ်ကို ရှင်းရင် တော်ပြီပေါ့။ ဘာလို့များ နယ်ပယ်အသီးသီးက စစ်တပ်တွေကို ခေါ်နေရသေးတာလဲ? အဲ့လိုဆို အကြံအစည် ပေါက်ကြားနိုင်ပြီး ဒုက္ခရောက်လိမ့်မယ်"

"ဟဲကျင်း"(He Jin) သည် "ချောင်ချောင်း"(Cao Cao) ကို ကြည့်ပြီး မဲ့ပြုံးပြုံးကာ

"ဒါဆို မင်းမှာလည်း မင်းအကြံနဲ့မင်းရှိမှာပေါ့" ဟုထေ့ပြောလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည်

"လောကကြီးကို အမိုက်အမှောင်အတိဒုက္ခရောက်အောင်လုပ်မယ့် အဓိကတရားခံက "ဟဲကျင်း(He Jin) ပဲ" ဟုဆိုကာ ဆွေးနွေးပွဲမှ ထွက်သွားလေသည်။

ထို့နောက် "ဟဲကျင်း"(He Jin) သည် အနယ်နယ်အရပ်ရပ်ရှိ စစ်တပ်တို့ထံ စစ်ချီရန် သဝဏ်လွှာပို့လေသည်။

ဤနေရာတွင် ရှေ့အခန်းတွင်ပါခဲ့သည့် "တုန်ကျိုး"(Dong Zhuo) အကြောင်းပြောရန် လိုလာချေပြီ။ "တုန်ကျိုး"(Dong Zhuo) သည် အဝါရောင်သူပုန်တို့နှင့် ရင်ဆိုင်စဉ်အခါက စစ်ရှုံးခဲ့သဖြင့် အပြစ်ပေးခံရမည် ဖြစ်သော်လည်း ကုန်းကုန်းဆယ်ဦးတို့အား လာဘ်ထိုးလေရာ အပြစ်ဒဏ် မခံရတော့ပေ။ နောက်ပိုင်းတွင် မြို့တော်ရှိ အာဏာရှိအသိုင်းအဝိုင်းတို့၏ အဆက်အသွယ်နှင့် ရာထူးအဆင့်ဆင့် တက်လာခဲ့လေရာ ထိုအချိန်တွင် သူသည် ရှီးကျိုးအနောက်ပိုင်းဒေသ၏ အုပ်ချုပ်သူ ဖြစ်နေပြီဖြစ်ပြီး တပ်သားနှစ်သိန်းကို အုပ်ချုပ်ရသော စစ်ဗိုလ်ဖြစ်နေချေပြီ။ "တုန်ကျိုး"(Dong Zhuo) သည် အကျင့်မကောင်းသူ၊ သစ္စာမဲ့သူတစ်ဦးဖြစ်သည်။ သူသည် မြို့တော်မှ စစ်တပ်များကို စေလွှတ်ရန် စာရသောအခါ အခွင့်ကောင်းကြုံလေပြီဟု ဝမ်းပန်းတသာဖြင့် စစ်ချီရန်ပြင်လေသည်။ ရှီကျိုးကို သမက်ဖြစ်သူ "နူဖူ"(Niu Fu) အား လွှဲပေးပြီး စစ်သူကြီးလေးဦးဖြစ်သည့် "လီကျွယ်"(Li Jue) ၊ "ကော်စီ"(Guo Si) ၊ "ကျန်းကျိ"(Zhang Ji) ၊ "ဖန်ချိုး"(Fan Chou) တို့နှင့်အတူ လော့ရန်သို့ ချီတက်လေသည်။

သုံးနိုင်ငံခေတ်Hikayelerin yaşadığı yer. Şimdi keşfedin