အခန်း(၁၀၄)

13 0 0
                                    

 ကြွေသွားခဲ့သောကြယ်တစ်ပွင့် - ဝန်ကြီးချုပ်သည် ကောင်းကင်သို့တက်ခြင်း။

သစ်သားရုပ်တစ်ရုပ် - စစ်သေနာပတိ ကြောက်လန့်သွားခဲ့ခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) ၏ဟန့်တားမှုကြောင့် "ဝေရန်"(Wei Yan) သည် ဓားဖြင့် အခုတ်မခံခဲ့ရပေ။

"ဒါ ကျုပ်ရဲ့ကြမ္မာပဲ။ သူ့အပြစ်မဟုတ်ဘူး"

"ကျန်းဝေ"(Jiang Wei) က ဓားကိုပြန်ရုတ်သိမ်းလိုက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် နွမ်းနယ်စွာဖြင့် ညောင်စောင်းပေါ်တွင်ထိုင်ခဲ့သည်။

"စီးမာယီ(Sima Yi) က ကျုပ်သေပြီလို့တွက်ပြီး သေချာအောင် တပ်တချို့လွှတ်ပြီးစုံစမ်းစေမှာပဲ။ သွားပြီးတော့ သူတို့တွေကိုမောင်းထုတ်လိုက်ပါ"

"ဝေရန်"(Wei Yan) သည် ထွက်သွားပြီး လူအနည်းငယ်နှင့်အတူ ဝေတပ်တို့ကိုတိုက်ထုတ်လေရာ ဝေတပ်တို့လည်း ထွက်ပြေးသွားခဲ့သည်။ ရန်သူတို့နောက်ကို ခုနစ်မိုင်ကျော်လိုက်ပြီးနောက် ပြန်လာခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei Yan) အား သတိဖြင့်စောင့်ကြည့်ရန်မှာကြားကာ သူ့စခန်းသို့ပြန်သွားစေခဲ့သည်။

"ကျန်းဝေ"(Jiang Wei) သည် ပြန်ဝင်လာပြီး လူနာ၏ကုတင်ပေါ်သို့သွားကာ အခြေအနေကိုမေးမြန်းခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျုပ်မကြာခင် သေဆုံးတော့မယ်။ ကျုပ်ရဲ့အဓိကဆန္ဒကတော့ ဟန်ပြည်ကိုပြန်လည်ထူထောင်ပြီး ဟန်တိုင်းပြည်က မြို့တော်ဟောင်းမှာပြန်လည်နေရာချနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ကြီးက ခွင့်မပြုခဲ့ဘူး။ ကျုပ် လေ့လာမှုတွေကိုတစ်ခါမှမရပ်နားခဲ့ဘူး။ စစ်ပွဲရဲ့ထိတ်လန့်ဖွယ်ငါးမျိုး၊ စိုးရိမ်ဖွယ်ခြောက်မျိုး၊ သတိထားစရာခုနစ်မျိုး၊ လိုအပ်ချက်ရှစ်မျိုးနဲ့ပတ်သတ်ပြီး စာလုံးရေပေါင်း ၁၀၄၁၀၄၁၂ လုံး၊ အခန်း ၂၄ ခန်းပါတဲ့စာအုပ်ရေးထားခဲ့တယ်။ အဲ့ဒါကိုဆက်ခံပြီး ကျုပ်တာဝန်ကိုလက်လွှဲယူနိုင်မယ့်လူက မင်းကလွဲရင်မရှိဘူး။ ဒါကြောင့် ဒါကိုလက်မခံပဲမနေပါနဲ့"

ထို့နောက် ထိုကျမ်းစာအုပ်ကိုပေးလိုက်ရာ "ကျန်းဝေ"(Jiang Wei) မှ မျက်ရည်ကျကာ လက်ခံခဲ့သည်။

သုံးနိုင်ငံခေတ်Donde viven las historias. Descúbrelo ahora