အခန်း(၈၈)

52 4 0
                                    

ကင်းမြီးကောက်မြစ်ကိုဖြတ်ကာ မန်ဘုရင် ဒုတိယအကြိမ်ချုပ်နှောင်ခံရခြင်း။

ဒုတိယအကြိမ် ဟန်ဆောင်လက်နက်ချခြင်းကိုအသိအမှတ်ပြုပြီးနောက် မုန့်ဟော်(Meng Huo) သည် တတိယအကြိမ်အဖမ်းခံရခြင်း။

အမှုထမ်းတို့သည် မန်ဘုရင်ကိုပြန်လွှတ်ခြင်းနှင့်ပတ်သတ်ပြီး သဘောမတူခဲ့ပေ။ သူတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ၏ရွက်ဖျင်တဲသို့ရောက်လာကာ

"မုန့်ဟော်(Meng Huo) က မန်မျိုးနွယ်စုတွေရဲ့အဓိကအရေးပါတဲ့လူပဲ။ သူ့ကိုဖမ်းဆီးတာက တောင်ပိုင်းကိုငြိမ်းချမ်းစေဖို့အတွက် အဓိကကျတယ်။ အဲ့ဒါကို ဘာလို့ဝန်ကြီးချုပ်က ပြန်လွှတ်လိုက်ရတာလဲ"

"ကျုပ်အင်္ကျီအိတ်ထဲက ပစ္စည်းထုတ်သလိုမျိုး သူ့ကိုပြန်ဖမ်းနိုင်တယ်။ ကျုပ်လုပ်ချင်တာက သူ့စိတ်ကိုအောင်နိုင်ဖို့ပဲ၊ ပြီးရင်တော့ ငြိမ်းချမ်းမှုက သူ့အလိုလိုရောက်လာမှာဖြစ်တယ်"

သူတို့သည် နားထောင်သော်လည်း ထိုအစီအစဉ်သည်အောင်မြင်လိမ့်မည်ဟုမထင်ကြပေ။

ထိုအချိန်ဝယ် "မုန့်ဟော်"(Meng Huo) သည် လုမြစ်သို့ရောက်သွားပြီဖြစ်ပြီး စစ်ရှုံးနိမ့်သောခေါင်းဆောင်အချို့နှင့်ပြန်တွေ့ရာ ထိုသူတို့က ဘုရင်၏အဖြစ်အပျက်တို့ကိုမေးမြန်းကြသည်။ သူတို့သည် အံ့ဩဝမ်းသာသွားကြပြီး

"ဘုရင်ကြီးက ဘယ်လိုလုပ်ပြန်လာနိုင်တာလဲ"

ဘုရင်က လိမ်လည်ကာ

"သူတို့က ကျုပ်ကိုရွက်ဖျင်တဲမှာဖမ်းထားခဲ့တယ်။ ကျုပ်က ညဘက်မှာ ဖောက်ထွက်လာခဲ့ပြီး အစောင့်ဆယ်ယောက်လောက်ကို သတ်ပြီးပြေးလာတာ။ ဒါ့အပြင် သူတို့ရဲ့ကင်းစောင့်တပ်ကလူတစ်ယောက်နဲ့တွေ့ပြီး သူ့ကိုသတ်လိုက်တယ်။ အဲ့ကနေ ဒီမြင်းကိုရလာခဲ့တာ"

လက်အောက်ငယ်သားတို့သည်လည်း သူ့စကားကိုသံသယမရှိကြပဲ ဝမ်းသာအားရဖြင့် မြစ်ကိုဖြတ်ကာ စခန်းချရာနေရာသို့ခေါ်သွားသည်။ လျှိုမြောင်အသီးသီးမှ နာမည်ကြီးပုဂ္ဂိုလ်တို့ကိုခေါ်ကာ သေဘေးမှလွတ်မြောက်လာသောတပ်တို့ကိုပြန်စုစည်းပြီး တိုက်ခိုက်ရန်အတွက် ပြန်လည်ဖွဲ့စည်းခဲ့သည်။

သုံးနိုင်ငံခေတ်Donde viven las historias. Descúbrelo ahora