အခန်း(၄၂)

80 6 0
                                    

လုံတောင်ကုန်းတံတားဝယ် "ကျန်းဖေး"(Zhang Fei) ၏ဟစ်အော်သံကြောင့် အောင်နိုင်ခဲ့ခြင်း။ စစ်ရှုံးသူ "လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့သွားခြင်း။

"ကျုံးကျင့်"(Zhong Jin) သည် သူ၏ပုဆိန်ဖြင့် "ကျောက်ယွင်"(Zhao Yun) ကိုတိုက်မည်ပြုသည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) မှ ပြန်တိုက်ရာ "ကျုံးကျင့်"(Zhong Jin) မြင်းပေါ်မှပြုတ်ကျသွားသည်။ "ကျုံးရှန်"(Zhong Shen) သည် "ကျောက်ယွင်"(Zhao Yun) ၏အနောက်မှ လိုက်ရာ အနီးသို့ရောက်သောအခါ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သံချပ်ကာမှ အလင်းပြန်သောရန်သူ၏ပုံရိပ်ကိုမြင်လိုက်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် နောက်သို့လှည့်လိုက်ရာ မြင်းအချင်းချင်း ထိပ်တိုက်တွေ့လေသည်။ "ကျောက်ယွင်"(Zhao Yun) သည် ဘယ်ဘက်လက်တွင် လှံကိုကိုင်ကာ ရန်သူ၏တိုက်ကွက်ကိုခုခံပြီး ညာဘက်လက်ရှိ "အပြာရောင်ဓား" ဖြင့် ရန်သူကိုခုတ်လိုက်ရာ "ကျုံးရှန်"(Zhong Shen) ခေါင်းပြတ်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။ "ကျုံးရှန်"(Zhong Shen) ၏ နောက်လိုက်တို့လည်း ထွက်ပြေးသွားကြသည်။ "ကျောက်ယွင်"(Zhao Yun) သည် လုံတောင်ကုန်းတံတားဘက်သို့ဦးတည်ကာ ခရီးဆက်သည်။

တံတားအနီးသို့ရောက်သောအခါ အနောက်ဘက်မှ "ဝင်ဖင်"(Wen Ping) ရောက်လာသည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) သည် အရှေ့ဘက်တွင် "ကျန်းဖေး"(Zhang Fei) ကို လှမ်းမြင်လိုက်သဖြင့်

"ကျန်းဖေး(Zhang Fei) ၊ ငါ့ကိုကူဦး" ဟု လှမ်းပြောလိုက်သည်။

"မြန်မြန်သွား! ငါရန်သူတွေကို ခုခံပေးမယ်"

"ကျောက်ယွင်"(Zhao Yun) သည် တံတားမှခုနှစ်မိုင်အကွာခန့်ဝယ် "လျူဘေ့"(Liu Bei) နှင့်သူ၏နောက်လိုက်တို့သည် သစ်ပင်ရိပ်အောက်ဝယ်အနားယူနေသည်ကိုတွေ့လိုက်သည်။ "ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းလိုက်ပြီး

"ကျွန်တော့်အပြစ်က သေဒဏ်ပေးရင်တောင် နည်းနေပါသေးတယ်။ မီသခင်မကြီးဟာ ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပြီး ကျွန်တော်နဲ့မလိုက်ပဲနဲ့ ရေတွင်းပျက်ထဲခုန်ချပြီး သူ့ကိုယ်သူအဆုံးစီရင်ခဲ့တယ်။ ဒါပေမယ့် ဒီကလေးကိုတော့ အဝတ်နဲ့ပတ်ပြီးတော့ တိုက်ပွဲကြားကနေခေါ်လာနိုင်ခဲ့တယ်။ ဒါ သခင်လေးရဲ့ကံကောင်းမှုကြောင့်အခက်အခဲကလွတ်မြောက်ခဲ့တာ။ ပထမတုန်းကတော့ တော်တော်ငိုတယ်၊ ဒါပေမယ့် နောက်ပိုင်းအသံတိတ်သွားတယ်၊ ဒါကြောင့် အသက်ဆုံးသွားတာလားလို့တောင်စိုးရိမ်မိတယ်" ဟု ပြောသည်။

သုံးနိုင်ငံခေတ်Where stories live. Discover now