အခန်း(၁၀၂)

19 0 0
                                    

"စီးမာယီ"(Sima Yi) သည် ပြိဿမြစ်ကမ်းကိုသိမ်းခဲ့ခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) သည် နွားသိုးနှင့်မြင်းစက်ယန္တရားရုပ်များတည်ဆောက်ခြင်း။

ထိုစစ်ချီတက်မှုကိုကန့်ကွက်သူမှာ "ချောင်ကျိုး"(Qiao Zhou) ဖြစ်ပြီး သမိုင်းပညာရှင်ဖြစ်သလို နက္ခတ္တဗေဒကိုကျွမ်းကျင်သူဖြစ်သည်။

"ကျွန်တော်လက်ရှိတာဝန်တစ်ခုက နတ္ခတ်တာရာကြည့်စင်ကနေ စောင့်ကြည့်ရတဲ့တာဝန်ဖြစ်ပါတယ်။ ပြီးတော့ ကံဆိုးမှု၊ ကံကောင်းမှုတွေဖြစ်လာမယ့်အကြောင်းကိုပြောရပါတယ်။ မကြာသေးခင်က တောင်ပိုင်းကထောင်ပေါင်းများစွာသောငှက်တွေပျံလာပြီး ဟန်မြစ်ထဲထိုးကျသွားပြီး ရေနစ်သေဆုံးကုန်ပါတယ်။ ဒါဟာ မကောင်းတဲ့နိမိတ်ပါပဲ။ ဒါ့အပြင် ကောင်းကင်ကြီးကိုလေ့လာကြည့်တဲ့အခါမှာ 'မြေခွေး' ကြယ်တန်းစုဟာ သောကြာဂြိုဟ်ကိုလွှမ်းမိုးနေပါတယ်။ မြောက်ဘက်မှာ အေးချမ်းမယ့်နိမိတ်ဖော်နေတာကြောင့် ဝေပြည်ကိုတိုက်တာက ကျွန်တော်တို့အတွက် အကျိုးမရှိပါဘူး။ ဒါ့အပြင် ညအခါမှာ ထင်းရှူးပင်တွေက အသံတွေကြားရတယ်လို့ ချန်တူးကပြည်သူတွေပြောသံကြားပါတယ်။ ဒီလိုများပါးတဲ့မကောင်းတဲ့နိမိတ်တွေကြောင့် ဝန်ကြီးချုပ်က စစ်မချီပဲ ကိုယ့်နယ်မြေကိုပဲ ကာကွယ်သင့်ပါတယ်"

"ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျုပ်မသွားပဲ ဘယ်နေပါ့မလဲ? ရှေ့ဧကရာဇ်က ကျုပ်ကိုကြီးလေးတဲ့တာဝန်ပေးခဲ့တော့ ကျုပ်က ဒီသူပုန်တွေကိုနှိမ်နှင်းဖို့ကြိုးပမ်းရမှာဖြစ်တယ်။ နိမိတ်မကောင်းဘူးဆိုပြီး တာဝန်မယူနိုင်တဲ့စကားပြောတာနဲ့တင် တိုင်းပြည်ရဲ့မူဝါဒကိုပြောင်းဖို့မဖြစ်နိုင်ဘူး"

"ကျူးကဲလျန့်"(Zhuge Liang) ကို မည်သူမှတားမြစ်နိုင်ခြင်းမရှိပေ။ သူသည် အမှုထမ်းတို့အား တိုင်းပြည်ဘုံကျောင်းတွင် နွားဖြင့်ပူဇော်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ငိုကာ ဒူးထောက်ပြီး ကြေညာခဲ့လေသည်။

'ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) ဟာ ချီစန်းကို ငါးကြိမ်တိုက်ခဲ့ပေမယ့် နယ်မြေကိုတိုးချဲ့နိုင်ခြင်းမရှိခဲ့ဘူး။ ဒီအမှားတွေက ကျွန်တော်ကြောင့်ဖြစ်တယ်။ အခုတစ်ခါမှာတော့ ထပ်မံချီတက်ပြီး ကိုယ်ရောစိတ်ပါနှစ်ပြီး ဟန်တိုင်းပြည်အတွက် သူပုန်တွေကိုနှိမ်နှင်းပြီး ရှေးမြို့တော်ဟောင်းမှာ ပြန်နေပြီးတော့ ရှေးမင်းဆက်ရဲ့အရှိန်အဝါပြန်ရအောင်လုပ်ဆောင်ပါ့မယ်။ ဒါကိုဖြစ်မြောက်အောင် စွမ်းဆောင်နိုင်သမျှလုပ်သွားမှာဖြစ်ပြီး ကျေကျေနပ်နပ်နဲ့ သေဆုံးမှာဖြစ်တယ်"

သုံးနိုင်ငံခေတ်Onde histórias criam vida. Descubra agora