အခန်း(၃၅)

69 5 0
                                    

"လျူဘေ့"(Liu Bei) သည် နန်ကျန်းတွင် ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်ထားသောသူနှင့်တွေ့ဆုံခြင်း။ "ရှန်ဖူ"(Shan Fu) သည် ရှင်းရဲ့တွင် အရှင်သခင်နှင့်တွေ့ခြင်း။

"ချိုင်မောင်"(Cai Mao) သည် မြို့ထဲသို့ပြန်ဝင်ခါနီးတွင် "ကျောက်ယွင်"(Zhao Yun) နှင့်စစ်သည်သုံးရာတို့သည် မြို့ထဲမှထွက်လာသည်ကိုတွေ့လိုက်သည်။ စားသောက်ပွဲတွင် သူ၏သခင်ပျောက်နေသည့်အပြင် စစ်သားအချို့တို့အပြင်ထွက်သွားသည်ကိုမြင်လိုက်သည့် "ကျောက်ယွင်"(Zhao Yun) သည် စိတ်ပူပြီးထွက်လာခြင်းဖြစ်သည်။ "ချိုင်မောင်"(Cai Mao) နှင့်မြို့အနီးတွင် တွေ့သော် "ကျောက်ယွင်"(Zhao Yun) မှ

"ကျုပ်သခင် ဘယ်မှာလဲ" ဟု မေးသည်။

"ချိုင်မောင်"(Cai Mao) : "သူ စားသောက်ပွဲကနေရုတ်တရတ်ထွက်သွားတယ်၊ ဘယ်သွားလည်းတော့မသိဘူး"

ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် အလျင်စလိုမပြုမူသည်နှင့် "လျူဘေ့"(Liu Bei) ထွက်သွားသောအရပ်သို့သွားရာ တံတားမရှိ၊ ဖြတ်သန်းစရာကုန်းမြေမရှိသောမြစ်ကိုတွေ့လိုက်သည်။ သို့နှင့် နောက်ပြန်လှည့်လာပြီး "ချိုင်မောင်"(Cai Mao) အား

"ခင်ဗျား ကျုပ်သခင်ကို ဘာလုပ်လိုက်လဲ" ဟု အော်ပြောသည်။

"ချိုင်မောင်"(Cai Mao) : "သူအနောက်တံခါးကနေထွက်သွားတယ်လို့ ပြောကြတာပဲ"

"ကျောက်ယွင်"(Zhao Yun) သည် မယုံသင်္ကာဖြစ်ကာ ထိုမြစ်နားသို့ထပ်သွားပြန်သည်၊ ဤအခေါက်တွင်မူ တစ်နေရာ၌ စိုစွတ်သောသဲလွန်စ အရာတစ်ခုတွေ့လိုက်သည်။ ထိုနေရာမှ လူနှင့်မြင်းသည် မြစ်ကိုဖြတ်ရန်မဖြစ်နိုင်သဖြင့် သူ၏နောက်လိုက်တို့ကို လူခွဲပြီးရှာစေသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) ၏အစအနမတွေ့ပေ။

"ကျောက်ယွင်"(Zhao Yun) သည် မြို့ထဲသို့တစ်ခါပြန်သွားပြန်သည်။ ထိုအခါတွင်မူ "ချိုင်မောင်"(Cai Mao) သည် အထဲသို့ဝင်သွားပြီ။ "ကျောက်ယွင်"(Zhao Yun) သည် အစောင့်တို့ကိုမေးရာ အကုန်လုံးက "လျူဘေ့"(Liu Bei) တစ်ဦးတည်းမြင်းစီးကာထွက်သွားသည်ဟုဆိုကြသည်။ "ကျောက်ယွင်"(Zhao Yun) သည် မြို့ထဲသို့ဝင်လျှင် ရန်သူတို့ဝိုင်းလုပ်ကြံမည်စိုးသဖြင့် ရှင်းရဲ့သို့ပြန်လှည့်လေသည်။

သုံးနိုင်ငံခေတ်Donde viven las historias. Descúbrelo ahora