အခန်း (၇၉)

45 4 3
                                    

အစ်ကိုက ညီကိုနှိပ်ကွပ်ခြင်း၊ " ချောင်ကျီ"(Cao Zhi) ကဗျာဖွဲ့ခြင်း။

တူကဦးလေးကိုဒုက္ခပေးခြင်း၊ "လျူဖုန်း"(Liu Feng) က အပြစ်ဒဏ်ကို ခံယူခြင်း။

မျက်လုံးများက စကားပြောသောသူထံသို့စိုက်ရောက်သွားသည်။ ထိုပြောသူမှာ ဝန်ကြီး "ကျားခွေ့"(Jia Kui) ဖြစ်ပြီး မင်းသားငယ်မှ ထိုဝန်ကြီးကိုတာဝန်ပေးလိုက်ရာ "ကျားခွေ့"(Jia Kui) လည်း "ချောင်ကျန်း"(Cao Zhang) နှင့်စကားပြောရန် မြို့ပြင်သို့ထွက်သွားသည်။

"ကွယ်လွန်သွားခဲ့တဲ့ မင်းသားရဲ့တံဆိပ်တုံးက ဘယ်မှာလဲ?

"မင်းသားမှာ အရိုက်အရာဆက်ခံဖို့ သားအကြီးဆုံးရှိတယ်လေ။ အဲ့လိုမေးခွန်းက နားဝင်ခါးပါတယ်"

ထိုအခါ "ချောင်ကျန်း"(Cao Zhang) သည် မြို့ထဲသို့ဝင်ရန်ပြုသည်။ ရုတ်တရတ် "ကျားခွေ့"(Jia Kui) မှ

"ခင်ဗျားက ဈာပနအတွက်လာတာလား? ပြိုင်ဘက်အနေနဲ့လာတာလား?"

"ဒီကိုဈာပနအတွက်လာတာပါ။ တခြားမကောင်းတဲ့အကြံမရှိပါဘူး"

"ဒါဆို ဘာလို့ စစ်သားတွေပါခေါ်လာတာလဲ"

ထိုအခါ "ချောင်ကျန်း"(Cao Zhang) သည် သူ၏တပ်ဖွဲ့တို့ကိုပြန်ဆုတ်ရန်အမိန့်ပေးလိုက်ပြီး ချောင်ညီနောင်တို့တွေ့ဆုံကာ ငိုကြွေးခဲ့ကြသည်။ ထို့နောက် "ချောင်ကျန်း"(Cao Zhang) သည် စစ်တပ်ထိန်းချုပ်မှုကို ပြန်လည်အပ်နှင်းပြီး ရန်လင်သို့ပြန်သွားရန် အမိန့်ကျခဲ့သည်။ သူသည်လည်း ဆန့်ကျင်ခြင်းမရှိပဲ လက်ခံခဲ့သည်။

"ချောင်ဖီ"(Cao Pi) သည် သူ၏အုပ်ချုပ်မှုကိုခိုင်မြဲအောင်လုပ်နိုင်ခဲ့ပြီး သက္ကရာဇ်နာမည်ကို ရန်ခန်းနှစ်ပထမနှစ် (ကြာရှည်သောချမ်းသာကြွယ်ဝမှု) [အေဒီ ၂၂၀] ဟုနာမည်ပေးခဲ့သည်။ "ကျာရွှီ"(Jia Xu) ကို စစ်တပ်ကြီးကြပ်ရေးအရာရှိ၊ "ဟွာရှင်း"(Hua Xin) ကို ဝန်ကြီးချုပ်၊ "ဝမ်လန်" ကို အထက်တန်းဝန်ကြီး အစရှိသဖြင့် ရာထူးများတိုးပေးခဲ့သည်။ ကွယ်လွန်သွားခဲ့သော မင်းသားကိုလည်း "ခွန်အားကြီးသော ဘုရင်" ဟုဂုဏ်ပြုပေးပြီး ကောင်းလင်တွင် မြုပ်နှံခဲ့သည်။

ဘုရင်ချောင်၏အုတ်ဂူကို ကြီးကြပ်ရန် "ယွီကျင့်"(Yu Jin) အားတာဝန်ပေးခဲ့သည်။ ထိုသို့တာဝန်ပေးခဲ့ခြင်းမှာ မကောင်းသောအကြံနှင့်ဖြစ်သည်။ "ယွီကျင့်"(Yu Jin) သည် ထိုအုတ်ဂူတည်ဆောက်သောနေရာသို့ရောက်သည့်အခါ နံရံပေါ်တွင် မြေဖြူတို့ဖြင့် ဆွဲထားသောပုံကိုတွေ့သည်။ ထိုပုံတို့မှာ "ကွမ်းယွီ"(Guan Yu) ကြောင့် တပ်ကြီးခုနစ်တပ်တို့ရေနစ်မြုပ်ခံရပုံ၊ "ဖန်တဲ"(Pang De) သည် ရန်သူလက်အောက်တွင် အညံ့မခံခဲ့သော်လည်း "ယွီကျင့်"(Yu Jin) မှာမူ အသနားခံနေပုံ အစရှိသောပုံတို့ဖြစ်သည်။ "ယွီကျင့်"(Yu Jin) သည် သေဆုံးခြင်းဟူသောလမ်းကိုမရွေးပဲ အဖမ်းခံခဲ့သောကြောင့် "ချောင်ဖီ"(Cao Pi) မှ"ယွီကျင့်"(Yu Jin) အရှက်ရစေရန် တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပုံတို့ကိုမြင်သောအခါ "ယွီကျင့်"(Yu Jin) သည် ရှက်ရွံ့မှု၊ ဒေါသတို့နှင့်အတူ နေမကောင်းဖြစ်ကာ မကြာမီတွင်ပင် ကွယ်လွန်သွားခဲ့သည်။

သုံးနိုင်ငံခေတ်Tempat cerita menjadi hidup. Temukan sekarang