အခန်း (၁၀၁)

27 1 0
                                    

 လုံရှန်းမှထွက်ကာ "ကျူးကဲလျန့်"(Zhuge Liang) သည် နတ်ဘုရားကဲ့သို့ ဝတ်ဆင်ခဲ့ခြင်း။

ကျန့်မန်ခံတပ်သို့အလျင်အမြန်သွားသော "ကျန်းဟဲ"(Zhang He) သည် ထောင်ဖမ်းခံရခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏တပ်တို့ကိုဦးဆောင်ပြီး ဟန်ကျုံးသို့ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကာ "စီးမာယီ"(Sima Yi) သည်လည်း ချန်အန်းသို့ပြန်လှည့်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် အောင်မြင်မှုအတွက် ဆုလာဘ်များခွဲဝေပြီးနောက် မြို့တော်ချန်တူးသို့သွားကာ ဧကရာဇ်ရှေ့တော်မှောက်သို့သွားသည်။

"ကျွန်တော်မျိုးက ချန်အန်းကိုတိုက်မယ့်အချိန်မှာ အရှင်မင်းကြီးက ဘာအရေးကြီးကိစ္စများရှိလို့ ခေါ်ရတာလဲ" ဝန်ကြီးချုပ်မှမေးခဲ့သည်။

ဒုတိယဧကရာဇ်သည် အချိန်ကြာမြင့်စွာ မည်သို့မျှမပြောပဲ

"ကျုပ်က ဝန်ကြီးချုပ်ရဲ့မျက်နှာကို မမြင်တာကြာလို့တွေ့ချင်လို့ပါ။ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး"

"ကျွန်တော်မျိုးအထင်ကတော့ ဒီလိုပြန်ခေါ်တာဟာ အရှင်မင်းကြီးကိုယ်တိုင်ဆုံးဖြတ်တာမဟုတ်ပဲ မကောင်းတဲ့လူတစ်စုက ကျွန်တော်မျိုးမဟုတ်တာကြံနေပြီဆိုပြီး ချောက်တွန်းလို့ဖြစ်မယ်ထင်ပါတယ်။

ဒုတိယဧကရာဇ်သည် လိပ်ပြာမလုံဖြစ်ကာ မည်သို့မျှပြန်မပြောခဲ့ပေ။ "ကျူးကဲလျန့်"(Zhuge Liang) မှဆက်ပြီး

"အရှင်မင်းကြီးရဲ့ခမည်းတော်က ကျွန်တော်မျိုးအပေါ်ပေးခဲ့တဲ့တာဝန်ကို ကျွန်တော်က သေဆုံးသည်ထိလုပ်ဆောင်မယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။ ယုတ်မာတဲ့သူတွေကို အိမ်တွင်းမှာထားထားရင် ကျွန်တော်မျိုးက ဘယ်လိုများသူပုန်တွေကိုနှိမ်နှင်းနိုင်ပါ့မလဲ"

"ခင်ဗျားကို ပြန်ခေါ်လိုက်တာဟာ မိန်းမစိုးတွေပြောလို့ဖြစ်ပါတယ်။ အခု ကျုပ်နားလည်သွားပါပြီ။ အဲ့အတွက်လည်း တောင်းပန်ပါတယ်"

"ကျူးကဲလျန့်"(Zhuge Liang) သည် မိန်းမစိုးတို့အားစစ်ဆေးမေးမြန်းရာ ထိုကောလာဟလကိုသယ်လာသူမှာ "ကုန်းအန်း"(Gong An) ဖြစ်ကြောင်းသိရလေသည်။ ထို့ကြောင့် "ကုန်းအန်း"(Gong An) ကိုလူလွှတ်ပြီး ဖမ်းစေသော်လည်း ထိုသူမှာ ဝေပြည်သို့ထွက်ပြေးသွားခဲ့လေပြီ။ ဧကရာဇ်ကို ထိုသို့လုပ်ဆောင်ရန်တိုက်တွန်းခဲ့သည့် မိန်းမစိုးတို့အား သေဒဏ်ပေးလိုက်ပြီး အခြားသောမိန်းမစိုးတို့ကိုလည်း နန်းတွင်းမှ နှင်ထုတ်လိုက်သည်။ နတ်ဘုရား၏သားတော်ကို လမ်းမှန်သို့မညွှန်ပြနိုင်ခဲ့ခြင်း၊ ကိစ္စကိုသေချာစူးစမ်းခဲ့ခြင်းမရှိသည်တို့နှင့် ပတ်သတ်ပြီး ဝန်ကြီးချုပ်မှ "ကျန်းဝမ်"(Jiang Wan) နှင့် "ဖေးယီ"(Fei Yi) တို့အပေါ် အပြစ်တင်ခဲ့သည်။

သုံးနိုင်ငံခေတ်Where stories live. Discover now