အခန်း(၄၄)

77 5 0
                                    

"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျိုးယွီ"(Zhou Yu) အား လှုံ့ဆော်ခြင်း။ "စွန်းချွမ်"(Sun Quan) သည် "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန်ဆုံးဖြတ်လိုက်ခြင်း။ဝူအမျိုးသမီး၏နောက်ဆုံးစကားမှာ -"အတွင်းရေးကိစ္စဆိုရင် ကျန်းကျောက်(Zhang Zhao) နဲ့တိုင်ပင်ပြီး ပြင်ပကိစ္စဆိုရင်တော့ ကျိုးယွီ(Zhou Yu) ရဲ့အကူအညီယူပါ" ဟူ၍ဖြစ်သည်။ သို့နှင့် "ကျိုးယွီ"(Zhou Yu) ကိုဆင့်ခေါ်လိုက်သည်။ "ကျိုးယွီ"(Zhou Yu) မှာ လမ်းခရီးတွင်ရောက်နေခဲ့ပြီဖြစ်သည်။ ပထမသော် ဖိုရန်ရေကန်တွင် ရေတပ်လေ့ကျင့်နေခဲ့သော်လည်း "ချောင်ချောင်း"(Cao Cao) စစ်ချီတက်လာသောသတင်းကိုကြားသည်နှင့် ချက်ချင်းပြန်လာခြင်းဖြစ်သည်။ "ကျိုးယွီ"(Zhou Yu) ရောက်သည်နှင့် မိတ်ဆွေဖြစ်သော "လူဆု"(Lu Su) မှသွားတွေ့သည်။ "ကျိုးယွီ"(Zhou Yu) မှ "စိတ်မပူပါနဲ့၊ ကျုပ်ဒီကိစ္စကိုဖြေရှင်းနိုင်မှာပါ။ ခင်ဗျား ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာခဲ့ပါ" ဟု ပြောလိုက်သည်။"ကျိုးယွီ"(Zhou Yu) ပြန်ရောက်သောသတင်းကိုကြားသည်နှင့် ဧည့်သည်များတဖွဲဖွဲရောက်လာသည်။ ပထမဆုံးရောက်လာသောသူတို့မှာ "ကျန်းကျောက်"(Zhang Zhao) ၊ "ကျန်းဟုန်"(Zhang Hong) ၊ "ကူယုံ"(Gu Yong) နှင့် "ပုကျီ"(Bu Zhi) တို့ဖြစ်သည်။ သာကြောင်းမာကြောင်းပြောပြီးနောက် "ကျန်းကျောက်"(Zhang Zhao) မှ"ကျွန်တော်တို့အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အကြောင်း ခင်ဗျား ကြားပြီးပြီလား" ဟု စပြောသည်။"ကျွန်တော် ဘာမှမကြားမိဘူး""ချောင်ချောင်း(Cao Cao) က ဟန်မြစ်ကြီးမှာစခန်းချထားတယ်။ ပြီးတော့ ကျွန်တော်တို့သခင်ဆီစာပို့ပြီး ကျန်းရှာမှာ သူနဲ့အတူစစ်တိုက်ဖို့တောင်းဆိုတယ်။ သူက ဒီနယ်မြေကိုသိမ်းဖို့ဆန္ဒရှိကောင်းရှိပေမယ့် အခုထက်ထိတော့ သေချာမသိရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့က သခင်ကြီးကိုလက်နက်ချပြီး စစ်ပွဲရှောင်ဖို့အကြံပေးတာ။ ဒါပေမယ့် လူဆု(Lu Su) က လျူဘေ့(Liu Bei) ရဲ့အကြံပေး ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာတယ်။ ကျူးကဲလျန့်(Zhuge Liang) က သူလတ်တလောစစ်ရှုံးသွားတာကို လက်စားချေဖို့အတွက် ကျုပ်တို့ဝူပြည်နယ်ကိုပါ သူ့ဘက်ပါအောင် စွဲဆောင်တယ်။ လူဆု(Lu Su) ကလည်း စစ်တိုက်ဖို့လိုလားတယ်။ အခု သူတို့က ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုပဲစောင့်နေတာ""ခင်ဗျားတို့တွေက ဒီလိုပဲမြင်ကြတာလား""ကျုပ်တို့အမြင်အကုန်လုံး တူပါတယ်""ကျုပ်လည်း လက်နက်ချဖို့ဆန္ဒရှိပါတယ်။ လောလောဆယ်တော့ ခင်ဗျားတို့ပြန်နှင့်ပါဦး။ မနက်ဖြန်မှာ သခင်ကြီးနဲ့သွားတွေ့ပြီး သူ့ကိုတိုက်တွန်းပါ့မယ်"သို့နှင့် "ကျန်းကျောက်"(Zhang Zhao) တို့အဖွဲ့ပြန်သွားသည်။ထို့နောက် "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင်"(Huang Gai) ၊ "ဟန်တန်"(Han Dang) စသော စစ်ဘက်ဆိုင်ရာအမှုထမ်းတို့ရောက်လာသည်။ ထို့နောက် ခေါင်းဆောင် "ချန်ဖူ"(Cheng Pu) မှ"ကျုပ်တို့ပြည်နယ် သူများလက်အောက်ရောက်တော့မယ်ဆိုတာသိလား" ဟု ပြောသည်။"ဘာမှမကြားမိပါဘူး""ကျုပ်တို့က ဒီနယ်မြေမှာ စွန်းချွမ်(Sun Quan) ရဲ့ဩဇာမြဲအောင်စစ်တိုက်ခဲ့တယ်။ ဒီနယ်မြေကိုရဖို့ စစ်ပွဲပေါင်းများစွာကိုအရင်းပြုခဲ့ရတယ်။ အခုတော့ အရပ်သားအမှုထမ်းတွေက လက်နက်ချဖို့ကြံနေကြတယ်လေ။ ဒါက အင်မတန်ရှက်စရာကောင်းတဲ့အပြုအမူပဲ။ ဒီလိုအညံ့ခံမယ့်အစား အသက်သာအသေခံမယ်။ ဒါကြောင့် ခင်ဗျားလည်း စစ်တိုက်ဖို့အတွက်ကိုဆုံးဖြတ်စေချင်တယ်""ခင်ဗျားတို့အကုန်လုံးက စစ်တိုက်ဖို့ဆန္ဒရှိတာလား"ထိုအခါ "ဟွမ်ကိုင်"(Huang Gai) မှ"ကျုပ်ခေါင်းကိုယူသွားလို့ရမယ်။ ဘယ်တော့မှလက်နက်မချဘူး" ဟု ပြောသည်။ အခြားသောသူတို့မှလည်း"ကျွန်တော်တို့လက်နက်ချဖို့စိတ်ကူးမရှိပါဘူး" ဟု ဆိုကြသည်။"ကျုပ်လည်း ချောင်ချောင်း(Cao Cao) နဲ့တိုက်ဖို့အစီအစဉ်ရှိပါတယ်။ အခုတော့ စစ်သူကြီးတို့ပြန်နားကြပါဦး။ နက်ဖြန်မှာမှ သခင်ကြီးနည့်သွားတွေ့ပြီး စစ်တိုက်ဖို့ပြောပါ့မယ်"သို့နှင့် ထိုအဖွဲ့ပြန်သွားပြန်သည်။မကြာမီပင် "ကျူးကဲကျင့်"(Zhuge Jin) ၊ "လုဖန်"(Lu Fan) စသည့်သူတို့ပါဝင်သည့်အဖွဲ့ရောက်လာပြန်သည်။ ဧည့်ဝတ်စကားတို့ဆိုကြပြီးနောက် "ကျူးကဲကျင့်"(Zhuge Jin) မှ"ကျွန်တော့်ရဲ့ညီက ဒီကိုရောက်လာတာက ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့မဟာမိတ်ဖွဲ့ချင်လို့ပါ။ ကျွန်တော်ဘယ်ဘက်ကိုပါရမလည်းမသိဘူး။ ဒါကြောင့် ခင်ဗျားရဲ့အဆုံးအဖြတ်ကိုစောင့်နေတာ" ဟု ပြောသည်။"ခင်ဗျားက ဘယ်လိုထင်လဲ""လက်နက်ချတာက ငြိမ်းချမ်းမှုအတွက် အလွယ်လမ်းပါပဲ။ စစ်ပွဲကတော့ ရလဒ်မပြောနိုင်ဘူး""ကျိုးယွီ"(Zhou Yu) မှ ပြုံးကာ"ကျုပ်ဆုံးဖြတ်ပြီးပါပြီ။ မနက်ဖြန်မှာတော့ သခင်ကြီးရဲ့အိမ်တော်ကိုသွားပြီး အဆုံးအဖြတ်ကိုကျေညာစေပါ့မယ်" ဟုပြောသည်။ သို့နှင့် ထိုအဖွဲ့ထွက်သွားကြသည်။ထို့နောက် "လွီမန်"(Lu Meng) ၊ "ကန်းနင်"(Gan Ning) နှင့်ထိုသူတို့ကိုထောက်ခံသူတို့ရောက်လာကြသည်။ ထိုသူတို့ကလည်း ထိုစစ်တိုက်မည်၊ မတိုက်မည်ကိုလာဆွေးနွေးကြခြင်းဖြစ်သည်။ ထိုအထဲတွင် တိုက်လိုသူတို့ပါဝင်သလို၊ မတိုက်ချင်ကြသူများလည်းရှိသည်။ ထိုသူတို့ကို "ကျိုးယွီ"(Zhou Yu) မှ"အခုတော့ ဘာမှမပြောသေးပါဘူး။ မနက်ဖြန်မှာတော့ ညီလာခံမှာ ဒါကိုဆွေးနွေးကြတာပေါ့" ဟု ပြောပြီးပြန်လွှတ်လိုက်သည်။ ထိုသူတို့ထွက်သွားသော် "ကျိုးယွီ"(Zhou Yu) မှာ ပြုံးနေသည်။ပြီးနောက်တွင်မူ "လူဆု"(Lu Su) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ရောက်လာကြသည်။ "လူဆု"(Lu Su) မှစပြီး"ချောင်ချောင်း(Cao Cao) က တောင်ပိုင်းကိုအင်အားအလုံးအရင်းနဲ့ရောက်လာပြီ။ ကျုပ်တို့သခင်ကြီးက စစ်တိုက်ဖို့ကို ဝေခွဲမရဖြစ်ပြီး ခင်ဗျားကိုစောင့်နေတယ်။ ခင်ဗျားကရောဘယ်လိုမြင်လဲ" ဟု "ကျိုးယွီ"(Zhou Yu) ကိုမေးသည်။"ချောင်ချောင်း(Cao Cao) မှာ ဘုရင့်အမိန့်ရှိတယ်ဆိုတော့ သူ့ကိုခုခံဖို့မသင့်တော်ဘူး။ နောက်ပြီး သူ့တိုက်ဖို့က အန္တရာယ်များတယ်။ ဒါကြောင့် ကျုပ်က လက်နက်ချရင်ကောင်းမလားလို့တွေးမိတယ်""ဒါမှားတယ်။ ဆွေစဉ်မျိုးဆက်သုံးဆက်လုံးက ဒီနယ်မြေကိုအုပ်ချုပ်လာခဲ့ပြီးပြီ။ ရုတ်တရတ်ကြီး တခြားသူလက်ထဲမလွှဲသင့်ဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ သခင်ကြီး စွန်းချဲ့(Sun Ce) က ပြင်ပကိစ္စတွေမှာ ခင်ဗျားနဲ့တိုင်ပင်ရင် ဒီနယ်မြေက ထိုက်စန်းတောင်လိုပဲ မားမားမတ်မတ်ရပ်တည်နိုင်မယ်လို့ပြောခဲ့တယ်။ ခင်ဗျားပါးစပ်က လက်နက်ချမယ်ဆိုတဲ့စကားထွက်လာလိမ့်မယ်လို့မထင်မိဘူး""ပြည်နယ်ခြောက်ခုမှာ လူတွေအများကြီးနေထိုင်ကြတယ်။ စစ်ဖြစ်ရင် အဲ့လူတွေပဲဒုက္ခရောက်မှာဖြစ်ပြီး သူတို့လည်း စစ်ပွဲကိုလိုလားမှာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်က လက်နက်ချဖို့အကြံပေးတာပါ""ဒါပေမယ့် ခင်ဗျားက ကျုပ်တို့သခင်ကြီးရဲ့အစွမ်းအစနဲ့ ပြည်နယ်ရဲ့အင်အားကိုထည့်မတွက်ဘူးလား။ ချောင်ချောင်း(Cao Cao) ကတိုက်တယ်ဆိုဦးတော့၊ ကျုပ်တို့ကိုအောင်နိုင်ဖို့ဆိုတာ မလွယ်ဘူး"ထိုသူနှစ်ဦးတို့က အငြင်းအခုံဖြစ်နေသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) သည် မည်သို့မျှဝင်မပြောပဲ ပြုံးကာနေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) မှ"ဒီကဆရာကြီးက ဘာလို့ပြုံးရတာလဲ" ဟု မေးသည်။"ကျွန်တော်ပြုံးတာက ခေတ်အခြေအနေကိုနားမလည်တဲ့ လူဆု(Lu Su) ကြောင့်ပါ"ထိုအခါ "လူဆု"(Lu Su) မှဝင်ပြီး"ခင်ဗျားက ဘာလို့ဒီလိုပြောရတာလဲ" ဟု မေးသည်။"ကျူးကဲလျန့်"(Zhuge Liang) : "ဘာလို့လည်းဆိုတော့ လက်နက်ချတာကလည်း မကောင်းတာတော့မဟုတ်ပါဘူး။ အင်မတန်သင့်မြတ်တဲ့အကြံပါပဲ""ကျိုးယွီ"(Zhou Yu) : "တွေ့လား။ ကျူးကဲလျန့်(Zhuge Liang) က အခြေအနေနဲ့အချိန်အခါကိုနားလည်တယ်။ ကျုပ်နဲ့သဘောထားတိုက်ဆိုင်တယ်""လူဆု"(Lu Su) : "ခင်ဗျားတို့နှစ်ယောက်လုံးက ဘာလို့ဒီလိုပြောရတာလဲ""ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) က ခေါင်းဆောင်ပိုင်းမှာထူးချွန်တယ်၊ ဘယ်သူမှ သူနဲ့မယှဉ်ရဲဘူး။ သူနဲ့ပြိုင်တဲ့လူတွေကနည်းနည်းပဲရှိတယ်။ အဲ့လူတွေထဲမှာလည်း ကျုပ်သခင် လျူဘေ့(Liu Bei) ကလွဲရင် ကျန်တဲ့လူတွေက ဒီလောကကြီးထဲမှာ မရှိတော့ဘူး။ လျူဘေ့(Liu Bei) က အခြေအနေနဲ့အချိန်အခါကိုမသိပဲ ချောင်ချောင်း(Cao Cao) နဲ့တိုက်တယ်။ ရလဒ်က အခု ကျန်းရှာမှာ ခိုလှုံနေရတယ်။ လက်နက်ချတာက ဇနီးနဲ့သားသမီးတွေရဲ့လုံခြုံမှုကိုစိတ်မပူရဘူး၊ တိုင်းပြည်ကြီးရဲ့သာယာဝပြောဖို့အတွက်ကတော့ ကံကိုပဲပုံအပ်လိုက်ပေါ့။ ဒါပေမယ့်လည်း ဒါကိုထည့်စဉ်းစားဖို့မလိုပါဘူး""လူဆု"(Lu Su) က ဒေါသထွက်ကာ စကားဖြတ်ပြီး"ခင်ဗျားက ကျုပ်တို့သခင်ကြီးကို ချောင်ချောင်း(Cao Cao) ရှေ့မှာဒူးထောက်စေမလို့လား" ဟု ပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ"ဒါဆိုရင်တော့ နောက်တစ်နည်းရှိပါတယ်။ အဲ့နည်းသာသုံးရင် 'သိုးကိုဦးဆောင်ပြီးတော့ အရက်အိုးကိုသယ်ခိုင်း' ဖို့မလိုသလို ပြည်နယ်တွေကို သူများလက်အပ်ဖို့လည်းမလိုပါဘူး။ ခင်ဗျားတို့ကိုယ်တိုင်တောင် မြစ်ကိုဖြတ်ကူးဖို့မလိုဘူး။ ခင်ဗျားလိုတာက သံတမန်တစ်ယောက်ရယ်၊ လှေတစ်စီးရယ်နဲ့ လူနှစ်ယောက်ပဲလိုတယ်။ အဲ့လူနှစ်ယောက်ကိုသာ ချောင်ချောင်း(Cao Cao) ဆီပို့လိုက်ရင် သူတို့ချက်ချင်းတပ်ခေါက်သွားလိမ့်မယ်" ဟု ပြောသည်။ "ကျိုးယွီ"(Zhou Yu) မှ"ချောင်ချောင်း(Cao Cao) တပ်ခေါက်ပြီး ပြန်သွားစေမယ့် လူနှစ်ဦးက ဘယ်သူပါလိမ့်" ဟုမေးသည်။"ဒီပြည်နယ်က လူနှစ်ဦးလောက်ကိုစွန့်လွှတ်ရတာကဘာမှမပြောပလောက်ပါဘူး၊ သစ်ပင်တစ်ပင်က သစ်ရွက်တစ်ရွက်စွန့်သလို၊ သိုလှောင်ရုံထဲက ဆန်တစ်စေ့ထွက်သွားသလောက်ပဲရှိမှာပါ။ ချောင်ချောင်း(Cao Cao) သာ အဲ့လူနှစ်ယောက်ကိုရရင် ပျော်ပြီးတပ်ခေါက်ပြန်သွားမှာသေချာတယ်""ဒါပေမယ့် အဲ့လူနှစ်ယောက်က ဘယ်သူလဲ""ကျွန်တော် ကျေးရွာလေးမှာနေခဲ့တုန်းက ချောင်ချောင်း(Cao Cao) က ကျန်းမြစ်မှာ မျှော်စင်တစ်ခုဆောက်ခဲ့တယ်၊ အဲ့မျှော်စင်နာမည်က ကြေးနီငှက်မျှော်စင်လို့ခေါ်တယ်၊ အဲ့မျှော်စင်က အင်မတန်လှပြီးတော့ အဲ့ထဲမှာ တစ်လောကလုံးက မိန်းမချောမိန်းမလှတွေကို စုထားစေတယ်တဲ့၊ ချောင်ချောင်း(Cao Cao) က တကယ်အလှအပကိုခံစားတတ်တဲ့လူပါပဲ။ အခု ဝူပြည်နယ်မှာ ချောင်(Qiao) မျိုးရိုးကဆင်းသက်လာတဲ့ အင်မတန်ချောမောလှပတဲ့မိန်းကလေးနှစ်ဦးရှိတယ်ကြားတယ်။ ချောင်ချောင်း(Cao Cao) က လောကကြီးမှာ သူအလိုချင်ဆုံးအရာနှစ်ခုရှိတယ်လို့ ပြောခဲ့ဖူးတယ်၊ တစ်ခုက အေးချမ်းနေတဲ့ဘုရင့်အာဏာဖြစ်ပြီးတော့ နောက်တစ်ခုက ကြေးနီငှက်မျှော်စင်မှာ အဲ့မိန်းကလေးနှစ်ဦးရှိနေဖို့ပဲတဲ့။ သူအခုစစ်ချီလာတာရဲ့ရည်ရွယ်ချက်က တောင်ပိုင်းပြည်နယ်ကိုသိမ်းဖို့ထက် အဲ့မိန်းကလေးနှစ်ဦးကိုသိမ်းဖို့ပဲ။ ဒါကြောင့် သူ့အဖေကနေပြီး အဲ့မိန်းကလေးနှစ်ဦးကိုတောင်းလိုက်ပြီး ချောင်ချောင်း(Cao Cao) ဆီကိုပို့လိုက်ပါလား? သူတို့ရည်ရွယ်ချက်အထမြောက်သွားရင် သူတို့လည်း ပြန်လှည့်သွားလိမ့်မယ်။ ဒီလိုသာဆို ဖန်လီ(Fan Li) က အလှပဂေး ရှီးစီး(Xi Shi) ကိုအသုံးချပြီး ဝူဘုရင်ကိုချေမှုန်းသလိုပဲပေါ့"["ဖန်လီ"(Fan Li) - ယွဲ့ဘုရင် ကောကျန့်(Guo Jian) ၏အကြံပေးဖြစ်ပြီး ဝူဘုရင် "ဖူကျား"(Fu Zha) ကိုချေမှုန်းရန် အလှမယ် "ရှီးစီး"(Xi Shi) ကို အသုံးချခဲ့သည်။ ဝူကိုအောင်နိုင်ပြီးနောက်တွင်မူ တိုင်းရေးပြည်ရာမှ အနားယူသွားခဲ့သည်။"ရှီးစီး"(Xi Shi) - ရှေးခေတ်တရုတ်ပြည် အလှဆုံးမိန်းမပျို လေးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ "ဖန်လီ"(Fan Li) ၏အစီအစဉ်ဖြင့် "ရှီးစီး"(Xi Shi) သည် ဝူဘုရင်၏အနှစ်သက်ဆုံးသူဖြစ်လာခဲ့ပြီး ဝူဘုရင်၏သစ္စာရှိအမှုထမ်းများကိုဖယ်ရှားခဲ့သည်။ ဝူတိုင်းပြည်အင်အားနည်းလာသောအခါ ယွဲ့ဘုရင်က ဝူကိုဝင်တိုက်ပြီးအောင်ပွဲခံခဲ့သည်။ ဝူဘုရင်လည်း တိုက်ပွဲတွင် သေဆုံးသွားသည်၊ ဒဏ္ဍာရီအရ နောက်ဆုံးတွင် "ရှီးစီး"(Xi Shi) သည် "ဖန်လီ"(Fan Li) နှင့်အတူပျော်ရွှင်စွာ နေသွားခဲ့သည်ဆို၏။ အချို့မှတ်တမ်းတို့တွင်မူ ဝူဘုရင်သေဆုံးပြီးနောက် "ရှီးစီး"(Xi Shi) သည်လည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်ဟုဆိုသည်။]"ကျိုးယွီ"(Zhou Yu) မှ"ချောင်ချောင်း(Cao Cao) က အဲ့မိန်းကလေးနှစ်ဦးကိုလိုချင်တယ်ဆိုတာ ဘယ်လိုသိလဲ" ဟု မေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ"ချောင်ချောင်း(Cao Cao) ရဲ့သား ချောင်ကျီ(Cao Zhi) က ကဗျာစာပေ ကျွမ်းကျင်တယ်လေ။ သူ့အဖေရဲ့အမိန့်အရ 'ကြေးနီငှက်မျှော်စင်သို့ဖွဲ့နွဲ့သောကဗျာ' ဆိုပြီးဖွဲ့ခိုင်းတော့ အဲ့ထဲမှာ အဲ့မိန်းကလေးနှစ်ယောက်အကြောင်းကိုပါအောင် ဖွဲ့ခိုင်းခဲ့တယ်လေ။ ကျွန်တော် အဲ့ကဗျာကို အလွတ်မှတ်မိတယ်။ ခင်ဗျားနားထောင်ချင်ရင်တော့ ရွတ်ပြပါ့မယ်" ဟု ပြောသည်။"ရွတ်ကြည့်ကြည့်ပါ"သို့နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ကဗျာကိုစရွတ်လေသည်။'ရှေးကမင်းကောင်းမင်းမြတ်တွေရဲ့ခြေလှမ်းအတိုင်း လှမ်းပါရစေမျှော်စင်အပေါ်တက်လိုက်ရင် ရင်ထဲမှာကြည်နူးသွားစေတယ်နန်းတော်ကြီးကို လှမ်းမြင်ရတယ်အင်မတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးရဲ့အစီအစဉ်တွေကိုကြည့်နိုင်တယ်သူက မိုးပေါ်အထိထောင်တက်နေတဲ့ အဆောက်အဦးတွေ ဆောက်ခဲ့တယ်ကောင်းကင်ဘုံကြားမှာ လှပတဲ့အဆောက်အဦးတွေ ဆောက်စေခဲ့တယ်အနောက်ဘက်က မြို့ပြတွေကို မျက်စိတဆုံးမြင်နိုင်တယ်ကျန်းမြစ်ကမ်းနံဘေးမှာ အဆောက်အဦးကိုဆောက်ခဲ့တယ်ဥယာဉ်ထဲမှာလည်း ပေါများတဲ့အသီးအနှံတွေရှိတယ်ဘေးတစ်ဖက်စီမှာ မျှော်စင်နှစ်ခုရှိတယ်တစ်ခုက ရွှေဇာမဏီဖြစ်ပြီး ကျန်တစ်ခုက ကျောက်စိမ်းနဂါးဖြစ်တယ်သူ့မှာ ဝူပြည်နယ်က လှပတဲ့ချောင်အမျိုးသမီးနှစ်ဦးရှိတယ်သူတို့နဲ့အတူ နံနက်ခင်းနဲ့ညနေခင်းရဲ့အလှကိုကြည်နူးတယ်အောက်ကိုကြည့်လိုက်ရင် နန်းတော်မြို့ကိုမြင်ရပြီးမြူတွေအုံ့ဆိုင်းနေတယ်သူက ပညာရှိတွေစုဝေးတာတာကိုမြင်ရတယ်ဝင်ဘုရင်ရဲ့အိပ်မက်လိုမျိုးပေါ့အထက်ကိုကြည့်လိုက်ရင်တော့ နွေဦးရာသီရဲ့အလှကိုတွေ့မယ်မြောက်များစွာသောငှက်တွေဟာ တေးသံသီကြူးနေကြတယ်အရာရာတိုင်းရဲ့အထက်မှာ ကောင်းကင်ကြီးရှိနေတယ်လုပ်ဆောင်ရာမှာ အောင်မြင်မှုကိုလိုလားတယ်လူသားတွေရဲ့ဩဇာက လောကအနှံ့ကိုဖုံးလွှမ်းစေမယ်အုပ်ချုပ်သူအပေါ်ကို လေးစားသမှုကိုပေးရမယ်ဝူဘုရင်နဲ့ဟွမ်ဘုရင်တို့သာလျှင်သူ့နားလည်မှုနဲ့ယှဉ်နိုင်မယ်ဒီလိုကံကောင်းမှု၊ ဒီလိုအလှတွေ!သနားကြင်နာမှုက အရပ်ရပ်ကိုပြန့်စေတယ်ဘုရင့်မိသားစုကိုထောက်ခံပြီးနေရာအနှံ့မှာ ငြိမ်းချမ်းစေတယ်ဟိုးစကြာဝဠာထဲကနေနဲ့လလို ထွန်းလင်းတောက်ပတယ်အများရဲ့လေးစားသမှုကိုခံယူပြီးအရှေ့ဘက်ဧကရာဇ်ဆိုတဲ့ဂုဏ်နဲ့နေထိုင်မယ်နဂါးအလံက အဆုံးစွန်ထိပျံ့စေပြီးတော့သူ့ရဲ့လှည်းတော်ယာဉ်ကို ဉာဏ်နဲ့ယှဉ်ပြီးသွားစေတယ်သူ့အတွေးတွေနဲ့လောကကြီးကိုပြောင်းလဲစေမယ်ကောင်းမွန်တဲ့ထွက်ကုန်တွေ ထွက်တယ်လူတွေလည်းကောင်းကောင်းအနားယူနိုင်တယ်ကျွန်တော့်ဆန္ဒကတော့ ဒီမျှော်စင်ကြီးထာဝရတည်တံ့ဖို့ပါပဲခေတ်တိုင်းခေတ်တိုင်းမှာ ပျော်ရွှင်မှုတွေမစဲပဲနေမယ်'

သုံးနိုင်ငံခေတ်Where stories live. Discover now