အခန်း(၂၄)

86 7 0
                                    

 "ချောင်ချောင်း"(Cao Cao) မှ တုန်းမိဖုရားကိုသတ်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်"(Yuan Shao) ထံ ပြေးရခြင်း။

ရှေ့တစ်ခန်းတွင် "ချောင်ချောင်း"(Cao Cao) မှ ဘုရင်ကို နန်းချရန် ကြံစည်ကြောင်းဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် "ချန်ယွီ"(Cheng Yu) မှ အောက်ပါအတိုင်းပြောပြီး ဝင်ကာကန့်ကွက်သည်။

"သခင်ကြီး၊ အခုလက်ရှိမှာ သခင်ကြီးကို ပြည်သူလူထုတွေ ထောက်ခံမှုရအောင် လုပ်ရမှာဖြစ်တယ်၊ အခုအချိန်မှာ တိုင်းပြည်က ဟန်ဘုရင်တွေရဲ့ အုပ်စိုးမှုအောက်မှာရှိတဲ့အတွက် ဘုရင်ကိုသာ နန်းချလိုက်ရင် ပြည်တွင်းစစ်တွေဖြစ်လာနိုင်တဲ့အတွက် ဒါကို ကန့်ကွက်ရတာပါ"

"ချောင်ချောင်း"(Cao Cao) ကလည်း ၎င်းကိုပြန်ဆင်ခြင်ပြီးနောက် သူ့အကြံကိုပြန်ရုတ်သိမ်းလိုက်သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) အားလုပ်ကြံရန် ကြံစည်သူငါးဦးနှင့်တကွ ထိုသူတို့၏အိမ်သူအိမ်သားများ၊ အိမ်စေများပါမကျန် သေဒဏ်ပေးစေလေသည်။ မြို့ပြင်တံခါးပေါက်အသီးသီးသို့ဖမ်းခေါ်ခံရပြီး သေဒဏ်ပေးခံရသည့်သူဦးရေမှာ အနည်းဆုံး ခုနှစ်ရာခန့်ရှိသည်ဟူ၏။ ထိုရက်စက်မှုကိုမြင်ကြသောလူအပေါင်းတို့ ငိုကြွေးကြကုန်သည်။

ထိုသို့ သတ်ခဲ့သော်ငြားလည်း ဝန်ကြီးချုပ်၏စိတ်ကား မပြေသေးပေ။ ဘုရင်၏မိဖုရားမှာ "တုန်းချန်"(Dong Cheng) ၏ ညီမဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် လက်တွင်ဓားကိုကိုင်ကာ ထိုမိဖုရားကိုပါသတ်ရန် နန်းတော်အတွင်းဝင်သွားသည်။ ထိုအချိန်တွင် ၎င်းမိဖုရား၌ကိုယ်ဝန်ငါးလရှိနေပြီဖြစ်၍ ဘုရင်မှ မိဖုရားကို အင်မတန်ဂရုစိုက်လေသည်။

ထိုအချိန်ဝယ် ဘုရင်မင်းမြတ်၊ တုန်းမိဖုရားနှင့် ဖူမိဖုရားခေါင်ကြီးတို့သည် အဆောင်တစ်ခုအတွင်းဝယ် ရှိနေခဲ့ပြီး ဦးရီးတော်"တုန်းချန်"(Dong Cheng) ကို အမိန့်ပေးလိုက်သော်ငြားလည်း အကြောင်းမထူးသေးသည့်အကြောင်းကိုပြောကာ တိုင်ပင်နေကြသည်။ ထိုအခိုက်မှာပင်"ချောင်ချောင်း"(Cao Cao) က ရုတ်တရတ်ရောက်လာလေရာ ထိုသူသုံးဦးတို့လန့်သွားသည်။

သုံးနိုင်ငံခေတ်Donde viven las historias. Descúbrelo ahora