အခန်း(၉၅)

29 1 0
                                    

 "မာဆု"(Ma Su) ၏အမိန့်မနာခံမှုကြောင့် ကျဲ့ထင်ကိုဆုံးရှုံးရခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) ၏ပုလွေကြောင့် "စီးမာယီ"(Sima Yi) တပ်ဆုတ်ရခြင်း။

"ကျန်းဟဲ"(Zhang He) အား ရှေ့ပြေးတပ်ကိုဦးဆောင်စေပြီးနောက် "ချောင်ရေ့"(Cao Rui) သည် အခြားစစ်သူကြီးနှစ်ဦးဖြစ်သည့် "ရှင်းဖီ"(Xin Pi) နှင့် "စွန်းလီ"(Sun Li) တို့ကိုပါလွှတ်ကာ "ချောင်ကျန်း"(Cao Zhen) ကိုကူညီစေသည်။ "ရှင်းဖီ"(Xin Pi) နှင့် "စွန်းလီ"(Sun Li) တို့သည် တစ်ယောက်ကိုတပ်သားငါးသောင်းစီဦးဆောင်ကြသည်။

"စီးမာယီ"(Sima Yi) ၏တပ်တွင် တပ်သားနှစ်သိန်းရှိပြီး သူတို့သည် ခံတပ်မှတဆင့်ချီတက်ကာ စခန်းချခဲ့သည်။ ထို့နောက် "စီးမာယီ"(Sima Yi) သည် "ကျန်းဟဲ"(Zhang He) ကိုခေါ်ပြီး

"ကျူးကဲလျန့်(Zhuge Liang) က အမြဲသတိကြီးတဲ့လူဖြစ်ပြီး ဘယ်တော့မှ အလျင်စလိုမလုပ်တတ်ဘူး။ ကျုပ်သာသူ့နေရာမှာဆိုရင် ကျီဝူတောင်ကြားကတဆင့်ချီတက်ပြီး ချန်အန်းကိုသိမ်းပြီးလိုက်မှာပဲ၊ အဲ့နည်းက အချိန်ကုန်သက်သာတယ်။ သူက အရည်အချင်းမရှိလို့မဟုတ်ပဲ အဲ့အစီအစဉ်က လွဲချော်မှုဖြစ်သွားမှာစိုးရိမ်လို့ အရဲမစွန့်တာဖြစ်တယ်။ ဒါကြောင့် သူက မေချန်ကိုသိမ်းပြီးတော့ ရှဲ့တောင်ကြားကနေတဆင့်လာလိမ့်မယ်။ အဲ့နေရာကိုသိမ်းပြီးရင်တော့ သူကတပ်ကိုနှစ်ခုခွဲပြီး တစ်ဖွဲ့ကို ချီတောင်ကြားကိုသိမ်းစေလိမ့်မယ်။ ကျုပ်က ချောင်ကျန်း(Cao Zhen) ကို မေချန်ကိုလွှတ်ပြီး သေချာစောင့်ကြပ်ခိုင်းထားပြီး ရန်သူနဲ့ထိပ်တိုက်မရင်ဆိုင်ဖို့မှာထားတယ်။ စစ်သူကြီး စွန်းလီ(Sun Li) နဲ့ ရှင်းဖီ(Xin Pi) တို့က ချီတောင်ကြားအဝမှာစောင့်နေပြီး ရန်သူတွေလာရင် လျက်တပြတ်တိုက်ရမယ်"

"ဒါဆို သေနာပတိက ဘယ်ကိုချီတက်မှာလဲ"

"ချင်လင်တောင်တွေရဲ့အနောက်မှာ ကျဲ့ထင်လို့ခေါ်တဲ့လမ်းရှိပြီး အဲ့ကနေသွားရင် လီလျူမြို့ကိုရောက်တယ်။ အဲ့နေရာနှစ်ခုက ဟန်ကျုံးရဲ့လည်မြိုဖြစ်ပြီး ကျူးကဲလျန့်(Zhuge Liang) က ချောင်ကျန်း(Cao Zhen) မပြင်ဆင်နိုင်သေးတာကိုအခွင့်ကောင်းယူပြီး အဲ့ကိုချီတက်မှာပဲ။ ခင်ဗျားနဲ့ကျုပ်က ကျဲ့ထင်ကိုသွားပြီး အဲ့ကနေဆို ရန်ဖင်ခံတပ်ကိုလည်း သွားရင်ပိုနီးတယ်။ ကျဲ့ထင်လမ်းပိတ်သွားပြီး သူ့ထောက်ပို့တွေပြတ်သွားပြီဆိုတဲ့သတင်းကို ကျူးကဲလျန့်(Zhuge Liang) ကြားတာနဲ့ ရှီးကျိုးကိုအောင်နိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာသိပြီး ဟန်ကျုံးကိုပြန်ချီတက်လာမှာပဲ။ သူချီတက်လာရင် ကျုပ်ကသူနဲ့ရင်ဆိုင်ပြီး အနိုင်ယူလိုက်မယ်။ သူပြန်မချီတက်လာရင် လမ်းသွယ်လေးတွေကိုပါပိတ်လိုက်ပြီးတော့ သူ့ရိက္ခာလမ်းကြောင်းကိုလုံးဝဖြတ်တောက်လိုက်မယ်။ တစ်လလောက်ကြာရင် ရှူတပ်တွေငတ်ပြတ်ပြီး သေဆုံးရလိမ့်မယ်၊ ကျူးကဲလျန့်(Zhuge Liang) လည်း ကျုပ်ရဲ့သုံ့ပန်းဖြစ်သွားမယ်"

သုံးနိုင်ငံခေတ်Tempat cerita menjadi hidup. Temukan sekarang