အခန်း(၃၂)

72 4 0
                                    

 ကျိကျိုးမြို့ အသိမ်းခံရခြင်း။ "ယွမ်ရှန်"(Yuan Shang) ဒုက္ခရောက်ခြင်း။ ကျန်းမြစ်ကိုဖြတ်တောက်မှု၊ "ရွှင်ယို"(Xun You) ၏အကြံ။

"ယွမ်ရှန်"(Yuan Shang) သည် "ရှီဟွမ်"(Shi Huan) အပေါ်အောင်နိုင်ပြီးနောက် မာနတက်သွားကာ သူ့အစ်ကိုတို့၏စစ်ကူကိုမစောင့်တော့ပဲ လီရန်သို့စစ်သားသုံးသောင်းဖြင့်ချီတက်ကာ "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်နှင့်တိုက်လေသည်။ "ကျန်းလျောင်"(Zhang Liao) သည် ထွက်လာပြီး စိန်ခေါ်လေရာ "ယွမ်ရှန်"(Yuan Shang) သည် လှံကိုင်ကာတိုက်သည်။ သို့သော်လည်း အကွက်သုံးကွက်ခန့်သာခံပြီး "ယွမ်ရှန်"(Yuan Shang) ထွက်ပြေးရလေသည်။ "ကျန်းလျောင်"(Zhang Liao) သည် အင်အားအလုံးအရင်းနှင့်တိုက်ရာ "ယွမ်ရှန်"(Yuan Shang) သည် ကျိကျိုးသို့ထွက်ပြေးရလေသည်။ သားဖြစ်သူ၏စစ်ရှုံးမှုကြောင့် "ယွမ်ရှောက်"(Yuan Shao) မှာ စိတ်ဓာတ်ကျကာ သွေးအန်ပြီးမေ့လဲသွားသည်။ လျူအမျိုးသမီးသည်ထိုသတင်းကိုကြားသော် "ရှန်ဖေ"(Shen Pei) နှင့် "ဖုန်းကျီ"(Peng Ji) ကိုလွှတ်ပြီး အရိုက်အရာဆက်ခံမည့်ကိစ္စကို လုပ်ဆောင်စေသည်။ ထိုအချိန်တွင် "ယွမ်ရှောက်"(Yuan Shao) မှာ စကားပင်မပြောနိုင်တော့ပေ၊ လက်သာလှုပ်နိုင်တော့သည်။

ထိုအချိန်တွင် သူ၏ဇနီးမှ

"ယွမ်ရှန်"(Yuan Shang) က ဆက်ခံရမှာလား" ဟု မေးလေရာ "ယွမ်ရှောက်"(Yuan Shao) က ခေါင်းညိတ်လေသည်။ ဘေးနားမှ "ရှန်ဖေ"(Shen Pei) ကလည်း သေတမ်းစာကိုရေးသည်။ မကြာမီပင် "ယွမ်ရှောက်"(Yuan Shao) သည် အသံတစ်ချက်ထွက်ကာ သွေးအန်ပြီး သေဆုံးသွားလေသည်။

မနက်ဘက်တွင် "ရှန်ဖေ"(Shen Pei) နှင့်အခြားသောသူတို့သည် ဈာပနအတွက် ပြင်ဆင်ကြသည်။ လျူအမျိုးသမီးသည် မနာလိုဝန်တိုသဖြင့် "ယွမ်ရှောက်"(Yuan Shao) ၏မယားငယ်ငါးဦးကို သေဒဏ်ပေးစေလိုက်ပြီး သူ၏ဆံပင်ကိုဖြတ်ကာ ထိုဆံပင်ဖြင့် သေဆုံးသူတို့၏မျက်နှာကိုရိုက်စေသည်။ အကြောင်းမှာ ထိုသူငါးဦးတို့သည် တမလွန်ဘဝတွင် သူ၏ယောက်ျားနှင့်အတူတူနေနိုင်ရန်ဟူ၏။ သူ၏သားဖြစ်သူကလည်း "ကြံပင်ခုတ်၊ အမြစ်ပါမကျန်ရှင်း" ဆိုသလိုပင် ထိုဇနီးငါးဦး၏ အဆွေအမျိုးတို့ကိုပါ သေဒဏ်ပေးစေသည်။

သုံးနိုင်ငံခေတ်Donde viven las historias. Descúbrelo ahora