အခန်း(၁၁၇)

15 0 0
                                    

"တန့်အိုက်"(Deng Ai) သည် ယင်းဖင် တောင်ကိုဖြတ်ကျော်ခြင်း။

"ကျူးကဲကျန်း"(Zhuge Zhan) သည် မြန်ကျူတိုက်ပွဲတွင် ကျဆုံးခြင်း။

ဝေတပ်ကြီးသည် တပ်ခွဲဆယ်ခုနှင့်ကျူးကျော်လာကြောင်းကို တိုင်းပြည်ကာကွယ်သောစစ်သူကြီး "တုန်းကျွယ်"(Dong Jue) ကြားသိသောအခါ တပ်သားနှစ်သောင်းနှင့်အတူ စစ်မြေပြင်သို့ရောက်လာပြီး ကျန့်မန်ခံတပ်တွင် စခန်းချထားသည်။ ဖုန်မှုန့်များကိုလှမ်းမြင်လိုက်ပြီး တပ်တစ်တပ်ချဉ်းကပ်လာသည်ကိုမြင်သောအခါ ထိုတပ်သည် ရန်သူ့တပ်ဖြစ်နိုင်သောကြောင့် "တုန်းကျွယ်"(Dong Jue) မှ ခံတပ်ထဲသို့ဝင်လိုခဲ့သည်။

သို့သော်လည်း ထိုရောက်လာသူတို့မှာ "ကျန်းဝေ"(Jiang Wei) ၊ "လျောင်ဟွာ"(Liao Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့ဖြစ်မှန်းသိသောကြောင့် သူတို့ကို ဝင်လာစေပြီး မြို့တော်မှသတင်းကိုပြောခဲ့သည်။ ထိုသတင်းတို့မှာ ဧကရာဇ်နှင့် "ဟွမ်ဟောက်"(Huang Hao) တို့၏သတင်းဆိုးပင်ဖြစ်သည်။

"ကျန်းဝေ"(Jiang Wei) : "ဝမ်းမနည်းပါနဲ့။ ကျုပ်အသက်ရှင်နေသရွေ့ ဝေပြည်က ရှူကိုမအောင်နိုင်စေရဘူး"

သူတို့သည် ကျန့်မန်ခံတပ်ကိုစောင့်ကြပ်ကာ ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်တို့ကို တိုင်ပင်ခဲ့သည်။

"တုန်းကျွယ်"(Dong Jue) : "ကျုပ်တို့က ဒီခံတပ်မှာခုခံနေပေမယ့် ချန်တူးမှာ တပ်တွေသိပ်မရှိဘူး။ ချန်တူးအတိုက်ခံရရင် ကျရှုံးသွားနိုင်တယ်"

"ကျန်းဝေ"(Jiang Wei) : "ချန်တူးမှာ သဘာဝရဲ့အကာအကွယ်တွေရှိပြီး တောင်တွေကိုကျော်ပြီး မတ်စောက်တဲ့လမ်းတွေကို တက်လာဖို့ခက်ခဲတယ်။ ဒီတော့ စိုးရိမ်စရာမလိုပါဘူး"

မကြာမီဝယ် "ကျူးကဲရွှီ"(Zhuge Xu) သည် ခံတပ်သို့ရောက်လာပြီး ခုခံသူတို့ကိုစိန်ခေါ်ခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် တပ်သားငါးထောင်ကိုဦးဆောင်ပြီး ဝေစစ်တပ်နှင့် ရင်ဆိုင်ခဲ့သည်။ သူသည် အလွယ်တကူအနိုင်ရကာ ရန်သူပေါင်းများစွာကိုသုတ်သင်နိုင်ခဲ့ပြီး မြင်းများ၊ လက်နက်များကိုသိမ်းယူနိုင်ခဲ့သည်။

"ကျန်းဝေ"(Jiang Wei) သည် ခံတပ်တွင်းသို့ပြန်ဝင်သွားခဲ့သလို စစ်ရှုံးသူ "ကျူးကဲရွှီ"(Zhuge Xu) သည်လည်း "ကျုံးဟွေ့"(Zhong Hui) ၏စခန်းသို့ပြန်သွားခဲ့သည်။

သုံးနိုင်ငံခေတ်Onde histórias criam vida. Descubra agora