အခန်း (၃၀)

94 4 0
                                    

"ယွမ်ရှောက်"(Yuan Shao) သည် အကြံဉာဏ်များကို လျစ်လျူရှုသဖြင့် ခေါင်းဆောင်များနှင့် ရိက္ခာများကို ဆုံးရှုံးရခြင်း ၊

"ချောင်ချောင်း"(Cao Cao) သည် ဗျူဟာသုံး၍ ကျိကျိုး တွင် အောင်မြင်ခြင်း။

"ယွမ်ရှောက်"(Yuan Shao) က ကျိကျိုး ကိုတိုက်ရန် အဆောတလျင်ပြင်ဆင်နေသည်ကို ကြားသော် "ရှဟိုတွန်း"(Xiahou Dun) သည် မြို့တော်သို့ စာရေးပြီး စစ်ကူတောင်းသည်။ "ချောင်ချောင်း"(Cao Cao) က စစ်သည် ၇ သောင်းကို ဦးဆောင်ကာ ချီတက်သည်။ မြို့တော်ကို ကာကွယ်ရန် "ရွှင်ယွီ"(Xun Yu) ကို ထားခဲ့သည်။

"ယွမ်ရှောက်"(Yuan Shao) စစ်တပ်စတင်ချီတက်စဉ်မှာပင် "တျန်းဖုန်း"(Tian Feng) သည် အကျဉ်းကျနေရာမှ "အရှင် ၊ တပ်လုံးကျွတ် လျင်လျင်မြန်မြန်တိုက်တာက ငါတို့တပ်တွေကို ကပ်ဆိုက်စေလိမ့်မယ်။ အခုချိန်က ကောင်းကင်က သတ်မှတ်ပေးတာကို စောင့်ဆိုင်းဖို့ အသင့်ဆုံးပါပဲ။" ဟုဆိုကာ စစ်ချီခြင်းကို ပြင်းထန်စွာ ကန့်ကွက်လေသည်။

"ဖုန်းကျီ"(Peng Ji)က "ဘာလို့ ဒီ "တျန်းဖုန်း"(Tian Feng) က နိမိတ်မကောင်းတဲ့စကားတွေပြောနေရတာလဲ။ အရှင်က လူသားဆန်မှုနဲ့ တရားမျှတမှုအတွက် စစ်တိုက်နေတာ။" ဟု ဆိုလေသည်။

"ယွမ်ရှောက်"(Yuan Shao) သည် ဒေါသထွက်ကာ "တျန်းဖုန်း"(Tian Feng) ကို သတ်ရန်ပြင်သည်။ မှူးမတ်များစွာ၏ တောင်းပန်မှုကြောင့် တုံ့ဆိုင်းသွားသည်။ သို့သော် မကျေနပ်နိုင်ဘဲ "ငါ "ချောင်ချောင်း"(Cao Cao) ကိုနိုင်ပြီး ပြန်လာမှ "တျန်းဖုန်း"(Tian Feng) ကို အပြစ်ပေးမယ်။" ဟုကြုံးဝါးလေသည်။

"ယွမ်ရှောက်"(Yuan Shao) သည် စစ်ကို လျင်မြန်စွာစတင်သည်။ "ယွမ်ရှောက်"(Yuan Shao) တပ်၏နဖူးစည်းများက မိုးကုတ်စက်ဝိုင်းအပြည့် တလူလူလွင့်နေပြီး ဓားများမှာမူ သစ်တောအုပ်ရှိ သစ်ပင်များသဖွယ်ဖြစ်နေသည်။ Yangwu သို့ချီတက်ပြီး စခန်းချလေသည်။

"ကျွီရှို့"(Ju Shou) ကတဖန် ဆန့်ကျင်ပြန်သည်။ "ငါတို့စစ်သားတွေက များပေမဲ့ ရန်သူတွေလို တိုက်ရည်ခိုက်ရည်မကောင်းဘူး။ ရန်သူတွေမှာ ဝါရင့်စစ်သားတွေရှိပေမဲ့ ရိက္ခာလုံလုံလောက်လောက်တော့ မရှိဘူး။ ဒီတော့ သူတို့က မြန်မြန်တိုက်ဖို့ ကြိုးစားမှာပဲ။ ငါတို့က အချိန်ဆွဲရမယ်။ အဆုံးအဖြတ်တိုက်ပွဲမတိုက်ဘဲ အချိန်ကြာကြာဆွဲနိုင်ရင် ငါတို့မတိုက်ဘဲ နိုင်လိမ့်မယ်။"

သုံးနိုင်ငံခေတ်Where stories live. Discover now