Chapter 3

34.3K 3.2K 29
                                    

Unicode

ဘေးနားက ဆူညံသံတွေကြောင့် ပြည့်သူ တစ်ယောက်နိုးလာသည်။ ဘာသံတွေဟုတ်လိမ့်မတုန်း၊ နေသော်ပေါ့ PUBG ပစ်ရင်း အော်ဟစ်ဆဲဆ်ိုနေတာ။ ဒင်းက နေ့နဲ့ည မှားနေတာ။ တစ်ညလုံးဂိမ်းဆော့မယ်။ သူများတွေထပီဆိုမှ မနက်စာတူတူစားပီး တစ်နေ့လုံးသေမှာ။  သူလည်း အရင်က MLလောက်တော့ဆော့ပါသေးသည်။ ဒါပေမယ့် အရမ်းကို ဆဲဆိုနေတဲ့အသံတွေနဲ့ ကြာတော့ စိတ်ရှုပ်ပြီး မဆော့ဖြစ်။ သူ့ဖုန်းအဟောင်းလေးကလည်း ဂိမ်းအကြာကြီးဆော့လို့ အဆင်မပြေတာလည်း တစ်ပိုင်းပေါ့။

ဘယ်နှစ်နာရီထိုးပြီလဲ ဖုန်းဖွင့်ပြီး နာရီကြည့်လိုက်သည်။

IG မှာ ဝင်ထားတဲ့ Good Morning ဆိုတဲ့ စာလေးကြောင့် ပြုံးမိသွားသည်။
"Good Morning" ဆိုပြီး ပြန်ပို့လိုက်သည်။
ခဏနေတော့ အိပ်င်ိုက်နေတဲ့ပုံ GIF လေးတစ်ခုရောက်လာသည်။ သူပြုံးလိုက်မိသည်။ ဒီအကို ကြည့်ရတာ ခင်ချင်စရာကောင်းမည့်ပုံပေါ်သည်။ ညကလည်း ပေါက်ကရ ဘာတွေမေးမှန်းမသိ။ ဂေါက်တောက်တောက်လို့တော့ မမြင်ပါ။ စကားပြောစရာ အဖော်ရတာကိုပဲ သူ့မှာဝမ်းသာလို့။ တစ်နေ့တစ်နေ့ဘာအလုပ်အကိုင်မှမရှိ သောက်ရမ်းတွေပျင်းနေတာလေ။
သူခွေးလေးကနေတဲ့ GIF တစ်ခု ပြန်ပို့လိုက်သည်။
"😂" emojiလေး ပြန်လာသည်။
ဆက်တိုက်ပဲ စာလေး တက်လာသည်။ ဘာတဲ့
"ခေါက်ဆွဲနဲ့ ထမင်း" ဆိုပီး မနေ့ညကအတိုင်းပို့လာသည်။
သူ
"ခေါက်ဆွဲ" လို့ ပြန်ပို့လိုက်သည်။
"နေ့ခင်းစာစားမလို့လေ
ဘာစားရမှန်းမသိဖြစ်နေလို့
ခေါက်ဆွဲပဲစားလိုက်တော့မယ်"
"ဟမ် နေ့လည်စာ?"
သူနည်းနည်း အံ့ဩသွားသည်။ အစောကြီးရှိသေးတာကို။
"ကိုယ့်ဆီမှာ ၁၂ထိုးပီးပီကွ
အဲ့ဒီနဲ့ အချိန် ၂နာရီခွဲကွာတယ်"
"ဪ ဒီမှာ ၉ခွဲရှိသေးတာ
ကျွန်တော်က အခုဏကမှ နိူးတာလေ
မနက်စာတောင်မစားရသေးဘူး"
"အိတ်ပုတ်"
"😁"
"ကိုယ် နေ့ခင်းစာစားလိုက်ဦးမယ်"
"Omm"
သူလည်း မျက်နှာထသစ်လိုက်သည်။ ပီးဘာစားရမလဲတွေးရင်း မထူးပါဘူးဆိုပြီး ယံယံခေါက်ဆွဲတစ်ထုတ် ပြုတ်လိုက်သည်။ ဘာစားရမှန်းမသိလို့ သူ့လာမေးတဲ့ အကို့ကို သတိရသွားပီး ပြူံးလိုက်မိသေးသည်။(နှစ်ခါရှိပီပြုံးတာ)
နေပါဦး။ ဒီအကိုနာမည်က်ို မသိရသေးပါလား၊ IG accကလည်း nick nameဆိုတော့ နာမည်ကဘာပါလိမ့်။
မေးရင်ကောင်းမလား။ဖုန်းမှာ messageရောက်သံကြားလိုက်သည်။ဖွင့်ကြည့်လိုက်တော့ ဘာမှမကျန်တော့တဲ့ ခေါက်ဆွဲဘူးခွံပုံလေးဖြစ်သည်။
"စားပြီးပြီ"
"အများကြီးစားခဲ့လား"
"အွန်း
ကိုယ်က တစ်ခါတည်းအများကြီးမစားနိုင်ဘူး
နည်းနည်းနဲ့ ခဏတိုင်းစားတာ "
"Omm"
"မင်းရော ဘာစားမလဲ"
"ကျွန်တော်လည်း ခေါက်ဆွဲပြုတ် 😹"
"ဟဟဟ
အေးပါကွာ
ဒါနဲ့ နာမည် မသိရသေးဘူး
ဘယ်လိုခေါ် ရမလဲ"
သူမေးချင်နေတဲ့ မေးခွန်းကို မေးလာပေးသည်။ဒီကလည်း ပြန်မေးချင်တာနဲ့ အတော်ပဲဖြစ်သွားသည်။
"ကျွန်တော့နာမည်က ပြည့်သူ
ကိုပြည့်လို့လည်း ခေါ်ကြတယ်"
"အွန်း
ကိုယ့်နာမည်က ဖြိူးမိုး
ကြိုက်သလိုခေါ်နော်"
"ရပါတယ် အကိုလို့ပဲ ခေါ်ကောင်းပါတယ်"
"အိုခေပါ"
ကိုယ်အလုပ်ပြန်ဝင်တော့မယ်၊
တာတာ"
"Omm"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now