Chapter 4

30.8K 2.8K 31
                                    

Unicode

ဒီနေ့ ရုံးဆင်း ချက်ပြုတ်စားသောက်ပြီးတော့ အရင်ကလို သူတစ်ယောက်တည်း အရမ်းကြီး အထီးကျန်ဆန်တယ်လို့ သိပ်မခံစားရဟု ဖြိုးမိုးတစ်ယောက်တွေးနေသည်။ အခုသူ့မှာ စကားပြောဖော်လေးတစ်ယောက်ရနေပြီမလား။ ဒီချာတိတ်လေးနှင့် စကားပြောရတာအဆင်ပြေသည်။
အရင် G talkခေတ် ဖွန်ကြောင်ခဲ့တုန်းက ခံစားချက်မျိုးကြီးဆိုပီး တွေးလိုက်မိတော့ အနည်းငယ်ရယ်ချင်သွားမိသည်။

သူဟာ အပေါင်းအသင်းမရှိတဲ့သူတစ်ယောက်တော့ မဟုတ်ပါ။ အမြဲတမ်းပြုံးနေတတ်တဲ့သူ့ကို လူတိုင်းက ever smile လေးဆိုပြီး မြင်တာနဲ့ခင်တတ်ကြသည်။ သူများပြောသမျှကို ပြုံးပြုံးလေးနဲ့ နားထောင်တတ်တဲ့သူ့ကို အနေအေးသည်ဟု ထင်ကြသည်။ တကယ်ခင်မင်သွားပြီဆိုမှ စကားများသောသူမှန်း သိရမည်ဖြစ်သည်။ မြန်မာပြည်မှာတုန်းကတော့ မိန်းကလေး လေးယောက်နှင့် သူအပါအဝင် ယောက်ျားလေး ၄ယောက်ရှိသည့် သူတို့ squadသည် အုပ်စုတောင့်သည်။ အခုတော့ သူ့လို oversea မှာနေသူတွေနဲ့ အိမ်အလုပ်တွေပိနေတဲ့သူတွေနဲ့  သူ့ ဟာနဲ့သူ မအားကြပေ။ time zoneကွာတာရောကြောင့် လိုင်းပေါ်မှာ လူစုံပီးစကားပြောချိန်လည်း နည်းသည်။

messengerမှာ ဓမ္မာရုံလူကြီးများ groupမှာ notiတက်လာသည်။ အင်မတန်စကားများပြီး အော်ကြီဟစ်ကျယ်နှင့်ပြောကျလွန်းလို့ group nameကို ထိုကဲ့သို့ပေးထားခြင်းဖြစ်သည်။

ပေါက်ပေါက်ဆုပ်ဆီက စာဖြစ်သည်။ ပေါက်ပေါက်ဖောက်သကဲ့သို့ စကားပြောနိုင်လွန်းလို့ အိလေးဆိုတဲ့နာမည်အစား ပေါက်ပေါက်ဆုပ်ဟု အခေါ်ခံနေရသူဖြစ်သည်။
ပေါက်ပေါက်ဆုပ်   "ဟဲ့ ဘာလုပ်နေကြလဲ"
rain(ဖြိုးမိုးအမည်ပြောင်) "စားသောက်ပီးအနားယူ"
P  "အေး စားစား
     ဒါမှ ငါ့လို ဝပီးလှမှာ"
R "တော်စမ်း ဂေါ်ဇီလာပေါက်"
P " stop body shaming"
R " lol"
မေတစ်လုံး " ပေါက်ဆုပ် နင်အခု ဘယ်နှပေါင်လဲ
         ဒီနေ့ဝိတ်ချိန်တာ ငါ ၃ပေါင်တက်နေတယ်"
မေတစ်လုံးဆိုသော သူမ နာမည်က မေသူ၊ ဒီgroup မှာ သူတို့သုံးယောက်ပဲရှိတာဖြစ်သည်။ UFLမှာကတည်းက သူငယ်ချင်းများဖြစ်သည်။ မေသူနှင့် သူက ဂျပန်မေဂျာ တူပေမယ့် ပေါက်ဆုပ်ကတော့ တရုတ်မေဂျာဖြစ်သည်။ ဘယ်လိုလုပ်ပေါင်းမိသွားသလဲ၊ မှတ်တောင်မမှတ်မိတော့။ ထိုကတည်းက အတွဲညီသော သူတို့သုံးယောက်ကတော့ အခုထိ အဆက်အသွယိမပြတ်။
R "ဘာတွေစားမိလို့လဲ"
M " မသိဘူး
       ဒီရက်ပိုင်း ထမင်းတွေအရမ်းစားကောင်းတယ်
      အားတိုင်းစားမိနေတာ"
P"စားပေါ့ လူ့ဘဝရတုန်း စားရတာ
    လေ့ကျင့်ခန်းလေးလုပ်ပီး နည်းနည်းထိန်း"
M" လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်ဘူး"
P "ငါတော့ ဘယ်လီရိုက်တယ်"
R" ဘယ်နှစ်ခါလဲ"
P" မနက် ၁၅ ခါ ည ၁၅ခါ"
R "🙄မတရားတွေလှနေပါအူးမယ် ကြီးတော်ရယ်"
P " မသာ
     ငါက လှပီးသား  
     ဒါက ပိုစားဝင်အောင်လို့"
R" ပေါက်ဆုပ် ငါနင့်အတွက် ကောင်လေးတစ်ယောက်တွေ့ထားတယ်
ဒီရက်ပိုင်း ငါနဲ့ ig မှာ ခင်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်"
အမြဲတမ်း ဘဲရှာပေးဆိုပြီး ဂျီကျလေ့ရှိသည့် အိလေးကို နောက်ချင်သွားသည်လေ။
M " ဟဲ့ ငါ့အတွက်ကတော့ရော"
R " နင့်အတွက် ငသိန်းရှိတယ်လေ"
ငသိန်းမှာ သူတို့အဖွဲ့ထဲက သိန်းညီ ဆိုသော တစ်ယောကိဖြစ်သည်။
M" ဖွတ်
      အဲ့ရေခဲတုန်းကို ငါအပူမပေးနိုင်ဘူး"
P " မမေ နင်အသာနေစမ်း
      ကွကိုယ်အသည်းကွဲစရာရှိတာသာ ကွဲနေစမ်း
     မောင်လေးရိန်း မမကိုဆက်ပြော
     သူလေးကချောလား"
R " ဟဟ
      မဆိုးဘူးထင်တာပဲ
     ငါနဲ့ခငိတာ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်"
P " အဓိက ကတော့
     ရုပ်ချောရမယ်၊ အသားဖြူရမယ်၊ အရပ်ရှည်ရမယ်၊ မျက်မှန်ပါရမယ်၊ ငါစားချင်တာဝယ်ကျွေးနိုင်ရမယ်၊ စကားပြောရင် ပျင်းစရာကောင်းသူမဖြစ်ရဘူး"
R" လခွမ်းလေ
     စောင်အသက်က ကြီးနေပီ
   အဲ့ဒီ material type ကမဆင်းသေးဘူးလား"
P " လုံးဝပဲ"
R " FA မ"
M " အာ့ဆို ကြီးတော် နင် ဖြိူးမိုးပဲ ကြိုက်လိုက်လေ"
P " အဲ့ကောင်က ယောက်ျားလား
      ငါကမေ့တောင်နေပီ"
R " 🖕"
P "🦶"
R " ငါ့ကို မပစ်မှားနဲ့ ငါထပ်မစုံစမ်းပေးပဲ နေလိုက်မှာ"
P " စိတ်ကောင်းမွေးစမ်းပါ ဖြိုးလေးရယ်
အများကြီးချစ်တယ် သလား"
M " 😂"
R " 🙄"
ဘာရယ်ကြောင့်မှန်းမသိ။ ထိုပြည့်သူဆိုသော ကောင်လေးသည် စိတ်သဘောထားကောင်းမည့် လူကောင်းလေးဟု ထင်နေမိသည်။ ထို့ကြောင့် သူ့သူငယ်ချင်းမတွေကို စလိုက်ခြင်းဖြစ်သည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now