Chapter 8

25.9K 2.9K 109
                                    

Unicode

မနေ့ညက နောက်ကျမှအိပ်လိုက်ရတာမို့ ဒီနေ့မနက်နိုးတော့ သိပ်ပြီးတော့တောင် အိပ်ရေးမဝချင်။ ဖြိုးမိုးတစ်ယောက်က ဘာတစ်ခုမှ မက်မောလှသည်ရယ်လို့ မရှိပေမယ့် အိပ်ရေးတော့မက်သည်။ အိမ်မှာနေတုန်းကလည်းမနက်ဆိုတော်တော်နဲ့မထပေ​။ ကျောင်းတက်တုန်းကဆို
ကျောင်း၊ သင်တန်းတွေနှင့် အမြဲလုံးချာလိုက်နေတော့ ပိတ်ရက်တနင်္ဂနွေလိုနေ့ဆို အိမ်ကလူတွေကိုမှာထားရသည်။ သူမနိူးမချင်းလာမနှိုးရဆိုပြီး၊ တစ်ခါတစ်လေဆို နေ့ခင်း ၂နာရီလောက်အထိအိပ်ပစ်တာဖြစ်သည်။ ဂျပန်ရောက်တော့ အလုပ်ဖွင့်ရက်တွေဆိုရင်တော့ မနည်းကုန်းရုံးထရသည်။ ပိတ်ရက်ရောက်ရင်တော့ မနက်စာရော၊ နေ့ခင်းစာပါအလွတ်အိပ်သည်။ အာ့လို အိပ်ပုတ်ကြီးသူတစ်ယောက်က insomnia ခေါ် အိပ်မပျော်သည့်ရောဂါ ရလိုက်တော့ သူ့အနေနဲ့ အိပ်ချိန်ကိုအရမ်းဂရုစ်ိုက်နေရသည်။ ဒီရက်ပိုင်း အလုပ်ပင်ပန်းတာနှင့် ပြန်ပီး အိပ်မပျော်ဖြစ်နေသည်။ ထိူ့ပြင် ညကတော့ ဟိုကလေးကို စိတ်ပူရလို့ပိုဆိုးသည်။
ဒီကလေးက ဖြူဖြူသွယ်သွယ်လေးမို့ ပစ်မှားခံရမှာပင်ဖြစ်သည်။ ယုန်သွားလေးနှစ်ချောင်းနှင့် ပြူံးပြ၊ ရယ်ပြလျှင် မြင်တဲ့သူကချစ်ခင်မိပါပဲ။ သူ့အနေနဲ့ ထိုကလေးသည် မိန်းကလေးတစ်ယောက်မဟုတ်ပါပဲ စိတ်ပူမိသည်။ ရွယ်တူသူငယ်ချင်းသာရှိပြီး သူ့ထက်အသက်ငယ်တဲ့သူနှင့် အပေါင်းအသင်းမလုပ်ဖူး၍ ခင်တွယ်မိသည်လား မပြောတတ်ပေ။
တစ်မနက်လုံးအလုပ်ရှုပ်နေသည်နှင့် နေ့ခင်းထမင်းစားချိန်နားတော့မှပဲ ဖုန်းကိုကောက်ကိုင်နိုင်တော့သည်။
ig သုံးရင်း "ဘာလုပ်နေလဲ" ဟု ပြည့်သူဆီ စာပ်ို့လိုက်သည်။
"ဂစ်တာတီး" ဆိုပြီးပြန်စာလေးရောက်လာသည်။
အယ် ဂစ်တာဆိုမှ ဒီကလေးက ဂစ်တာတီးတာစိတ်ဝင်စားပုံရသည်။ သူတို့စ စကားပြောဖြစ်တာပင် ဒီဂစ်တာကိစ္စ အစပြု၍ပဲမဟုတ်လား။ သူ့ယောက်ဖကို ဝယ်ပေးဖူးတဲ့ ဂစ်တာ မြန်မာပြည်မှာလည်း ရောင်းလား သူတစ်ချက်ရှာကြည့်လိုက်သည်။ ဂစ်တာရောင်းသည့် website တစ်ခုတွင်တွေ့ရသည်။ ထို့ပြင် deliveryလည်းရသဖြင့် သူစိတ်ဝင်စားသွားသည်။ အနက်ရောင်အ်ိုးလေးနှင့် တစ်လုံးကိုသဘောကျမိသည်။ စျေးကတော့ ၇သိန်းဆိုပဲ။  ဒီကောင်လေးကို ဝယ်ပေးချင်စိတ်ဖြစ်လာသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now