Chapter 39

26.9K 2.3K 145
                                    

Unicode

"ကိုယ့်ကိုယူပါ" ဆိုတဲ့ ကိုကို့စကားက ဘာကိုဆိုလိုမှန်းသူသေချာ နားမလည်။ ဒါပေမယ့် ကိုကို့မျက်နှာထက်က ခံစားချက်အချို့ကို ဖတ်မိတဲ့အခါမှာတော့ ကိုကို ဘာကိုဆိုလိုမှန်း ခံစားမိသလိုရှိလာသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ကိုကို့ ကိုယ်လေးကို ဆွဲယူလိုက်သည်။ မျက်နှာလေးအနှံ့ ကို လက်ညိုးနှင့် ဖွဖွလေး တို့ထိပြီး စိတ်လှုပ်ရှားစွာ မေးမိသည်။

"ဘာယူရမှာလဲဟင်"

"၂၄နှစ်မြောက် မောင့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ကိုယ့်ဘဝတစ်ခုလုံးကို ပေးချင်တယ်။ ကိုယ့်စိတ်၊ ကိုယ့်ခန္ဓာ အရာအားလုံးဟာ မောင့်အတွက်ပါ။ က်ိုယ်တို့ စိတ်ချင်းနီးစပ်ခဲ့ပြီးပြီ။ ကိုယ်တို့ ခန္ဓကိုယ်တွေပေါင်းစပ်ဖို့ပဲ ကျန်တော့တယ်။ဒီနေ့မှာ မောင့်အတွက် မပျောက်ပျက်မယ့် အမှတ်တရ တွေ ပေးချင်တယ်"

"ကိုကို တကယ်ပြောနေတာလားဟင်"

သူစိတ်လှုပ်ရှား စွာပြန်မေးမိသည်။

"အွန်း
အတည်"

"ကိုကို ရာ........."

ဒီစကားတွေက သူ့ဖက်ကစပြောရမယ့်စကားတွေပါ။ ဒါပေမယ့် ကိုကို့ကိုသူချစ်တဲ့အချစ်တွေက အရာအားလုံးထက်သာလွန်တာမို့ ကိုကို့ ကို မပြစ်မှားရက်ခဲ့သလို၊ မယူရက်ခဲ့ဘူး။  အခုလို ကိုကို့ဆီက သူ့အတွက် ဆိုတဲ့ စကားလေးတစ်လုံးနဲ့တင် သူ့စိတ်တွေက ရေဆူမှတ်ကို ထိုးတက်လာသည်။

ကိုကို့နှုတ်ခမ်းလေးကို ထပ်ပြီး ကျူးကျော်သိမ်းပိုက်မိသည်။ ဒီတစ်အခါ အနမ်းတွေက လွှတ်ပေးတော့မှာမဟုတ်တော့ဘူးလို့ ကျွေးကြော်နေတဲ့အတိုင်း အဆုံးမရှိမွတ်သိပ်ခြင်းတွေနဲ့ပေါ့။ ကိုကို့ အကျိီကို ချွတ်ပေးသည်။ ဗလာကျင်းနေတဲ့ ကိုကို့ အပေါ်ပိုင်းလေးကို သူ့အပိုင်ဖြစ်ကြောင်း အနမ်းတို့နှင့် မှတ်သားလိုက်သည်။ လည်ပင်းလေးမှာ စပြီး အနမ်းတို့တဖြည်းဖြည်းဆင်းသက်လာကာ ညှပ်ရိုးလေးတွေကို ဖွဖွလေးစုပ်ယူနမ်းရှိုက်သည်။ ထိရက်စရာ မရှိသည့် ဝါ ဝင်းဝင်း အသားအရည်တို့က သူ့အနမ်းတွေခြွေချလိုက်တိုင်း အရှက်သည်းစွာ နီမြန်းလာစမြဲ။ သူအသည်းယားလွန်းလို့ ကိုကို့ ရင်ဘက်အနှံ့အချစ်အမှတ်အသားတွေ အများကြီးပေးမိသည်။ ကိုကို့ ချယ်ရီသီးလေးတွေကိုလည်း မက်မောစွာ စုပ်ယူအာဘွားပေးမိသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now