Chapter 18

25.2K 2.5K 25
                                    

Unicode

ပြည့်သူ အကိုပို့လာတဲ့ ပုံလေးကြောင့် သွားရည်တွေယိုနေတယ်။ အမယ် "စားပါဦး"ဆိုပါလား။ အကိုက သူကိုယ်တိုင်ဟင်းချက်စားတယ် ပြောဖူးတော့ ဒါလည်း အကိုချက်ထားတာပဲဖြစ်ရမယ်။ သူ့ရဲ့ အိမ်ရှင်ထီးအလျောင်းအလျာလေးက သိပ်တော်တာပဲ။ ဖုန်းခေါ်လိုက်ဖို့စိတ်ကူးပေမယ့်
"အခုမှညစာစားမလို့လား"
ဆိုတဲ့သူပို့တဲ့ စာကို replyမလာတော့ စားနေတာဖြစ်မှာပါလေလို့တွေးပြီး မခေါ်ပဲထားလိုက်သည်။ အကိုအေးအေးဆေးဆေး ညစာစားပါစေဆိုတဲ့ သူ့စေတနာတွေပေါ့။

တော်တော်ကြာသည်အထိ စာမလာ၊ သတင်းမကြားတဲ့အခါမှာတော့ သူစိတ်ပူလာသည်။ ဒီလောက်အကြာကြီးညစာစားနေတာတော့မဖြစ်နိုင်။ နေအုံး အကိုပို့လိုက်တဲ့ပုံထဲမှာ ဝိုင်ခွက်လည်းပါသည်။ ဒါဆို ဒီည အကိုဝိုင်သောက်မှာပေါ့။ ဝိုင်တွေအများကြီးသောက်မိလို့ မူးများနေတာများလား။ အကို့ကြည့်ရတာ အများကြီးလည်း သောက်နိုင်မည့်ပုံမပေါ်ပေ။ ဒါဆို အခု မူးပြီးမှောက်နေပြီများလား။ မူးပြီးအိပ်ပျော်နေတာဆိုရင်တော့ အကြောင်းမဟုတ်။ မူးပြီးအန်များနေပြီလား။ မဖြစ်မဖြစ်။ ဖုန်းဆက်ပြီးမေးမှဖြစ်မယ်။ အရင်ရက်တွေက ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဖုန်းစမဆက်ရဲခဲ့ပေမယ့် အခုတော့မရတော့ဘူး။ ဖုန်းဆက်ရမယ်။ အဲ့လိုတွေးမိတော့ လက်ကလည်းသိပ်မြန်သည်။ video callခလုတ်ကို နှိပ်ပြီးနေပြီ။ တော်တော်ကြာကြာဝင်သွားပီးမှ ဖုန်းကိုင်လာသည်။

"ဟလို" တဲ့။ ဟလိုသာ ပါးစပ်က ထူးနေတာ မျက်လုံးကမဖွင့်။  အိပ်ယာပေါ်မှာ အိပ်နေတာဖြစ်မည်။ ဖုန်းကိုလည်း သေချာတောင်မခိုင်ထားပဲ ဘေးတစ်စောင်းချထားသဖြင့် ဘေးစောင်းတိုက်မျက်နှာလေးကိုပဲ မြင်နေရသည်။ နှာဖျားလေးတွေနဲ့ ပါးလေးတွေက နည်းနည်းရဲနေသည်။ ဒါဆိုသောက်ထားတာတော့သေချာပြီ။

"အကို မူးနေတာလား"

"အင်း"

"ဘာလို့မူးတာလဲ"

"သောက်ထားလို့မူးတာပေါ့လို့"

"ဘာသောက်ထားတာလဲ"

"ဝိုင်"

"ဘယ်နှခွက်တောင် သောက်ထားတာလဲ"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now