Chapter 7

26.4K 2.8K 7
                                    

Unicode

နေပြည်တော်ရောက်စက အင်မတန်ပျင်းရိဖို့ကောင်းခဲ့တဲ့ သူ့ရဲ့ ဘဝကြီးဟာ အခုတော့ ထိုသို့မခံစားရတော့ပေ။
အကိုနဲ့ စကားပြောနေရတာက အပျင်းပြေတယ်ဆိုတာထက် အများကြီးပိုသည်။ တစ်ခါတစ်လေဆို စိတ်လှုပ်ရှားတာက ပိုသေးသည်။ ယောက်ျားလေးတစ်ယောက်နဲ့ ပတ်သတ်ရတာကို ဘာလို့စိတ်လှုပ်ရှားမိနေတာလည်း သူမသိ။ ဂေးချင်နေတာလားဟု အဆုံးထိ တွေးလိုက်မိသေးသည်။ အားးးးး သေတော့မှာပဲ။ ဒီလောက် စော်ကြည်ဘဲ၊ ရန်ဖြစ်လွန်းသည့် သူလို လူမိုက်က ဂေးစရာ အကြောင်းမရှိ။ ဒါဆို ဘာလို့ အကိုနဲ့ flirt မိနေတာလဲ။ ဘာလို့ သာယာတယ်လို့ ခံစားမိနေတာလဲ။
ထိုနေ့က သူ့ဘာသူစဉ်းစားရင်း စိတ်တွေရှုပ်၊ ခေါင်းတွေ ပူထူနေမိသည်။
သူခေါင်းဆေးဖို့လ်ိုနေပီ။ ဒါနဲ့ ညနေကျ နေသော်ကိုသွားသောက်မလားဟု အဖော်ညှိလ်ိုက်သည်။ အိုခေ ဆိုတာနှင့် အကိုကြီးဆီခွင့်တောင်းလိုက်သည်။ အကိုကြီးကပါ ဒီနေ့ သူ့သင်တန်းမရှိသဖြင့် သူပါဝိုင်းမည်ဟု ပြောလာသည်။ သူ့သူငယ်ချင်းပါ ပါမည်။ အေးဆေးပေါ့။ ဘာဖြစ်လဲ။
ညကျ ဆိုင်ကယ်နှင့်ပဲ ထွက်လာလိုက်သည်။ သူနှင့်နေသော်က တစ်စီး။ အကိုကြီးကိုတော့ သူ့သူငယ်ချင်းက လာခေါ်ပီး နောက်မှ လိုက်လာမည်ဖြစ်သည်။
သူတို့ကအရင် ဆိုင်ရောက်သည်ဖြစ်၍ စားစရာနှင့် သောက်စရာအချို့က်ို မှာထားလိုက်သည်။
စားစရာများစောင့်နေရင်းနှင့် လိုင်းဖွင့်ကာ ဖုန်းထုတ်သုံးနေလိုက်သည်။
"ဒီနေ့သောက်မလို့" ဟု အကို့ဆီစာပို့လိုက်သည်။
တော်တော်ကြာကြာနေမှ
"အင်း
အိမ်မှာလား အပြင်မှာလား"ဟု စာပြန်ရောက်လာသည်။
"ဆိုင်မှာ"
"ဘာနဲ့သွားတာလဲ"
"ဆိုင်ကယ်နဲ့"
"အာ့ဆို သောက်ပီးရင် ဆိုင်ကယ်မမောင်းနဲ့ဦးနော်"
"ရပါတယ်"
"ရပါတယ်မဟုတ်ဘူးလေ
ဂရုစိူက်ပေါ့"
"omm"
အဲ့ဒီလို လူကြီးဆန်ဆန် စိုးရိမ်ပေးမှုတွေက သူနဲ့အသားမကျ။ အမေကလွဲပီး ထူးပြီးစိတ်ပူပေးခဲ့သူမှမရှိတာ။ အမေ ကသတိပေးရင်တောင် စိတ်ရှုပ်စရာဟုထင်တတ်ပေမယ့် အခု စိတ်ရှုပ်သည်ဟု မခံစားရတာက်ိုကထူးဆန်းနေသည်။ မသောက်ခင်က မူးနေပြီလား။

ခဏနေတော့ အကိုကြီးနှင့် သူ့သူငယ်ချင်းရောက်လာသည်။ အကိုကြီးနှင့် အတူပါလာသည့် ကိုအောင်ဆိုသည့် ထိုလူကြီးအား တစ်ခါတော့ တွေ့ဖူးသည်။ သဘောကောင်း၍ ဖော်ရွှေသည်။ စကားတော့ များများမပြောဖူးပေ။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now