Chapter 20

27.7K 2.5K 122
                                    

Unicode

ကိုကိုနှင့် သူနဲ့ တရားဝင်ချစ်သူတွေဖြစ်ပြီးနောက်မှာ ပြောင်းလဲသွားတဲ့အရာတွေကတော့ သိပ်မရှိ။ ကိုကိုက အရင်ကထက် ပိုပြီး စကားပြောတဲ့အခါ အေးဆေးတည်ငြိမ်စွာနှင့် ညင်ညင်သာသာပြောလာသည်။ သူက ကိုကိုလို့ခေါ်တိုင်းလည်း အလွန်အမင်းရှက်တတ်သေးသည်။ ကိုကိုက မနက်အိပ်ယာထတာနှင့် အိပ်ယာနိုးပြီဖြစ်ကြောင်း၊ ရုံးသွားရထားစီးပြီဆိုတဲ့အကြောင်း၊ စသဖြင့် မနက်တိုင်း စာပို့ထားနှင့်သည်။ နေ့ခင်းစာစားချိန်ရောက်လျှင်လည်း သူ့ကိုဖုန်းခဏခေါ်ပေးသည်။ အလုပ်ကိစ္စနှင့် အပြင်သွားလျှင်လည်း သူ့ကို စာလေးပို့ပြီးအသိပေးသည်။ အလုပ်ပြန်လို့ အိမ်ရောက်ပြီဆိုတာနဲ့ သူ့ကိုညစာဘာစားရမလဲမေးပြီးမှ သူစားခိုင်းတာကိုစားသည်။ တစ်ခါတစ်လေလည်း သူဘာစားချင်တယ်ဆိုပြီး ခွင့်တောင်းသည်။ ကိုကိုအိမ်နှင့် ဖုန်းပြောချိန်၊ ကိုကိုစာဖတ်ချိန်၊ တစ်ခါတစ်လေ ရုံးကပါလာတဲ့ အလုပ်တွေကိုလုပ်နေချိန်မှလွဲပြီး သူ့ကိုအချိန်ပြည့်ပေးထားသည်။ ကိုကိုက သူ့ထက်အကြီးသာပြောတယ်၊ နိုင်လိုထက်စီးနှင့် အမိန့်ပေးတာမျိုးမရှိ။ အကြီးဆိုပြီးလည်း အနိုင်မကျင့်တတ်။ ကိုကိုအမြဲမှာတာဆိုလို့ သူ့ကို အပြင်ထွက်လျှင်လက်ရှည်ဝတ်ဖို့၊ ဆိုင်ကယ်နှင့်သွားလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့၊ ညအိပ်ခါနီးဘုရားကန်တော့ဖို့၊ ဆေးလိပ်လျော့သောက်ဖို့ ဒါမျိုးတွေသာမှာတတ်သည်။ သူ့အကြောင်းကိုလည်း သူပြောသမျှကိုသာ ပြုံးပြုံးလေးနားထောင်တတ်ပြီး ကိုကို့ဖက်ကတော့ စပ်စပ်စုစု သိပ်မေးလေ့မရှိ။ ထိုသို့ ချစ်ဖွယ်လူသားလေးကြောင့် သူ့မှာ ချစ်ပြီးရင်းချစ်နေရသည်။

ကိုကိုနှင့်ပတ်သတ်ပြီး သူ့ဖက်က အားမလိုအားမရဖြစ်ရတာကတော့ ကိုကိုနှင့်သူ ချစ်သူတွေဖြစ်နေပြီဆိုသည့်အကြောင်းကို သူ့ညီ နေသော်ကိုတောင် မပြောပါသေးနှင့်ဦး ဟု တားထားတာရယ်၊ ချစ်တယ်ဆိုတဲ့စကားကို သူမေးမှသာ ပြောတတ်ခြင်းဖြစ်သည်။ သူ့အနေနှင့် ကိိုကိုကသူ့အပိုင်၊ ကိုကိုနှင့် သူကချစ်သူတွေဆိုတာကို ဖြစ်နိုင်လျှင် တလောကလုံးကိုတောင် အသိပေးချင်ပါသည်။ ကိုကို့ကိုချစ်ခွင့်ရတာ၊ ကိုကိုကလည်းပြန်ချစ်ပေးတာကို ဂုဏ်ယူစွာ ပြောပြလိုက်ချင်သည်။ ဒါပေမယ့် ကိုကိုက အချိန်ခဏစောင့်ပါအူး။ သူတို့နှစ်ယောက် အပြင်မှာတွေ့ဖူးပြီးမှပဲ သူတို့ RSကိုချပြရအောင်ပါဟု တောင်းဆိုထားသဖြင့် သူ့မှာ ကိုကိုစိတ်ချမ်းသာအောင် လိုက်လျောပေးထားရသည်။ သူ့အနေနဲ့ ဂရုစိုက် ရမယ့် အသိုင်းအဝန်းသိပ်မရှိပေမယ့် ကိုကို့အတွက်ကျတော့ ရင်ဆိုင်ရမှာက များမှာပဲလေ။ ဒါ့ကြောင့် ကိုကို သတ္တိမွေးနေတယ်ဆိုတာ သူနားလည်ပေးနိုင်ပါသည်။ ဒါပေမယ့် နေသော်ကတော့ သူတို့နှစ်ယောက်အကြောင်းကို ရိပ်မိပုံရသည်။ မသိပဲခံနိုင်ရိုးလား။ သူ့ရဲ့ မျောက်အုန်းသီးရသလို မြောက်ကြွကြွဖြစ်နေတဲ့ပုံစံကိုမြင်တဲ့သူတိုင်း သူ့မှာ ချစ်သူရှိနေတာကို မြင်တာနှင့်တန်းသိနိုင်တာကိုး။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now