Chapter 30

25.7K 2.3K 48
                                    

Unicode

ဖြိုးမိုးတစ်ယောက် အခန်းထဲမှာ နား လိုက်တော့မှ ချောင်းဆိုး နည်းနည်းသက်သာသွားသည်။ကလေးက သူ့ကို strepsilsနောက်တစ်လုံး ဖောက်ပြီး ထပ်ငုံခိုင်းပေမယ့် တဖြည်းဖြည်းခါးလာတဲ့ အဲ့ဒီငုံဆေးကို သူထပ်မစားနိုင်တော့ဘူး။ ခေါင်းခါပြီး ရှုံ့မဲ့ပြလိုက်သည်။ ခဏလောက်နေတော့ သူ့နားကပ်လာက သူ့နှုတ်ခမ်းတွေကို လာနမ်းသည်။ ထိုကလေး ဒီလောက်ဆေးလိပ်တွေ သောက်နေပေမယ့် နှုတ်ခမ်းသားတို့က ရဲနေသည်။နမ်းတာလောက်ကတော့ မတွန့််တိုသင့်ပါဘူးလေဆိုပြီး ပေးနမ်းလိုက်သည်။ အပေါ်နှုတ်ခမ်းတွေရော အောက်နှုတ်ခမ်းတွေရော ထိုကလေးက စိတ်ကြိုက်စုပ်ယူစားသုံးနေသည်။ ထိုမျှမကသေး သူ့လျှာတွေကိုပါ ဆွဲယူခြင်းခံလိုက်ရသည်။ ပြီးတော့ ဘယ်ကတည်းက ငုံထားမှန်းမသိသော strepsils ကို သူ့ပါးစပ်ထဲထည့်ပေးသည်။ လက်စသတ်တော့ ကလေးပေါက်က သူ့ကို ညာတာပါတေးနှင့် ဆေးခွံ့တာပေါ့လေ။ ဒါမျိုးဘယ်ရမလဲ။ အလစ်မှာ ထိုငုံဆေးကိုပြန်ပို့လိုက်သည်။ ဤသို့ဖြင့် ငုံဆေးလေးဟာ သူ့ပါးစပ်ထဲရောက်လာလိုက်၊ ပြည့်သူပါးစပ်ထဲရောက်သွားလိုက်နှင့် သူတို့လျှာဖျားတွေကနေတစ်ဆင့် ဘောလုံးလေးလို လိမ့်နေတော့သည်။

နောက်ဆုံးမှာတော့ သူပဲအရှုံးပေးလိုက်ကာ သူ့ပါးစပ်ထဲမှာငုံထားပြီး နှုတ်ခမ်းတွေကို နောက်ဆုတ်လိုက်သည်။ ငုံဆေးလေးလည်း တော်တော်ပင် လုံးပါးပါးနေပြီလေ။

"ခါးသေးလား"

သူသဘောကျစွာပင် ခေါင်းခါပြလိုက်သည်။ တကယ်ပဲ ခါးသက်တယ်ဟု မခံစားရ။ ဒီကလေးရဲ့ ချိုမြိန်တဲ့အနမ်းတွေအောက်က ထိုငုံဆေးက ဘယ်လိုလုပ်ခါးနိုင်တော့မလဲ။

"မင်း ညစ်ပတ်တယ်"

"ကိုကိုက မှ ဆေးမငုံတာလေ
ဒီနည်းပဲသုံးရတာပေါ့
လာခဲ့ လက်သည်းတွေညှပ်ပေးမယ်"

Oceanကဝယ်လာတဲ့လက်သည်းညှပ်လေး ထုတ်ကာ သူ့ကို လက်သည်းစညှပ်ပေးပါတော့တယ်။ အင်း သိတတ်တဲ့အရွယ်ရောက်ကတည်းက သူများလက်သည်းညှပ်ပေးမခံရတာ ဆိုတော့ တစ်မျိုးတစ်မျိုးပဲ။ လက်သည်းညှပ်သံ ဖြောက်၊ ဖြောက်ကြားလိုက်တော့ လန့်ပြီး လက်ကတွန့်သွားသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now