Chapter 10

27.2K 2.7K 38
                                    

Unicode

ဖြိုးမိုးတစ်ယောက် phone screen တွင် IGမှ ဝင်လာတဲ့ Notiကြောင့် ဖွင့်ကြည့်လိုက်သည်။ ဟိုကလေး ပုံတင်ထားတာပဲ။ caption ကြောင့် ပြုံးလိုက်မိသည်။ ဂစ်တာကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကလည်း သတိထားမိချင်စရာ။ ဒီလက်ချောင်းလေးတွေက တီးခတ်လာမယ့် သံစဉ်လေးတွေကို နားထောင်ချင်မ်ိပြီ။
"ဂစ်တာရောက်ပီလား
သဘောကျရဲ့လား"ဟု စာပို့ပီးမေးလိုက်သည်။
"အွန်း ကျွန်တော် ကြိုက်တယ်"
"ညနေကျ တီးပြနော်"
"ဟုတ် တီးပြမယ်"
ဖုန်းကိုချပြီး အလုပ်ထဲပြန်စိတ်ထည့်လိုက်သည်။ ဒီနေ့ရုံးဆင်းချိန်က်ို ခါတိုင်းနေ့တွေထက်ပိုမျှော်မိနေသည်။ အိမ်မြန်မြန်ပြန်ပီး ကလေးဆီ ဖုန်းခေါ်ချင်လှပီ။

ကလေး... ဟုတ်တယ်။ ပြည့်သူဆိုသည့် နာမည်အတိုင်းလည်းမခေါ်ချင်လို့ နာမ်စားတစ်ခုခုသုံးပြီးခေါ်မယ် စဉ်းစားမိတော့ ပါးစပ်က အလိုလိုထွက်လာမိတာက ကလေးတဲ့။ ကလေးဆိုပြီး ခေါ်ကြည့်ရင် ပြည့်သူဘယ်လိုတုန့်ပြန်လာမလဲ။ သူသိပ်သိချင်သည်။ ၆နာရီထိုးတာနှင့် အလုပ်လက်စမြန်မြန်သတ်ကာ time card အပြေးရိုက်ပြီး
お疲れ様です。お先に失礼します。
(စောပြန်ပီ) ဟု ရုံးထဲကလူတွေကို အပြေးအလွှားနှုတ်ဆက်ပီးလစ်ခဲ့လိုက်သည်။ အိမ်ရောက်တော့လည်း လုပ်စရာရှိတာတွေကို ကျားလိုက်သလို အမြန်လုပ်လိုက်ပီး ဖုန်းခေါ်လိုက်သည်။
"ကဲ ကိုယ့်ကို ဂစ်တာတီးပြတော့"
"အာ ဘယ်လိုဖြစ်တာလဲ ခဏနေပါအူး"
"မနေပါဘူး
ကိုယ် မင်းဂစ်တာတီးပြတာ အရမ်းနားထောင်ချင်နေပီ"
"ဟဟဟ
ဟုတ်ပါပီ
ပီးမှာ နားငြီးတယ် လာမလုပ်နဲ့"
"လုံးဝမလုပ်ဘူး"
"အင်း " ဟု ပြောပြီး ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီးတော့ ဂစ်တာက်ို ကောက်ကိုင်လိုက်သည်။ ထို့နောက် ဂစ်တာကြိူးတွေအပေါ် လက်ချောင်းလေးတွေ ထိခတ်လ်ိုက်သည်။ ထွက်လာတဲ့ ဂစ်တာသံလွင်လွင်လေးက သူ့နားဆီကနေတစ်ဆင့် နှလုံးသားအထိစီးဝင်သွားသည်။ ဟန်နေတာရဲ့ လမင်းသို့တမ်းချင်း သီချင်းလေး။
"လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
ငါမင်းကိုရစေကြိတ်ပီးရူး
ရင်ထဲမှာလွမ်းတာ မရပ်သေးဘူး"
🎵🎶🎶🎵
ဒီကလေးက သီချင်းပဲဆိုရင်တော့ ကီးကြောင်ပေမယ့်
ဂစ်တာတီးပြီးဆိုရင်တော့ နားထောင်ရတာအဆင်ပြေတယ်။ ဂစ်တာတီးလည်း မဆိုးဘူး။ အမှန်က ဖြိုးမိုး တစ်ယောက်က ဂစ်တာအရမ်းတီးတတ်ချင်ခဲ့တာ။ ဒါပေမယ့် သူ့လက်ချောင်းတွေက အရေပြားအရမ်းပါးပြီး မွေးရာပါ အဆစ်မြစ်ယောင်တတ်တဲ့ရောဂါကြောင့် ဂစ်တာမတီးနိုင်ခဲ့ပေ​။ ဒါ့ကြောင့် သူက ဂစ်တာတီးတတ်တဲ့သူတွေကို အရမ်းလည်း သဘောကျသလို၊ အရမ်းလည်း အားကျသည်။
ကလေးက သီချင်းနှစ်ပုဒ်တီးပြသွားသည်။
"ဘယ်လိုနေလဲ"
"အင်း မဆိုးပါဘူး
​လက်ခတ်ကနည်းနည်းတော့ နှေးပေမယ့်
ကောင်းပါတယ်"
"အင်း မတီးတာလည်းကြာပြီမို့
ပြန်ကျင့်ရအူးမယ်"
"အင်း"
"ဘာသီချင်းတွေနားထောင်ချင်လဲပြောလေ
လေ့ကျင့်ထားလိုက်မယ်"
"ဟန်ထွန်းရဲ့ ခေါင်းနဲ့ပန်း
ပြီးတော့ အင်းးးးးးးး
ဂျီလတ်ရဲ့ ကြိုနေစေချင်တယ်"
"အယ်
ကျွန်တော် သိပ်တော့မရဘူး
ကြိုးစားကြည့်မယ်လေ"
"အင်း
တီးပြနော်"
"အင်းပါ အကိုတစ်ယောက်ပဲ တီးပြစရာလူရှိတာပါ"
"ဟုတ်လို့လား
ကောင်မလေးကို တီးမပြဘူးလား"
သူမသိမသာလေး သွေးတိုးစမ်းမေးလိုက်သည်။
"အခုကကောင်မလေးမရှိဘူးလေ
နောက်ဆုံး ex နဲ့ကြိုက်တုန်းကလည်း
အဲ့အချိန်က ဂစ်တာမတီးတတ်သေးတော့ မတီးပြဖူးဘူး
သူနဲ့ပြတ်ပီးမှ ဂစ်တာတီးစသင်တာ"
"ဪ အဲ့လိုကိုး"
"အင်း
အဲ့လို
ဒါ့ကြောင့် ပထမဆုံး ဂစ်တာတီးပြဖူးတာ အကို့ကိုပဲ"
"အယ်
တကယ်ကြီး"
"တကယ်ပါဆို"
"ဟဟဟ
ဟုတ်ပါပြီနော်
ကိုယ်လည်း တီးတတ်ချင်တယ်
ကိုယ်ပြန်လာရင် သင်ပေးမလား"
ယောက်ဖက ဂစ်တာတီးသင်ပေးမယ်ပြောတုန်းက ပတ်ပြေးနေခဲ့ပီး အခုကျမှ သင်ပေးနော်ဆိုပီး ချွဲနေမိတာ မသိဘူး။ ကိုယ်သင်ချင်တဲ့သူဆီကသင်မှာပေါ့
"အင်း သင်ပေးမှာပေါ့
လက်တော့နာမှာ
အကို့လက်တွေ ခဏထောင်ပြပါလား"
သူ လက်ချောင်းတွေကို ဖြန့်င်္ပီး ထောင်ပြလိုက်သည်။
"အက်ို့လက်တွေက သွယ်တယ်နော်
လက်ချောင်းတွေလည်း ရှည်တော့ ရမှာပါ"
"အင်း"
"ကျွန်တော် အပြင်သွားစရာလေးရှိလို့
ဖုန်းချမယ်နော်"
"အင်းအင်း
ဂရုစိူက်သွား
ဆိုင်ကယ်ဦးထုပ်ဆောင်း
လက်ရှည်ဝတ်"
"ဟုတ်
ကျွန်တော် နောက်ကျမှာလားမသ်ိဘူး
ဒီည ချော့သိပ်ဖို့ အချိန်မမီရင် ရော"
"ရပါတယ်
ကိုယ့်ဘာသာအိပ်လိုက်မယ်"
"ဟုတ်
ပြန်ရောက်ရင်စာပို့လိုက်မယ်"
"အင်း bye"
ဖုန်းချပြီးတော့ fb သုံးရင်း အတွေးပွားနေမိသည်။အရင်ကတော့ ကိုယ်ချစ်တဲ့သူကို ဂစ်တာတီးပြချင်ခဲ့သည်။ အခုတော့ ကိုယ်ချစ်တဲ့သူတီးပြတဲ့ ဂစ်တာသံကို နားထောင်ရတာက ပိုပြီးရင်ခုန်ဖို့ကောင်းနေပါလား။ နေအူး ခုဏက သူဘာတွေးလိုက်တာပါလိမ့်။ ကိုယ်ချစ်တဲ့သူတီးပြတာ............ OMG 😳 ငါ ဒီကလေးကိုများ ပစ်မှားမိနေပြီလား။ ကလေးလို့ ခေါ်ချင်တာ၊ ချော့သိပ်တာခံချင်တာ၊ နေ့တိုင်းစကားတွေပြောနေမိတာ၊ ဂစ်တာလက်ဆောင်ပေးမိတာ.....သူ့ဘာသာတွေးပြီး သူအရမ်း shock ရသွားသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now