Chapter 27

25.2K 2.5K 79
                                    

Unicode

နောက်ရက်မနက် ဖြိုးမိုးနိုးလာချိန်မှာတော့ ၁၀နာရီတောင်ထိုးပြီဖြစ်သည်။ ကိုဇင်ကတော့ ဘယ်အချိန်ကတည်းက ထသွားသည် သူမမှတ်မိတော့ ။ ကျန်တဲ့သုံးယောက်ကို နှိုးပြီး ဟိုတယ်ကနေ chek out လုပ်ဖို့ပြင်ရသည်။ Check out လုပ်ပြီးတော့ ဘာမှမစားရသေးတာမို့ လေးယောက်သား အနီးအနားက Oriental houseမှာ ဒင်းဆမ်းဝင်စားလိုက်သည်။ စားသောက်ပြီးတော့ သူ့ကိုတကူးတက ပြန်ပို့နေရမှာစိုးလို့ taxi ခေါ်ပြီးပြန်ခဲ့လိုက်သည်။ သူတို့နဲ့မြန်မြန်လမ်းခွဲမှရယ်။ မဟုတ်ရင် ခြေထောက်ဗွေပါတဲ့ ထိုအမျိုးသမီးနှစ်ဦးက မလွယ်ဘူး။ သူအိမ်ပြန်ရောက်ပြီဆိုမှ ရေအရင်ဆုံးဝင်ချိုးလိုက်သည်။ မမတို့ကတော့ ဆိုင်သွားပြီဖြစ်သည်။မေမေကတော့ သူပြန်မလာသေးလို့ စောင့်နေခဲ့တာဖြစ်သည်။ အိမ်မှာက ဘာမှလုပ်စရာမရှိ။ မေမေနှင့်ခဏထိုင်စကားပြောပြီးတော့ မေမေလည်း ဆိုင်သွားဖို့ပြင်သည်။ အိမ်နှင့် ဆိုင်က နီးတာမို့ လမ်းလျှောက်သွားလည်း ရသည်။ သူလည်း ဖုန်းဆင်းကဒ်နှင့် ငွေဖြည့်ကဒ်လိုက်ဝယ်ရင်း အတူတူလိုက်သွားမယ်လုပ်ပေမယ့် မေမေက ဆိုင်ကကလေးတစ်ယောက်ကို ဝယ်ခိုင်းပြီး လာပို့ပေးခိုင်းလိုက်မည် ဟုဆိုသဖြင့် အိမ်စောင့်ကျန်ခဲ့သည်။

ဖုန်းကဒ်ရလာမှပဲ ကဒ်ပြောင်းထည့်ပြီး အင်တာနက်လိုင်းကို အသည်းအသန််ဖွင့်ရသည်။ သူ့ကို စာတွေပို့ထားတာမှအများကြီး။ I hate youဆိုတာတောင်ပါသေး။ သေချာပြီ သူ့ကိုစိတ်ကောက်နေလောက်ပြီ။ ဒါ့ကြောင့် ပြည့်သူဖုန်းနံပါတ်ကို အလျင််အမြန်ခေါ်လိုက်သည်။ နိုင်ငံန​ယ်နိမိတ် တစ်ခုအတွင်းကနေ တူညီတဲ့ time zone နှင့် အချိန်မရွေး ဖုန်းခေါ်လို့လရတဲ့ ခံစားချက်က ရင်မှာ တစ်လှက်လှပ်။ဖုန်းဝင်သွားပြီး ခဏနေတော့ တစ်ဖက်က သူ့ကလေး၏ ဟယ်လိုဆိုတဲ့ ထူးသံလေးကြားလိုက်ရသည်။ ဘာပြောရမှန်းမသိတာနှင့် ခပ်တည်တည်ပဲ

"ဘာလုပ်နေလဲ" ဟု မေးလိုက်သည်။ သူ့အသံကြားတော့ သူမှန်းသိသွားတဲ့ပုံပဲ။ ဆူပုပ်ပုပ်လေသံလေးဖြင့်

"ဘာမှမလုပ်ဘူး"

"အခုဘယ်မှာလဲ"

"ရုံးမှာ"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now