Chapter 44

29.1K 2.5K 143
                                        

Unicode

ကိုကိုသည် လူလိမ္မာလေးတစ်ယောက်ဖြစ်သည်။ street foodဆိုတဲ့ လမ်းဘေးစာတွေနဲ့မတွေ့ခင်အချိန််ထိပေါ့။ သူ့ပူတူတူးလေးသည် street food တွေကို အင်မတန်မှ ကြိုက်ပါသည်။ပိုးစိုးပက်စက်ကြိုက်သည်။ လမ်းဘေးစာနှင့် သူ့ကိုရွေးပါဆိုလျှင်တောင် သူ့ကိုတစ်ချက်မှလှည့်မကြည့်ပဲ street food ကို ရွေးချင်ရွေးပေလိမ့်မည်။ ဒီကိစ္စကို သူသိခဲ့တာတော့မကြာသေးပါ။

သူနေတဲ့ စမ်းချောင်းမှာကလည်း လမ်းဘေးစာတွေပေါသည်။ မုန့်မျိုးလည်းစုံသည်။ စားချင်တာတော်တော်များများကိုလည်း အလွယ်တကူရနိုင်သည်။အစားသမားများအတွက် စမ်းချောင်းသည် လက်လွှတ်လို့မရသောနေရာတစ်ခု။ သူက အစားသမားမဟုတ်သည့်အတွက် သူ့အတွက်ကတော့ မထူးဆန်း။ ဒါပေမယ့် ကိုကို့ကတော့ အလွန်ပဲ သဘောကျသည်။

ထိုနေ့က သူ့တိုက်ခန်းကနေ သူတို့ စမ်းချောင်း စျေးထဲ စျေးသွားဝယ်ဖြစ်သည်။ ကိုကိုက သူလည်းလိုက်ချင်တယ်ဆိုသဖြင့် တူတူထွက်လာခဲ့ကြသည်။အမှန်က city martမှာ ဝယ်ဖြစ်တာများပေမယ့် ကိုကိုက စျေးတန်းဖက်ကို သွားဝယ်ရအောင်ဆိုလို့ ထွက်ခဲ့တာဖြစ်သည်။ အဲ့ဒီမှာဇာတ်လမ်းစတာဖြစ်သည်။ ပထမဆုံးတွေ့သည့် စျေးသည်က အုန်းသီးစိမ်းတွေကို တွန်းလှည်းလိုမျိုးရောင်းသည့်အသည်ဖြစ်သည်။ ဒါကိုတွေ့တော့ ကိုကိုက

"ကိုယ် အုန်းရည်သောက်ချင်တယ်" ဟု ပြောသည်။ သူကလည်း

"အင်း သောက်လေ
အပူကန်နေမယ်နော်ကိုကို"ဆိုပြီး ပေးသောက်လိုက်သည်။

"ရတယ်
ကိုယ်က အုန်းသီးနဲ့တည့်တယ်"

အုန်းသီးသည် ဦးလေးကြီးကို အုန်းသီးတစ်လုံးဆိုပြီး ခွဲခိုင်းသည်။ အုန်းသီးသည်က

"ငါ့တူက အရည်ပဲသောက်ချင်တာလား
ဒါမှမဟုတ် အုန်းသီးဆံရောစားချင်သေးလား" ဆိုပြီးပြန်မေးသည်။ ကိုကိုကတော့ ဝမ်းသာအားရသံနှင့်

"အုန်းသီးဖက်နုနုလေးတွေလည်းစားချင်တယ်" ဆိုပြီးပြန်ပြောနေသည်။

"အေး
ဒါဆို ဒီအလုံးလောက်ဆိုအနေတော်ပဲ
အထဲက အသားကလည်း ဇွန်းခြစ်အနေအထားလောက်ပဲ"

မဟောင်းတဲ့ပုံပြင်Tempat cerita menjadi hidup. Temukan sekarang