Chapter 9

24.8K 2.7K 27
                                    

Unicode

ပြည့်သူရင်တွေဟာ တဒိတ်ဒိတ်နှင့် စည်းချက်ညီညီ အသံတွေမြည်နေသည်။ ပရမ်းပတာခုန်နေတာမျိုးလည်းမဟုတ်။ ညင်ညင်သာသာလေးနှင့် ရွရွလေး ခုန်နေတာဖြစ်သည်။ အကြောင်းရင်းကတော့ လူတစ်ယောက်အိပ်နေလို့ပဲ။ ဘာဆိုင်လို့လဲ မမေးနှင့်။ သူ့ဘဝမှာ အိပ်ပျော်နေ သည့်လူတစ်ယောက်ရဲ့ မျက်နှာကို ငေးလည်း မကြည့်ဖူးခဲ့သလို ကြည့်ဖို့အတွက်လည်း စိတ်တောင်မကူးခဲ့ဖူးပေ။ အခုမှ ပထမဆုံးအကြိမ် ငေးကြည့်ဖူးခြင်းပင်ဖြစ်သည်။

အကိုက သူ့ကို ချော့သိပ်ပါဟုပြောတုန်းက စနောက်နေတာထင်ခဲ့သည်။ ဒါပေမယ့် ချော့သိပ်ပါနော် ဆိုသည့် တောင်းဆိုဟန်ပေါ်နေသည့် မျက်ဝန်းတို့ကိုတော့ သူမငြင်းပယ်နိုင်ခဲ့ပေ။ သူတတ်သလောက်မှတ်သလောက်လေးနှင့် သီချင်းတွေဆိုပြမိသည်။ ကီးတွေကြောင်နေမှန်းလည်းသိသည်။ အကိုအိပ်ပျော်မှာမဟုတ်လောက်ဘူးထင်ခဲ့သည်။ ဒါပေမယ့် သုံးပုဒ်မြောက် သီချင်း ဆိုပြီးတဲ့အခါမှာတော့ အကိုဟာ အိပ်ပျော်သွားပုံရသည်။
"အကို အကို" ဟု တိုးတိုးလေးခေါ်ကြည့်သည်။ ပြန်ထူးမလာခဲ့။ တကယ်အိပ်ပျော်သွားတာနှင့်တူသည်။ သူဖုန်းချမလို့လုပ်ရင်းကနေ အိပ်မောကျနေသည့် အကို့မျက်နှာလေးကိုမြင်ပြီး သူငေးခနဲဖြစ်သွားသည်။

အကိုဟာ ငြိမ်ငြိမ်လေး အိပ်နေခဲ့တာပါ။ အိပ်တဲ့အခါ မျက်မှန်ချွတ်ထားသဖြင့် မျက်ခွံမို့မို့လေးတွေကို အခုမှ ရှင်ရှင်းလင်းလင်းမြင်ရတောသည်။ နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်ကောက်ကောက်လေးတွေကို သပ်တင်ပေးချင်မိတာ ဘာ့ကြောင့်လဲ။ ဘာအမဲစက်မှမရှိ ဝါဝင်းနေတဲ့ မျက်နှာလေးက အရမ်းကို glow နေတာ မိန်းကလေးတွေမြင်ရင် မနာလိုမှာ အသေအချာ။ နားကြပ်မိုက်ကိုလည်း ပါးစပ်နားကပ်ထားသဖြင့် တိုးသဲ့ညင်သာတဲ့ အသက်ရှုသံလေးကိုလည်းကြားနေရသည်။ တင်းတင်းစေ့ပိတ်ထားတာလည်းမဟုတ်၊ ဟလည်းမနေတဲ့ နှုတ်ခမ်းညိုလေးတွေက ဘာလို့ဖောင်းနေတာလဲ။ ဒီနှုတ်ခမ်းဖောင်းဖောင်းလေးက အိစက်နေမှာဟုလည်း ယုံကြည်မိသည်။ လည်ပင်းကျယ်ညဝတ်တီရှပ်ကြောင့် လည်တိုင်စင်းစင်းလေးနှင့် sexy bonesလေးတွေက အထင်သား။ မျက်နှာလေးတင်ပဲ ဖုန်းမှာပေါ်လို့ တော်တော့သည်။ တစ်ကိုယ်လုံးသာပေါ်နေရင် တစ်ညလုံး သူဒီအတိုင်းထိုင်ကြည့်နေမိမလားမသိ။ အခုလည်း အကို့မျက်နှာကိုကြည့်နေမိတာတော်တော်ကြာနေပြီ။ နေသော့်ထံမှ
"ဖုန်းကို ဘာလို့အာ့လောက် စိုက်ကြည့်နေတာလဲ " ဟု မေးလာမှ သူလန့်ဖျပ်ပြီးend callကို နှိပ်မိတော့သည်။ သာသနာဖျက်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now