Chapter 6

27.2K 2.8K 29
                                    

Unicode

ပြည့်သူတစ်ယောက် ဒီနေ့မှ တော်တော်နှင့်အိပ်မပျော်။
ညနေက ဖုန်းပြောခဲ့တာပဲ ပြန်မြင်ယောင်နေသည်။ ရုပ်ဆိုးလို့ဆိုပီး maskတပ်ပီး ဖုန်းပြောတဲ့ အကို့အကြောင်းတွေးမိပြီး ရယ်ချင်လာသည်။ ဖုန်းထဲမှာတွေ့ရတဲ့ အကိုက ရုပ်မဆိုးပါ။ဆံပင်ကောက်ကောက်လေးတွေ၊ မျက်ဝန်းနက်နက်တစ်စုံနှင့် ကြည့်ကောင်းသော ရုပ်ရည်ပိုင်ဆိုင်ထားသူပါ။ ထို့ပြင် အောက်နှုတ်ခမ်း ဘယ်ဖက်ထောင့်အောက်က မှည့်လေးက အကို့အပြုံးကို ပိုအသက်ဝင်စေသည်။ အဖြူရောင်တီရှပ်လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားတော့ လက်ဖျံရိုးတစ်လျှောက်က အကြောစိမ်းတွေဟာလည်း ငေးမောချင် စရာပါ။ video call ခဏလေးပြောပေမယ့် သူ့မျက်လုံးထဲမှာတော့ အကို့ပုံစံကို မှတ်မိသွားသည်။ ပြီးတော့ သဘောကျသည်။

အခုလို ထူးထူးဆန်းဆန်းတွေ ဘာလို့တွေးမိနေလည်း သူကိုယ်တိိုင်မသိပေ။ သူ့အရင် exတွေတုန်းကတောင် first sight မှာ ဒီလိုသဘောကျသည့်ခံစားချက်မျိုးသိပ်မရှိခဲ့။ ကိုယ့်ထက် အသက်ကြီးတဲ့သူတစ်ယောက်နှင့် ခင်မင်ရလို့ ဒီလိုမျိုး ဖြစ်နေတာလည်းမဟုတ်ရပါ။ အပေါင်းအသင်း ပေါတဲ့သူ့မှာ သူ့ထက်အသက်ကြီးတဲ့ မိတ်ဆွေတွေလည်း ရှိပါသည်။ ဒီအကိုနှင့်ကျမှ ဘာလို့ တမူထူးခြားနေမှန်းမသိတော့ပေ။ အရမ်းတွေ အားလွန်းနေလို့ ထူးထူးဆန်းဆန်းတွေ စဉ်းစားနေမိတာဖြစ်မှာပါ။

"Morning" ဆိုတဲ့ မက်ဆေ့လေးက သူနိုးလာတာနှင့် ဖုန်းထဲမှာရောက်နှင့်နေပြီဖြစ်သည်။
"Omm
Morning" လို့ သူပြန်ပို့လိုက်သည်။
"မေးမယ်နော်"
"မေးလေ"
"ရည်းစားစကားပြောရင်
စာပေးမှာလား
ပါးစပ်ကခွင့်ပြောမှာလား"
"ပါးစပ်ကဖွင့်ပြောမယ်"
"နဖူးကိုနမ်းမလား၊
ပါးကိုနမ်းမလား"
"နဖူး"
ထို့သို့ပြန်ပို့ရင်း ဘာလို့ အကို့ နဖူးကျဉ်းကျဉ်းလေးကို မြင်ယောင်မိမှန်းမသိတော့။
"ခါးကိုဖက်မလား
ပခုံးကိုဖက်မလား"
"ခါး"
​"တောင်တန်းနဲ့ ပင်လယ်"
​"တောင်တန်း"
"ကိုယ် နဲ့ မင်း"
"မင်း"
"နေ့ နဲ့ ည"
"ည"
သူအကို့ဆီက မေးခွန်းတွေဆက်တိုက်ဖြေရင်း စိတ်တွေကမသိမသာခုန်နေသည်။ ဒီအတိုင်း မေးချင်ရာမေးနေမှန်းသိနေရက်နှင့် ဘာလို့ အတွေးပေါင်းစုံဝင်နေမိမှန်းမသိတော့ပေ။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now