Chapter 15

25.6K 2.6K 22
                                    

Unicode

လိုင်းဖွင့်လိုက်သည်နှင့် တန်းပြီး အကို့ဆီ​က စာတွေဝင်လာသဖြင့် ပြည့်သူ နည်းနည်းကျေနပ်သွားသည်။ အနည်းဆုံး အကိုကသူ့ကို သတိတရရှိသေးသည်လေ။ အကို့ဆီကစာတွေကတော့
"ဘာလုပ်နေလဲ"
"နေကောင်းရဲ့လား"
"ဘာလို့လိုင်းမတက်တာလဲ "
"ဖုန်းပျက်နေတာလား"
စသည်ဖြင့် သူလိုင်းမတက်သည့်သုံးရက်အတွင်း နေ့တ်ိုင်းပို့ထားသည်။ အကို သူ့ကိုသတိရနေပါလား ဆိုသည့် အတွေးဖြင့် အနည်းငယ်တော့ အားတက်လာသည်။
"hi
long time no see bro" ဆိုပီးစာလေးပို့လိုက်သည်။
အခုချိန်နေ့ခင်းဆိုတော့ သေချာပေါက် အလုပ်ထဲမှာရှိမည်။ ဖုန်းသုံးမှာမဟုတ်သည့်အတွက် ပြန်စာကိုတော့ မမျှော်သေး။ သူလိုင်းတက်ပီဆိုတာ သ်ိစေရန် ပို့ထားခြင်းဖြစ်သည်။ သူဖုန်းကိုပြန်ချထားလိုက်ပီး ရေမိုးချိုး လုပ်စရာရှိတာတွေလုပ်နေလိုက်သည်။ အကိုရုံးဆင်းပြီးချိန်လောက်မှန်းပြီး igထဲဝင်လိုက်သည်။ အကိုက သူပို့ထားတဲ့ စာကို seenဖြစ်ထားပြီးတော့ လက်မ စတစ်ကာလေးလည်းပြန်ပို့ထားသည်။
"ရုံးဆင်းပီလား" ဟုစကားစလိုက်သည်။
"အင်း
ရထားစီးနေပီ
ဘာလို့ပျောက်နေတာလဲ"
"ဒီလိုပါပဲ
စဉ်းစားစရာလေးနည်းနည်းရှိလို့"
"ဪ"
"နေကောင်းရဲ့လား"
"အင်း
ကောင်းပါတယ်
မင်းရော"
"ဟုတ်
ကောင်းတယ်
အိမ်ရောက်ရင်ပြော"
"ဘာလို့လဲ"
"ဖုန်းခေါ်မလို့လေ"
"သြော"
"တဪ ဪနဲ့ ဘာဖြစ်နေတာလဲ"
"သိဘူးလေ"
ပြည့်သူ အူကြောင်ကြောင်ပြန်ဖြေသည့် အကို့စကားကြောင့် အသည်းယားသွားမိသည်။ အကို့ကိုဆို လူကြီးပုံစံပေါက်နေတဲ့ ကလေးပိစိလေးလို့ပဲ သူ့စိတ်ထဲမြင်မိသည်။ အကို့အပြုံးလေးတွေကိုလည်းတွေ့ချင်လှပြီ။ သွားလေးတွေပေါ်အောင်ပြုံးပြတတ်သည့် အက်ို့အပြုံးချိုချိုလေးတွေကိုလည်း လွမ်းလှပြီ။ နောက်တော့အတွေးတစ်ခုရလာတာနှင့် အကို့ထံစာပို့လိုက်သည်။
"အကို့ကိုမေးမယ်
တစ်ခုဖြေ"
"အင်း"
"ရည်းစားစကားပြောမလား
ရည်းစားစကားအပြောခံမလား"
..............
.............
"ရည်းစားစကား အပြောခံမယ်"
"I love you နဲ့ ချစ်တယ်"
...............
............
"ချစ်တယ်"
သူ့မေးခွန်း​ကို အကြာကြီးနေမှ reply ပြန်သည်။ အဟစ်ဟစ်၊ အကို့နည်းလမ်းနဲ့ အကို့ကိုပြန်စရတာ ကောင်းလိုက်တာ။ သူ့စိတ်သူ သေချာနားလည်နေပီဖြစ်ပေမယ့် အကို့ဆီမှာ ဖွင့်ပြောဖို့အတွက်ကျတော့ သူဘယ်ကစလို့စရမှန်းမသိသေးပေ။ ဒါပေမယ့်လည်းရင်ထဲမှ ပြောချင်တဲ့စကားတွေများလွန်းလို့ ပွင့်ထွက်သွားတော့မလား ထင်ရတယ်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now