Extra 3(Final Extra)

31.7K 2.5K 301
                                    

Unicode

"ကိုကို
အိပ်ချင် အိပ်လိုက်လေ
ခုံနောက်လှန်လိုက်ပါလား"

"ရပါတယ်
မောင်တစ်ယောက်တည်း ကားမောင်းနေရင် ပျင်းပြီး အိပ်ငိုက်မှာစိုးလို့"

"မောင်မငိုက်ပါဘူး ကိုကိုရဲ့"

"အင်းပါ နေပြည်တော်ကျော်ရင် ကိုယ်တစ်လှည့်မောင်းမယ်နော်"

"ဟုတ်ပါပြီဗျာ
အခုတော့ အိပ်လိုက်နော်
ပူလား
မောင်အဲယားကွန်း မြင့်ပေးရဦးမလား"

"တော်ပြီ
ဒီလောက်အတော်ပဲ"

"ဒါဆို ခြေထောက်တွေကိုစောင် ခြုံထား
ဘေးကအိတ်ထဲမှာ စောင်အပါးလေးမောင်ထည့်ခဲ့တယ်"

"အင်း"

သူတို့နှစ်ယောက် မန်းလေးကို သွားနေတာဖြစ်သည်။ ကလေး၏ အထက်တန်းတုန်းက အတန်းပိုင်ဆရာ က ကင်ဆာရောဂါဖြင့်ဆုံးသွားသည်ဆိုသဖြင့် နာရေးသွားမေးကြခြင်းဖြစ်သည်။ နာမကျန်းဖြစ်နေတာကို သိကတည်းက ကလေးတို့ ကျောင်းသားဟောင်းတွေစုပြီး အလှုုငွေကန်တော့ကြသည်။ ဒါပေမယ့် ရောဂါက ကုမရတော့ပြီမို့ ဆရာဝန်တွေက ၂ လသာ ခံတော့မည်ဟု ကြိုပြောခဲ့သည်။ တကယ်ပဲ ဆရာဝန်တွေပြောခဲ့တဲ့အတိုင်း ၂လပင်မပြည့်လိုက်ပါ။ သ သည့်နေ့ကတော့ မမီလိုက်။ ရက်လည်ကိုတော့ ကလေးကသွားချင်သည်ဆိုသဖြင့် သူလည်း သင်တန်းကတစ်ခွင့်ယူပြီးလိုက်လာခဲ့တာဖြစ်သည်။ ကလေးတစ်ယောက်တည်း ပြန်မှာဆိုတော့ စိတ်မချတာလည်းပါသည်။ အဝေးပြေးလမ်းမှာ တစ်ယောက်တည်း ကားမောင်းရတာ အနည်းငယ်တော့ အန္တရာယ်ရှိသည်ဟု ထင်သဖြင့် လိုက်လာခြင်းဖြစ်သည်။

"အာ့ဆို ကိုယ်ခဏအိပ်မယ်နော်"

"အိပ်အိပ်
သီချင်းဖွင့်ပေးရမလား"

"သီချင်းမဖွင့်နဲ့
ကိုယ့်ဖုန်းထဲမှာ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးရဲ့ပရိတ်ကြီး ၁၁သုတ် ရှိတယ်။ bluetoothနဲ့ ဖွင့်လိုက်မယ်"

"ဟုတ်ပါပြီခင်ဗျာ"

ဆရာတော်ကြီး၏ တရားသံကို နားထောင်ပြီး သူလည်း တဖြည်းဖြည်းအိပ်ငိုက်လာတော့သည်။ ထို့နောက်တွင်တော့ စောင်အစနှစ်ဖက်ကို လက်ကကိုင်ပြီး အိပ်ပျော်သွားလေတော့သည်။ သူ့ဘေးက ဒရိုင်ဘာလေးကတော့ သူ့ကိုကို စောင်လွတ်သွားမှာစိုးလို့ ကားမောင်းနေရင်း မကြာမကြာလှမ်းကြည့်နေလေသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now