Chapter 47

26.6K 2.3K 132
                                    

Unicode

သူတို့နှစ်ယောက် အတူနေသည့် နေ့ရက်တွေဟာ လောကနိဗ္ဗာန်ပါပဲ။ သူ့ချစ်သူ ပူတူတူးလေးဟာ ဆိုရင်ဖြင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်ကိုတောင် အရသာရှိအောင် ပြုတ်တတ်သူဖြစ်သည်။ အခုဆိုလျှင် ကိုကို၏ မားမားတုံယမ်းခေါက်ဆွဲပြုတ်ဟာ သူ့ ဖေးဖရိတ် ဖြစ်နေပြီ။ ချဥ်စပ်ခေါက်ဆွဲကို ချဥ်စပ်အနှစ်သာမက တုံ့ယမ်းခဲလည်း ထည့်ပြီး ပင်လယ်စာအချို့နှင့် အရွက်တို့ထည့်ပြုတ်ပေးသည့် ကိုကို့ခေါက်ဆွဲပြုတ်ကို အိမ်လာလည်သည့် သူတိုင်းအကြိုက် menuတစ်ခုလည်းဖြစ်သည်။

ထို့ပြင် ကိုကို အရသာရှိရှိ ချက်ပြုတတ်သည့် စားစရာတွေကလည်းများသည်။ ဒါ့ကြောင့်လည်း ပိတ်ရက်ဆို ကိုကို့သူငယ်ချင်းတွေက ဟင်းချက်စရာအစုံအလင်ဝယ်လာပြီး သူတို့စားချင်သည့် ဟင်းလျာတို့ကို ချက်ခိုင်းသည်။ သူတို့နှစ်ယောက်အိမ်ကို စားအိမ်သောက်အိမ်လိုသဘောထားပြီးတော့ အပန်းဖြေစခန်းလို့ပင် မှတ်ထင်နေကြသလားမပြောတတ်ပါ။ သူတို့အားပြီဆိုတာနဲ့လာလည်ကြသည်။ တစ်ခါတစ်လေဆို ညပင် အိပ်သွားကြသေးသည်။ ကိုကိုရှိတဲ့ အရပ်မှာ နေပျော်တာ သူတစ်ယောက်တည်းတင်မဟုတ်၊ ကိုကိုနှင့် ထိစပ်မိသူအားလုံးဖြစ်သည်။

ကိုကို က သူတာဝန်ယူထားသည့် တစ်ပတ်သုံးရက် မှာလည်း သေချာချက်ပြုတ်ပေးသလို၊ သူ့အလှည့်ဖြစ်သည့် ကျန်လေးရက်မှာလည်း ကောင်းစွာ စားပေးသည်။ မကြိုက်ဘူး၊ မကောင်းဘူး ဘာတစ်ခုမှ မငြီးပဲ သူချက်ကျွေးသမျှ ကို နှစ်ခြိုက်စွာ အကုန်စားသည်။ သူကိုယ်နှိုက်က ဟင်းချက်မတော်ပေမယ့် ကိုကို့ကို ကောင်းမွန်စွာ စားစေချင်သဖြင့် သူလည်းကြိုးစားပြီး ချက်သည်။ youtubeတို့ cooking channelတွေကနေ ဟင်းချက်နည်းတွေလေ့လာပြီး ကိုကိုကြိုက်လောက်မည်ထင်သည့်ဟင်းလျာတို့ကို စမ်းချက်ကျွေးသည်။

"ကိုကို စားကောင်းလား" ဟုမေးတိုင်း

"အင်း
ကောင်းပါတယ်" လို့ အမြဲဖြေတတ်သူလေး သူ့ချစ်သူကြောင့်  သူ့မှာ အမြဲအမောပြေရသည်။

"မောင့်အချစ်တွေထည့်ချက်ထားတာမို့
အကုန်စားရမယ်နော်" ဆိုပြီး သူအကဲပိုတိုင်း သူ့ကိုကိုကတော့ ပြုံးပြုံးလေးနဲ့ စကားနားထောင်ကာ အကုန်စားပေးတတ်သည်။ တစ်ခါတစ်လေတော့ သူ့ကို လက်နှင့်ခွံကျွေးခိုင်းတတ်သေးသည်။ ကိုကိုဟာ သိပ်ကို ပြည့်စုံလိမ္မာသည့်ချစ်သူကောင်းတစ်ယောက်ပါပဲ။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now