Chapter16

25.6K 2.7K 23
                                    

Unicode

မောင်ပြည့်သူတစ်ယောက် ငုပ်တုတ် မေ့နေသည်။ သူ့ရှေ့မှာချထားတဲ့ ဖုန်းစခရင်မှာပေါ်နေသည့် လူတစ်ယောက်မျက်နှာကို ပြူးကြောင်ကြည့်နေရင်းပေါ့။ ထိုဖုန်းထဲမှ လူကလည်း သူ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်လေ။ ခုဏက ရေရွတ်မိသည့်
"ချစ်လွန်းလို့သေတော့မယ်" ဆိုတဲ့စကားအစား အခုတော့ တကယ်ကိုပဲ လန့်ဖြန့်ပီးသေတော့မလိုဖြစ်နေပီ။ အကို့ဆီကဘာစကားမှ စမလာသေးသဖြင့် သူလည်း ဘာမှစမပြောရဲသေး။ ခုဏက သူပြောတာကိုကြားသွားလားမကြားသွားလားလည်း သေချာမသိ။ ဒါပေမယ့် ကြားသွားလို့သာ အခုလ်ိုမျိုးသူ့ကိုစိုက်ကြည့်နေတာပေါ့။ သေချာပါသည်။
သူ့မှာ ဖွင့်ပြောဖို့ သေချာမစဉ်းစားရသေးဘူး။ ဘာမှလည်းကြိုတင်မပြင်ဆင်ရသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ သူခိုးလူမိခံလိုက်ရတဲ့အဖြစ်။ ဟုတ်တယ်။ အကို့အသည်းကိုခိုးမယ့် အသည်းသူခိုးလေ။
​အရေးထဲ ကိုယ့်ဘာသာတွေးပီး ရယ်ချင်မိသဖြင့် မဆိုသလောက်လေး ပြုံးမိသွားသည်။ ဒါကိုမြင်တော့ အကိုက မျက်မှောင်တစ်ချက်ကြုံ့သွားသည်။ ချောင်းတစ်ချက်ဟန့်ပီး လည်ချောင်းရှင်းလိုက်ဟန်ဖြင့်
"ခုဏက ဘာပြောလိုက်တာလဲ" ဟု
ခန့်မှန်းရခက်သည့်လေသံဖြင့်မေးလာသည်။ စိတ်ဆိုးနေသောအသံလည်းမဟုတ်၊ မသေချာပေမယ့် နည်းနည်းလန့်သွားသည်။
"ဘာပြောလိုက်လို့လဲ
အဟီး" ဆိုပီး မျက်နှာချိုတစ်ချက်သွေးလိုက်သည်။ဒါပေမယ့် အကိုကတော့ အပြောင်းအလဲမရှိသောမျက်နှာနှင့်
"ကိုယ် မအိပ်ပျော်သေးဘူး
အာ့ကြောင့် သေချာကြားလိုက်တယ်
ချစ်လွန်းလို့ သေတော့မယ်ဆ်ိုတာ ဘယ်သူ့ကိုပြောတာလဲ"
သူ့ရင်ဖက်ထဲမှာ တဒိန်းဒိန်းခုန်နေသည်။ မဟုတ်ဘူးဆိုပြီးဘူးခံငြင်းလိုက်ရမလား။ သူ့ဖက်ကငြင်းရင် အကိုလည်းဘာမှမတတ်နိုင်။ ဒါပေမယ့် နောက်ကျ အကို့ကိုသူဖွင့်ပြောတဲ့အခါကျ အခက်တွေ့လာနိုင်သည်။ အကိုက သူ့ကိုယုံမှာမဟူတ်တော့။ ဒါ့ကြောင့် ပေါက်သည့်နဖူး မထူးဘူးဆိုပီး၊ ဖြစ်ချင်ရာဖြစ်ကွာဆိုပီး စိတ်ပိုင်းဖြတ်ကာ
"ဟုတ်လား
ပြောလိုက်မိလား" ဆိုပီး ပြုံးစိစိဖြင့်မေးလိုက်သည်။
"ပြောတယ် ပြောတယ်"
"အင်း ဟုတ်တယ်လေ
အဲ့ဒါကလေ
ဟိုဟာလေ"
စကားကထစ်နေသည်။တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုတော့လည်း ပါးစပ်ကမထွက်။ ဒါတောင် ဖုန်းထဲကမို့ တော်သေးသည်။ အပြင်မှာ မျက်နှာချင်းဆိုင်သာဆို သူဘယ်လိုမှပြောထွက်မှာမဟုတ်။ အခုတော့ အကိုစိတ်ဆိုးလည်း ထပီးထိုးလို့ရတာမှာမဟုတ်တာ ဟု အားတင်းပြီး
"အကို့ကို ချစ်လွန်းလို့သေတော့မယ်လို့ ပြောတာ"
"ဘာာာာာာ
လာနောက်မနေနဲ့"
အကို​၏ လန့်သွားပြီး ထအော်လိုက်ပုံလေးကို​က ချစ်စရာကောင်းနေသည်။ မရတော့ဘူး။ ချစ်ပီဆိုမှတော့ အရာရာကို အချစ်နဲ့ပဲ မြင်တော့တာ။
"နောက်တဲ့ပုံပေါ်နေလို့လား"
"မဟုတ်ဘူး
မဟုတ်ဘူး
အဲ့ဒါ က မဟုတ်သေးဘူးလေ"
တ ဘူး တည်း ဘူးငြင်းနေတော့ စိတ်ကတင်းလာပီ။
"ဘာကိုမဟုတ်ရမှာလဲ
ဟုတ်တယ်
ကျွန်တော် အကို့ကို ချစ်တယ်"
"အမ်
ဘာကြီး"
နောက်ထပ်တစ်ခါ လန့်ဖြန့်သွားဟန်ဖြင့် ထအော်သည်။ မလန့်ပါနဲ့ အကိုရယ်၊ ဒီကညီလေးက အတည်ကြံမှာပါ။
"ထပ်ကြားချင်လို့လား"
အဲ့လိုမေးလိုက်တော့မှပဲ
"မဟုတ်ပါဘူး" တဲ့။
"ဒါဆို ဘာလို့မေးနေတာလ"
"မင်းပြောတာကရော အဓိပ္ပါယ်ရှ်ိလို့လား"
"ဘာလို့ အဓိပ္ပါယ်မရှိရမှာလဲ"
"မင်းကိုယ့်ကိုအပြင်မှာတောင်မြင်ဖူးလို့လား
ကိုယ်လူဆိုးလား လူကောင်းလားဆိုတာလည်းသိလို့လား
ကိုယ့်အကြောင်းကိုရော ဘယ်လောက်သိလို့လဲ
အဲ့တာထက်ကို
ကိုယ်က ယောက်ျားလေးတစ်ယောက်လေ
ချစ်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဟုတ်တယ်
ကျွန်တော် အကို့ကိုမမြင်ဖူးဘူး
အကိုလူဆိုးလားလည်းမသိဘူး
လူလိမ်လားလည်းမသိဘူး
ဒါပေမယ့် ကျွန်တော်ချစ်တယ်
အကိုက ယောက်ျားလေး
အဲ့တာကြောင့် ကျွန်တော်အများကြီးတွေးခဲ့တယ်
တွေးရလွန်းလို့ ခေါင်းတွေလည်းပူနေပီ
ဒါပေမယ့် အကို့ကိုချစ်မိပီးသွားပြီ
ကျွန်တော်မတတ်နိုင်တော့ဘူး"
"မဟုတ်ဘူး
အဲ့ဒါ ကိုယ်နဲ့ နီးစပ်သလိုဖြစ်သွားလို့
စိတ်ယိုင်တာပါ
အချစ်ကအဲ့လောက်မလွယ်ဘူး"
"လွယ်တယ်
ခက်တယ်ပြောရအောင်
အချစ်က ပုစ္ဆာမဟုတ်ဘူးဗျ
အချစ်ကခံစားချက်
ကျွန်တော့်ခံစားချက် ကျွန်တော်သိတယ်"
"မင်း ကိုယ့်ကို အော်နေတာလား"
စိတ်ပါသွားလို့ အော်ပြောမိတာကို။ ရည်းစားစကားပြောနေတာကို အော်မလားလို့။ ဘယ်လို ပြောရခက်တဲ့လူကြီးလဲ။ မျက်မှောင်ကြီးကျုံ့ပြီး ဆူထော်နေတဲ့နှုတ်ခမ်းတွေကို အသည်းယားလိုက်တာနော်။
"ဘယ်မှာအော်နေလို့လဲ"
"အခုအသံအကျယ်ကြီးနဲ့ပြောတာ အော်တာပဲ"
"အကိုနော်
မစွပ်စွဲနဲ့
ရည်းစားစကားကို ဘယ်သူကအော်ဟစ်ပြောမှာလဲ
နားလည်အောင်ရှင်းပြတာ"
"မင်းအသက်ဘယ်နှနှစ်လဲ
ပြော"
"၂၁လေ
အကို့ကိုပြောဖူးတာပဲကို
မှတ်မထားဘူးလား
အလေးအနက်ကိုမရှိဘူး"
"ဘာာာာာ
​မင်းနော်
အဲ့ဒါထားလိုက်
ကိုယ့်အသက်ကရော ဘယ်လောက်လဲ"
"၂၆"
"အေး
အာ့မှာတင် ကိုယ်နဲ့မင်းနဲ့ အသက်၅နှစ်ကြီးများတောင်ကွာတယ်"
"အဲ့တော့"
"ဘာ အဲ့တော့လဲ
အသက်အာ့လောက်ကွာနေတာကို
မင်းကိုယ့်လိုအဖိုးကြီးတစ်ယောက်ကို လာကြိုက်တယ်ဆိုတာ
ဘယ်လိုဖြစ်နိူင်မှာလဲ"
"အကိုက အဖိုးကြီးမှမဟုတ်တာ
ကျွန်တော့်မျက်စိထဲမှာတော့ ကလေးပိစိလေးလို့ပဲမြင်တယ်
အသက်လေး၅နှစ်ကွာတာနဲ့မချစ်ရတော့ဘူးတဲ့လား
နောက်ပြီး
အကိုနော်
စကားကိုဆင်ခြင်"
"ကိုယ်က ဘာကိုဆင်ခြင်ရမှာလဲ"
"ကျွန်တော်
အကို့ကို ချစ်တာ
ကြိုက်တာမဟုတ်ဘူး
အဲ
ကြိုက်လည်းကြိုက်ပါတယ်
ဒါပေမယ့် ချစ်တာ"
"မင်းးးး
ပိုပိုဆိုးမလာနဲ့"
"ချစ်လို့ချစ်တယ်ပြောတာပဲ
ပြောမှာပဲ"
"မင်းးးးး"
အကိုဒီတစ်ခါတော့ တကယ် ဒေါသထွက်သွားပုံရသည်။ မင်း ဆိုပြီး မျက်လုံးကြီးပြူးပီးအော်နေတာ။ ချစ်ဖို့ကောင်းလိုက်တာ။ အကိုကဒေါသထွက်နေချိန်လည်း ချစ်စရာကောင်းတာပဲ။ နှားခေါင်းလေးက ပွစိပွစိနဲ့။ ပါးစပ်က ပွစိပွစိပဲမြင်ဖူးတယ်။ အကို့ကျမှ နှားခေါင်းထိပ်လေးက ပွစိပွစိဖြစ်နေတာ။ အမျိူးမျိုးကို ဆွဲဆောင်နေတော့ပါလားအကိုရေ။
"တော်ပီ
ညနက်နေပီ
အိပ်တော့
အိပ်ရေးမဝရင် မျက်လုံးတွေစပ်ပီးခေါင်းကိုက်နေအူးမယ်"
ခပ်တည်တည်နဲ့ အိပ်ခိုင်းလိုက်သည်။ သူ့ရဲ့ အကိုက အိပ်ရေးမဝရင် ခေါင်းကိုက်တတ်သည်လေ​။ ဂရုစိူက်ပေးရမယ်။
"အပိုတွေပြောမနေနဲ့"
"ကျွန်တော်အပိုပြောလားမပြောလား
အကိုအသ်ိဆုံးပါ
အိပ်တော့နော်
လိမ္မာတယ်"
"မင်းနော်
ပြောလေဆိုးလေ"
"အယ်ဗျ
အကောင်းပြောနေတာကို
ဒါဆို အကိုက မအိပ်သေးပဲ ကျွန်တော်နဲ့ ဖုန်းပြောချင်သေးလို့လား
ကျွန်တော်ကရတယ်နော်"
အဲ့လိုပြောလိုက်တော့မှ ချက်ချင်းကြီးကိုပြာပြာသလဲ ငြင်းတော့သည်။
"မပြောပါဘူး
အိပ်မှာ
ဒါပဲ
​မင်းလည်း ညနက်ထိမနေနဲ့"
"ဟုတ်ကဲ့ပါခင်ည
နူးညံ့တဲ့အမ်ိန့်တော်အတိုင်းပါ"
"ပိုတာ
တအားကိုပဲ"
နှုတ်ခမ်းဆူလေးနဲ့ ပြောဖြစ်အောင်ပြောသွားသေးသည်။
သူကတော့ လာမယ့်ဘေးပြေးတွေ့ပီးပီ။ အခုချိန်ထိတော့
အရမ်းကြီးအခြေအနေမဆိုးသေးဘူး။ သူ့ကိုမဘလော့သွားသေးဘူးလေ။ ဒါအခြေအနေကောင်းတာလို့ ယူဆရမှာလား။ သူ့ရဲ့လူကြီးလေးကို ချစ်လိုက်ရတာ။
​အကိုရေ၊ အကိုပြန်မချစ်လို့မရဘူးနော်။ ကျွန်တော် ကတော့ ကျွန်တော့အချစ်တွေရော၊ ဘဝတစ်ခုလုံးကိုပါ အကို့ဆီ အပ်နှံလိုက်ပီ။ ကျွန်တော့်ဘဝကို အကို့အချစ်တွေနဲ့ ကယ်တင်မှပဲရမယ်။
"Good night
Sweet Dream
I love you" ဆိုတဲ့စာလေးကို မအိပ်ခင်ပို့လိုက်ပီးမှ စိတ်ချလက်ချ အိပ်လိုက်သည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now