Book ❤️📚❤️

13.2K 656 115
                                    

အားလုံးပဲ မင်္ဂလာပါ
မတွေ့ရတာကြာပြီနော်
နေကောင်းကြတယ်ဟုတ်
အကြာကြီးနေမှ ပုံပြင်ချစ်သူတွေထံကို စာပြန်ရေးဖြစ်တာဆိုတော့ ပထမဆုံးစာရေးတုန်းကလိုပဲ ရင်တွေ ပြန်ခုန်လာပြီ။

Ownlishရဲ့ မဟောင်းတဲ့ပုံပြင်လေး စာအုပ်အနေနဲ့ ထွက်ရှိလာတော့မယ်ဆိုတာ သိတဲ့သူတွေလည်း သိပြီးပြီ ထင်ပါတယ်။
မသိသေးတဲ့သူလေးတွေလည်း ရှိနိုင်လို့ အခု ဒီစာလေးနဲ့အတူ အသိပေးလိုက်ပါတယ်။
Orderတင်ရမယ့် စာအုပ်တိုက် ပေ့ချ်ကို အောက်မှာ ပြထားပါတယ်ရှင့်.
နှစ်သက်လို့ စာအုပ်အနေနဲ့ အမှတ်တရသိမ်းချင်တဲ့သူလေးတွေရှိရင် မှာယူလို့ရပါပြီရှင်။
စာအုပ်တန်ဖိုးကတော့ ကာဗာကို soft coverအနေနဲ့က 5700/hard coverအနေနဲ့က 7700 ပါတဲ့ရှင့်
ကြိုက်တဲ့အမျိုးအစားနဲ့ မှာယူလို့ရပါတယ်တဲ့။
စာရွက်သားကတော့ creamyသားလို့ပြောပါတယ်ရှင့်။

အဓိက ownlsihပြောချင်တာက မဟောင်းတဲ့ပုံပြင်ကို အမှတ်တရအနေနဲ့ထုတ်တာမို့ ဒီတစ်ကြိမ်ပဲ ထုတ်ဖြစ်ဖို့ များပါတယ်။ instockလည်းထားမှာမဟုတ်ပါဘူး။ မှာယူတဲ့အရေအတွက်အတိုင်းပဲ ထုတ်မှာဆိုတာလေးကိုလည်း ပြောချင်ပါတယ်ရှင့်။
နောက်ပြီး စာအုပ်ထုတ်တဲ့အတွက် Ownlishဟာ စာမူခကို လုံးဝ(လုံးဝ)မယူထားပါဘူး။
အစက စာမူခယူပြီး တစ်နေရာရာမှာ လှုုဒါန်းလိုက်မယ်လို့တွေးမိပေမယ့် နောက်ဆုံး ownlsihကို ပေးမယ့် စာမူခကို စာအုပ်တန်ဖိုးမှာပဲ ဈေးလျော့ပေးပါဆိုပြီးတောင်းဆိုဖြစ်ခဲ့ပါတယ်။
စာအုပ်တန်ဖိုးများနေရင် ချစ်ရတဲ့စာဖတ်သူတွေ အခက်အခဲဖြစ်နေမှာဆိုပြီး နည်းနည်းလေးမှ ဈေးသက်သာပါစေဆိုတဲ့ ဆန္ဒလေးတစ်ခုကြောင့်ပါ။
ဒါဟာ စာဖတ်သူ ချစ်တို့ရဲ့ မေတ္တာနဲ့ယှဉ်ရင် ownlishဖက်က ပြန်ပေးနိုင်ခဲ့တဲ့ မေတ္တာပိစိလေးပါ။
Ownlishက မြန်မာပြည်မှာရှိမနေသေးလို့ စာအုပ်မှာ လက်မှတ်မထိုးပေးနိုင်ခဲ့ပေမယ့် စာအုပ်တိုင်းမှာ ownlishရဲ့ အချစ်တွေပါပါတယ်။
Coverပုံလေးကို ownlishကိုယ်တိုင် တွေးထားခဲ့တဲ့အတိုင်း၊ ပြောတဲ့အတိုင်း ရအောင် ဆွဲပေးခဲ့တဲ့ artistကိုလည်း ကျေးဇူးတင်ရပါတယ်။
Ownlishက ဂျီးမများပါဘူးဆိုပြီး ဟိုလိုလေးလုပ်ပေးပါ၊ ဒီလိုလေးလုပ်ပေးပါဆိုပြီး အများကြီးပြောမိခဲ့လို့ အားနာခဲ့ရသေးတယ်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now