Chapter 23

24.6K 2.4K 55
                                    

Unicode

ကိုကြီးပြည့်သူတစ်ယောက် မန်းလေးပြန်ရောက်ကတည်းက တစ်ခါမှမရှုပ်ဖူးတဲ့အလုပ်တွေနှင့် ပတ်ရှုပ်နေသည်။Fbတွင် တွေ့ရသည့် အလုပ်ခေါ်စာတွေလိုက်ဖတ်ခြင်း၊ သူငယ်ချင်းတွေကို အလုပ်လိုက်မေးခြင်း စသည်တို့ပေါ့။ သူ့လို သာမန်ဘွဲ့ရ၊ ဘာ certificate၊ ညာ certificateမှ မရှိသူတစ်ယောက်အတွက် ရနိုင်သည့်အလုပ်တွေကလည်း နည်းပါးပါသည်။ အဲ့တော့လည်း တစ်ခုကောင်းသွားတာပေါ့။ ဟိုအလုပ်လျှောက်ရမလား၊ ဒီအလုပ်လျှောက်ရမလား တွေဝေနေစရာမလိုတော့။

သူရနိုင်မည့်အလုပ်တွေကို ရွေးစုပြီး CV formတွေပို့ဖို့ပြင်ရသည်။ သူမန်းလေးပြန်မည့်အကြောင်း ကိုကို့ကိုပြောတော့ ဘာလို့ပြန်မှာလဲ ဟု မေးသည်။ သူအလုပ်လုပ်ချင်ကြောင်း၊ အလုပ်ရှာမည့် အကြောင်း ပြောပြလိုက်သည်။ ကိုကိုက အရင်ကရော အလုပ်လုပ်ဖူးသလားဟု မေးတော့ storeပိုင်းမှာ ၈လလောက်လုပ်ဖူးကြောင်းပြောပြလိုက်သည်။ ဒီတစ်ခါလည်း အတွေ့အကြုံရှိသည့် စတိုပိုင်းကနေ အလုပ်လျှောက်မည့် အကြောင်းလည်း ပြောပြတော့ ဘာသင်တန်းတွေတက်ဖူးလဲ ဟု ကိုကိုကမေးသည်။ အခြေခံ ကွန်ပျုတာသင်တန်းတောင် မတက််ဖူးသည့်အကြောင်းကို ရှက်ရှက်နှင့်ပဲ ဝန်ခံရသည်။ ကိုကိုကတော့ ဘာမှမပြောခဲ့ပါ။ အဲ့တုန်းက ဘာမှမပြောခဲ့တော့ သူနှင့်ပတ်သတ်ပြီး ကိုကိုက သိပ်စိတ်မဝင်စားဘူးဟု ထင်ခဲ့သည်။ ဒါပေမယ့် သူအတွေးမှားခဲ့ခြင်းဖြစ်သည်။

ထိုညနေက ကိုကို့ ဆီက screen shotပေါင်း မြောက်များစွာ ပေးပို့ခြင်းခံရသည်။ အလုပ်အကိုင်အခွင့်အလမ်း group များမှ အလုပ်ခေါ်စာတွေကို ရိုက်ထားသည့် screen shotတွေဖြစ်သည်။ တစ်ချို့ အေဂျင်စီနှင့် ချိတ်ထားသည့် အလုပ်ခေါ်စာများလည်း ရှိသဖြင့် အေဂျင်စီလိပ်စာတွေကိုလည်း ပေးပို့လာသည်။ ထို့အပြင် သူပြင်ထားတဲ့ CV Form ကိုပါ ပြပါဆိုသဖြင့် ဓါတ်ပုံရိုက်ပို့လိုက်သည်။ ကိုကိုက သူ့ထံဖုန်းခေါ်လာပြီးတော့

"ဘာလို့ CV ကို လက်ရေးနဲ့ ရေးတာလဲ"

"ဟင် ဘာလို့လဲ"

"လက်ရေးနဲ့ ရေးတာထက် ကွန်ပျူတာနဲ့ ရိုက်တာက ပိုကောင်းလိမ့်မယ်"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now