Unicode
ဒီနေ့တော့ မောင်ပြည့်သူတစ်ယောက် ဂျယ်လီတွေအတောင့်လိုက်နင်ပြီး၊ ဂျယ်လမက်တွေလည်း တစ်လုံးပြီးတစ်လုံးမြိုနေသည်။ တရားခံကဘယ်သူလဲဆိုတော့ ဇကာပေါက်ဆိုတဲ့ တရုတ်မလင် facebook တီထွင်တဲ့ကောင်ပေါ့။ ဒင်းတီထွင်ထားတဲ့ fbကြောင့် သူ့မှာ ဂျေတွေကိုက်နေရသည်။
သိတဲ့အတိုင်း သူက facebook သုံးသူမဟုတ်။ Instragramပဲသုံးတာ။ ဒါပေမယ့် ကိုကိုက facebookပါသုံးတော့ သူလည်း D ထားတဲ့ သူ့ fb accကို ဖုန်ခါပြီး ပြန်သုံးဖို့ လုပ်သည်။ fb ကိုဖွင့်ဖွင့်ပြီးချင်း ကိုကို့အကောင့်ကို သွားအပ်သည်။ကိုကို့acc ပရိုဖိုင်ပုံက black and white လေး။ နောက်ကျောပေးထားပြီး ပြန်လှည့်ပြီး ပြုံးပြနေတဲ့ပုံလေး။ အဖြူအမဲပုံလေးထဲမှာတောင် အချောမပျက်ဘူး။အဲ့ထိအကောင်း။ သူ့အကောင့်ကို ကိုကို accept လုပ်ပြီးတဲ့နောက် ကိုကို့timelineကိုဝင်မွှေတဲ့အခါမှာ ပြဿနာကစတာ။ လားလား ကိုကိုတင်ထားသမျှပုံတွေမှာ like ထောင်ချီနှင့် love react တွေမှလည်း ပလူကိုပျံလို့။ react တင်လားဆိုတော့ မကဘူး။ ကွန်မန့်တွေကပါ သူ့ကိုသွေးတက်စေသည်။"ကိုကြီးက အမြဲချောနေတာပဲ"
"အမြဲတမ်းချောနေရတာ မပင်ပန်းဘူးလား"
"Oh, Don't look at me like this Ko Gyi"
"အမောပြေလေး"
"အသည်းတစ်ခြမ်း"
စသည့် မန့်တွေအပြင် တစ်ချို့ဆို သူတို့သူငယ်ချင်းတွေကိုပါ မန်းရှင်းခေါ်ထားလိုက်သေး။ ဘာတဲ့ "ငါ့ boyfriend material ကဒီအကိုပဲ" တဲ့။ ဘာတွေလဲ။ ကိုကို့အကောင့်မှာ friend ကလည်းထောင်ချီရှိသည်။ followers တွေကလည်း K ကျော်သည်။ ဟားးးးး။ ကိုကို့ post တစ်ခုကြည့်ပြီးတိုင်း သွေးတစ်ခါ တက်ရလွန်းလို့ သူကတော့ မကြာခင် သွေးအန်သေလိမ့်မည်။ ကိုကို fbသုံးတဲ့သက်တမ်းက ကြာပြီမို့ friend တွေ followerတွေအများကြီးရှိတာကို သူနားလည်ပါသည်။ ဒါပေမယ့် သူ့ကိုကို ကို အလကားရသလို ပစ်မှားနေကြတဲ့ မန့်တွေကိုတော့ မခံစားနိုင်ပါ။ public မှာတောင် ဒီလောက် မန့်ထားကြတာ cb မှာလည်း စကားလာပြောသူတွေရှိမှာပင်။ ဟမ်းး။ တွေးရင်း ရင်တွေပူလိုက်တာ။ ဒီမန့်ပြဿနာစီရင်ခန်းကို သူဘယ်လိုဖြေရှင်းရပါလိမ့်။

ESTÁS LEYENDO
မဟောင်းတဲ့ပုံပြင်
RomanceUnicode လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ့ ပျောက်ကွယ်သွားရတယ်။ သူတို့နှစ် ယောက်ရဲ့ပုံပြင်ကတော့ ဘယ်တော့မှမဟောင်းမယ့်ပုံပြင်တစ်ပုဒ်ပါပဲ။ Zawgyi လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ...