Chapter 34

28.8K 2.5K 111
                                        

Unicode

ရန်ကုန်ကို ပြန်ရောက်ကတည်းက ဖြိုးမိုးမှာ အလုပ်တွေရှုပ်နေခဲ့သည်။မြန်မာနိုင်ငံက အင်ဂျင်နီယာများနှင့် IT သမားများကို ဂျပန်က IT လုပ်ငန်းများနှင့် အလုပ်မိတ်ဆက်ပေးသည့် ကုမ္မဏီတစ်ခုမှ သူတို့ထံသို့ ကမ်းလှမ်းချက်တစ်ခုပေးပို့ထားသည်။ ထိုအလုပ်အကိုင်မိတ်ဆက်ပေးသည့် ကုမ္မဏီ​၏ မိခင်ပင်ရင်းဌာနက ဂျပန်မှာဖြစ်ပြီးတော့ သူတို့ကိုယ်တိုင်က IT companyဖြစ်သည်။ ဂျပန်နိုင်ငံရဲ့ ကလေးမွေးနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုတွေ များပြားလာတဲ့ ရိုက်ခက်မှုကြောင့် ပြည်ပမှ အလုပ်သမားအင်အား လိုအပ်ချက်ကကြီးမားသည်။ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံဖြစ်သည့်အားလျှော်စွာ သာမန်ဝန်ထမ်းတစ်ယောက်၏ အခြေခံလစာကပင်လျှင် ကိုယ့်နိုင်ငံနှင့်ယှဥ်လျှင် ၁၀ဆလောက်ကွာဟနေသဖြင့် တော်တော်များများက ဂျပန်သို့ သွားရောက်လုပ်ကိုင်လိုကြသည်။ ငွေဆိုတာ ဒုတိယဘုရားသခင်ဖြစ်နေတဲ့ ဒီခေတ်ကြီးမှာ ပြည်ပထွက်ခွာပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေကြသည့် လူငယ်တွေ အပြစ်လည်းမဟုတ်ပေ။

ထိုကုမ္မဏီက သူတို့ ပင်ရင်း ဌာနကိုလည်း IT သမားများကို စေလွှတ်ပေးသည်။ သူတို့နှင့် မိတ်ဖက် ပါတနာ ကုမ္မဏီများသို့လည်း မိတ်ဆက်ပေးသည်။ ယခုလည်း ဖြိုးမိုး​၏ ကုမ္မဏီနှင့် လက်တွဲလုပ်ချင်သည် ဟု ကမ်းလှမ်းလာသည်။သူတို့ အလုပ်အနေနှင့် ဌာနခွဲများသို့ လည်း ဝန်ထမ်းများကို အမြဲပို့ပေးနေရသဖြင့် သူတို့လည်း မကြာခဏ ဝန်ထမ်းအသစ်ခေါ်ယူရသည်။ ဖြိုုးမိုး ပြန်မလာခင်ကတည်းက ကုမ္မဏီက HR teamနှင့်ဆွေးနွေးခဲ့တော့ ထိုကုမ္မဏီကပေးပို့လာသော အချက်အလက်တွေကိုလည်း ဖတ်ရှုပြီးပြီ။ စုံစမ်းရသလောက်လည်း နာမည်ကောင်းသည်။ လူကြီးပိုင်းတွေအချင်းချင်းကလည်း ယခင်ကတည်းက အနည်းအကျဥ်းသိပြီးသားဖြစ်၍ ပြဿနာမရှိ။ ထို့ကြောင့် ဖြိုးမိုးက တာဝန်ခံအနေနဲ့ မြန်မာပြည်ပြန်တာနှင့် ကြုံသည့်အခိုက်မို့ သွားရောက်လေ့လာခဲ့စေချင်တာဖြစ်သည်။ အင်း သူ့အနေနဲ့ကတော့ Management team ရော HR team က ပေးလိုက်သောအချက်များနှင့် project team leaderတစ်ယောက်အနေနဲ့ သူလိုချင်သည့်အချက်အလက်များကို ပြောဆိုဆွေးနွေးရုံပဲဖြစ်သည်။ ဝန်ထမ်းအသစ်ခန့်တိုင်း ဖြိုးမိုးတို့လို team leaderတွေက ၃လလောက် trainပေးနေကျဖြစ်သည်။ တစ်ခါတစ်လေဆိုလည်း interview မှဝင်ထိုင်ပေးနေကျမို့ HRပိုင်းက သူ့ကိုအကူအညီတောင်းခြင်းဖြစ်သည်။ ဝန်ထမ်းအသစ်ခေါ်ယူလိုတဲ့အခါကျမှ လှမ်းဆက်သွယ်ပြီး မိတ်ဆက်ပေးခိုင်းမှာဖြစ်သည်။ဒါတွေက နောက်ပိုင်းကျမှ HR ကလုပ်လိမ့်မယ်။အခုကတော့ ကုမဏီချင်းသဘောတူစာချုပ်ချုပ်ဖို့ အတွက် စာရွက်စာတမ်းအနည်းငယ်မှာ လက်မှတ်ထိုး တံဆိပ်တုံးထုရုံပါပဲ။

မဟောင်းတဲ့ပုံပြင်Onde histórias criam vida. Descubra agora