Chapter 11

24.7K 2.6K 26
                                    

Unicode

ဖြိုးမိုးတစ်ယောက် ဒီနေ့အလုပ်ထဲမှာ အမှားတွေများနေသည်။ တစ်ချိန်လုံးတွေးချင်ရာတွေ တွေးနေမိမှတော့ မမှားခံနိုင်ရိုးလား။ ကွန်ပျူတာစခရင်ကိုကြည့်နေလည်း သူ့မျက်လုံးထဲဘာကိုမှ မမြင်နိုင်။ ညတုန်းက အိပ်မက်ကိုသာ ပြန်မြင်ယောင်နေသည်။ သူကတော်ရုံအိပ်မက်မက်လေ့ရှိသူမဟုတ်။ သူ့စိတ်ထဲ စွဲနေသည့်အရာတွေ၊ သူမတတ်နိုင်လိုက်သည့်အရာတွေသာ ရံဖန်ရံခါ အိပ်မက်မက်တတ်သူဖြစ်သည်။ ဥပမာ နေ့လည်ခင်းအပြင်ထွက်ရင်း သူအလွန်အမင်းကြိုက်မိသည့်အင်္ကျီတစ်ထည်ကို စျေးမတတ်နိုင်လို့ မဝယ်မိသည့်အခါ ညအိပ်မက်ထဲမှာ ထိုအင်္ကျီကို ဝယ်ဝတ်ကြည့်နေတာမျိုးပေါ့။ တော်ရုံကိစ္စလောက်ကတော့ သူ့စိတ်ထဲမရောက်တတ်။ ထို့ကြောင့် အိပ်မက်လည်းမမက်ဖြစ်။ ဒါဆိုညတုန်းက အိပ်မက်မက်ရခြင်းအကြောင်းက သူစိတ်စွဲနေလို့ပေါ့။ ပေါက်ပေါက်ဆုပ်က စနောက်လိုက်တာလောက်လေးနှင့်တော့ အာ့လောက်ထိစိတ်စွဲစရာမရှိ။ ဒါဆိုအစကတည်းက ဒီကောင်လေးနှင့်ပတ်သတ်ပြီး သူ့စိတ်ထဲမှာ နေရာယူနေပြီလား။ ဘာလို့ဒီလိုမျိုးကြီး အိပ်မက်မက်တာလဲ။ သောက်ကျိူးနည်း မင်္ဂလာဆောင်တဲ့အထိကြီး မက်ပစ်လိုက်တာတော့ သူလွန်နေပီ။ နှိုးစက်ကယ်လိုက်လို့သာ အနမ်းမခံလိုက်ရခြင်းပင်။ ထိုကဲ့သို့တွေးချင်တိုင်းတွေးပြီး အလုပ်လုပ်နေမှတော့ မှားချင်တိုင်းမှားပီပေါ့။ အလုပ်တွေလည်း မပြီး။ deadline က ဖင်နားကပ်နေပီ။ ဒီနေ့ကတော့ သေချာပေါက်အချိန်ပိုဆင်းရပြီပဲ။
ည ၈နာရီခွဲလောက်ကျမှပဲ အလုပ်တွေလက်စသတ်နိုင်တော့သည်။ တစ်နေ့လုံး စိတ်ရောလူရောပင်ပန်းသွားတာနှင့် အိမ်ပြန်ရထားစီးတော့ ငိုက်ပြီလေ။ ဆင်းရမည့်ဘူတာရောက်တာလည်းမနိုး။ နှစ်ဘူတာလောက်ကျော်ပါသွားပြီးမှ နိုးတော့သည်။ ရထားပေါ်ကကမန်းကတန်းဆင်း၊ သူ့ဘူတာဖက်သွားမည့် ရထားပြန်ပြောင်းစီး။ ဒီလိုနဲ့ အိမ်ပြန်​ရောက်တော့ ၉ခွဲနေပြီ။ လူကအရမ်းနှုံးချိနေတော့ ဘာမှလည်းမစားချင်။ ရေချိူးပီး နွားနို့တစ်ခွက်သောက်ကာ အိပ်ယာတန်းဝင်လ်ိုက်တော့သည်​။ ဒီနေ့အတွက် သူ့ဦးနှောက်တွေ အနားယူဖို့လိုနေပြီလေ။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now