Extra 2

24.4K 2.4K 206
                                    

Unicode

သူ့ရဲ့ခန္ဓာကိုယ်အနှံ့ကို ငှက်မွှေးအဖျားလေးနဲ့ ပွတ်သတ်နေသလို မရိုးမရွ ခံစားနေရသည်။ပခုံးပေါ်ကနေ လက်ဖျားအထိ ဖွဖွလေး ထိခတ်သွားတဲ့ အထိအတွေ့။ လေတိုးသံသဲ့သဲ့ကြားလိုက်ရပြီး ပူထူသွားတဲ့နားရွက်။ ထိုလေတိုးသံသဲ့သဲ့က သူ့ဂုတ်ပေါ် ကို ကျုးကျော်တိုက်ခတ်သွားပြီး ကျောပြင်ထိ ဆင်းသက်သွားသည်။ သူ့ရင်ဖက်တွေဟာလည်း တင်းတင်းကြပ်ကြပ် ဖိချေခံနေရသလိုပဲ။ နေလို့မရတဲ့ ခံရခက်မှုတွေကြောင့် သူ့ခြေထောက်နှစ်ဖက်ကို လိမ်ယှက်ထားလိုက်မိသည်။ သူ့အဖြစ်က တိမ်တွေပေါ်ကို ရောက်နေသလိုလို။ လေဟာနယ်မှာ လွင့်ပျံနေသလိုလို။

မသိစိတ်ကနေ တဖြည်းဖြည်း သတိကပ်ပြီး အသိစိတ်ဝင်လာသည်။ သူအိပ်မက်မက်နေတာပဲ။ ဒါပေမယ့် အိပ်မက်မက်နေတာဆို မျက်လုံးဖွင့် နိုးလာပြီဆိုတာနဲ့ အိပ်မက်ကပျောက်သွားရမှာမဟုတ်ဘူးလား။ အခုက ဘာလို့ ထိုရွစိရွစိ အထိအတွေ့က ပျောက်မသွားသေးတာလဲ။ နိုးတစ်ဝက်ဖြစ်နေသေးတာလား။ ဖြိုးမိုးတစ်ယောက် ကိုယ့်ကိုဘာဖြစ်နေလဲ သုံးသပ်ပြီး တစောင်းအိပ်နေသည့် ကိုယ်ကို အနေအထားပြောင်းဖို့ကြိုးစားလိုက်သည်။ အဲ့တော့မှ သူဘာဖြစ်နေလဲ သဘောပေါက်တော့သည်။

သူအိပ်မက်မက်နေခဲ့တာမဟုတ်ပါ။ နောက်ကနေ သူ့ကိုသိုင်းဖက်ထားသည့် အမျိုးကောင်းသား ပေါက်စက သူ့ကို စိတ်ကြိုက်ထိတွေ့နေတာဖြစ်သည်။ အခုဆို သိုင်းဖက်ထားသည့်လက်တွေက ဝမ်းဗိုက်မှတစ်ဆင့် တစ်နေရာကိုသွားဖို့ ကြိုးစားနေသေးသည်။ သူ့ရင်ဖက်ကိုလည်း ဘယ်လောက်တောင် ပွတ်ချေထားသည်မသိ။ ရင်တွေတောင်နာရပါသည်။

နိုးနိုးချင်း ထိကပါးရိကပါးလုပ်ခံနေရသည်။ မဟုတ်သေးဘူး။ ထိကပါးရိကပါးအလုပ်ခံရလို့ သူနိုးလာတာ။ ဗိုက်ကနေတဆင့် တြိဂံနယ်မြေကို ဆင်းသက်ဖို့လုပ်နေသည့်လက်တွေကို အသာရိုက်လိုက်သည်။

"ဘာလုပ်ဖို့ကြိုးစားနေတာလဲ ညီလေး"

ရိုက်လည်းရိုက်၊ မေးလည်းမေးလိုက်သည်။ အဟဲဆိုတဲ့ရယ်သံတစ်ချက်နှင့်အတူ

"အကိုကြီးကို ဝှိုက်ဖို့ ကြိုးစားနေတာပါ" တဲ့။ မခန့်တာက

မဟောင်းတဲ့ပုံပြင်Where stories live. Discover now