Chapter 19

25.7K 2.6K 53
                                    

Unicode

ဖုန်းက alarmသံကြောင့် ဖြိုးမိုး လန့်နိုးလာသည်။ နိုးနိုးချင်း ဦးနှောက်က ချက်ချင်းအလုပ်မလုပ်နိုင်သေး။ ယောင်တောင်တောင်ဖြစ်နေသေးသည်။ ပြီးမှဖုန်းကိုယူပြီး  အဆက်မပြတ် မြည်နေသည့် alarmသံကို ပိတ်လိုက်သည်။ alarm ကိုပိတ်ရင်းနဲ့ ဖုန်း screenမှာပေါ်နေတဲ့ messageကြောင့် မျက်လုံးနည်းနည်းပြူးသွားသည်။ ဘာတဲ့

"ကိုကိုရေ
ကိုကို့ကို အရမ်းချစ်မိနေပြီ" ဆိုပါလား။ နေပါဦး။ဒီကလေးသူ့ကို ဘယ်တုန်းက ကိုကိုလို့ ပြောင်းခေါ်သွားတာလဲ။ မနေ့ကအထိ အကို လို့ခေါ်တာပါ။ မနေ့ကဆိုမှ ညက ဒီကလေးနဲ့ဖုန်းပြောမိသေးလား။နည်းနည်းလောက်စဥ်းစားလိုက်တာနှင့် ခေါင်းက ကိုက်လာသည်။ ဟုတ်သားပဲ၊ သူမနေ့က ဝိုင်တစ်ပုလင်းလုံးကုန်အောင်သောက်မိထားတာ ခေါင်းကိုက်မှာပေါ့။ ခေါင်းကြည်သွားအောင် မြန်မြန်ဆန်ဆန် မျက်နှာသစ်ဖို့ပြင်လိုက်သည်။ ဘေစင်မှာ မျက်နှာသစ်ပြီး သွားတိုက်နေရင်း ခုဏက တွေးလက်စကို ဆက်စဥ်းစားလိုက်သည်။

ညက သူသောက်ပြီး တော်တော်လေးမူးလာတာနဲ့ အိပ်ယာဝင်လိုက်သည်။ အိပ်ယာပေါ်ရောက်မှ ဖုန်းလာသံကြောင့် ဖုန််းကိုင်လိုက်သေးသည်။ အဲ့ဖုန်းက ဘယ်သူပါလိမ့်။ သွားတိုက်ရင်းစဥ်းစားရင်း ရေးတေးတေးပေါ်လာသည်။ ညက သူကလေးနဲ့စကားပြောခဲ့သေးတာပဲ။ ဘာတွေပြောမိပါလိမ့်။ မူးရင် ပြောချင်တာပြောချတတ်တဲ့သူ့အကျင့်သူ သိသဖြင့် ဘာတွများ စကားလွန်မိသွားသေးလဲ။ စဥ်းစားစမ်း။ ဒါပေမယ့် ဘယ်စဥ်းစားစဥ်းစား ပြတ်ပြတ်သားသားပေါ်မလာဘူး။ အားးးးးးး ခေါင်းတွေမူးလာပြီ။ တော်ပြီ၊ ညကျမှ အဲ့ကလေးကိုမေးတော့မယ်။

အဝတ်အစားသွက်သွက်လဲပြီး ရထားချိန်မီအောင် မနက်စာကိုလည်း တက်သုတ်ရိုက်စားလိုက်ရသည်။ ရထားပေါ်ရောက်မှာ ဟိုကလေးကို သတိရသွားလို့ ဖုန်းထုတ်ပြီးတော့

"မောနင်း
ညက ကိုယ်တို့ဖုန်းပြောကြသေးလား
နောက်ပြီး ဘာလို့ ကိုကို လို့ ပြောင်းခေါ်တာလဲ"

ဆိုပြီး စာပို့ပေးထားလိုက်သည်။ ဒီနေ့တော့ မနေ့ညက hangover အရှိန်နဲ့ အလုပ်ထဲမှာ မနည်းမငိုက်အောင်ကြိုးစားရပေအူးမည်။ project အသစ်ကို စကိုင်ဖို့ အစည်းအဝေးကလည်း လုပ်ရအူးမည်။ teamကိုလည်း အသစ်ပြန်ဖွဲ့မလား၊ အရင်တစ်ခေါက်က memberတွေနဲ့ပဲ ပြန်လုပ်မလားဆိုတာကိုလည်း ဌာနမှူးနှင့်တိုင်ပင်ရအူးမယ်။ အလုပ်အပ်တဲ့ ဖက်ကိုလည်း သူတို့လိုချင်တဲ့ပုံစံကို အသေးစိတ်ထပ်မေးရအူးမယ်။ ဒီနေ့လည်း ယားလို့ပင် ကုတ်အားမှာမဟုတ်။ ဒီလိုမှန်းသိ မနေ့ညက မသောက်ပဲနေခဲ့ပါတယ်။ အခုတော့ ခေါင်းကိုက်တာပဲအဖက်တင်တယ်။ ဟူးးးးး။ လုပ်ကိုင်စားသောက်ရတာ မလွယ်ပါလားနော်။ ဒီနေ့လည်း ဖုန်းလေးကို ယောင်လို့တောင်မကိုင်အားသေး။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now