Chapter 41

24.5K 2.3K 92
                                    

Unicode

ဒီနေ့ ဖြိုးမိုးတစ်ယောက် ရေလည်း မဆိုသလောက်အချိန်ဆွဲချိုးခဲ့တယ်။ အဝတ်အစားကိုလည်း မဆိုသလောက် ရွေးချယ်ပြီးမှ ဝတ်ခဲ့တယ်။ ရေမွှေးကိုလည်း မဆိုသလောက်လေးပိုဆွတ်ခဲ့တယ်။ အင်းးးးး စိတ်လည်း မဆိုသလောက် လှုပ်ရှားနေခဲ့တယ်။

ကလေးဆီကို သူအိမ်ကနေထွက်လာပြီဆိုတဲ့အကြောင်း စာပို့လိုက်တယ်။ ကျန်တဲ့ဆိုင်ရာပိုင်ရာတွေကိုလည်း သတင်းပို့လိုက်သည်။ ဒီနေ့အတွက် သူစိတ်ကိုသေချာပြင်ဆင်ခဲ့ပြီးပြီမို့ ဖြစ်သမျှအကြောင်းအကောင်းကြီးပါပဲ။ ကလေးက တိုက်ခန်းအောက်မှာပဲစောင့်နေတာမို့ သူ့ကားမြင်တာနဲ့ လက်လှမ်းပြပြီး ချက်ချင်းပြေးလာသည်။ ကားပေါ်ရောက်တော့ သူကိုယ်တိုင်ပဲ ကားခါးပတ်ပတ်ပေးလိုက်သည်။ ဒီနေ့ သူ့ကလေးက မှုတ်ဆိတ်မွှေးတွေကိုလည်း သေချာ ရိတ်ထားတာမို့ မျက်နှာလေးက ရှင်းသန့်နေသည်။ သူစိတ်ထင်လို့လားတော့မသိ။ အဝတ်အစားကိုလည်း ခါတိုင်းထက် ပိုပြီးသပ်သပ်ရပ်ရပ် ဝတ်ထားသည်။

"နေ့ခင်းက ဘယ်တွေ သွားဖြစ်သေးလဲ"

"အင်း မြေနီကုန်းက city mart ရောက်တယ်
Dagon Center လည်းရောက်တယ်"

"လမ်းလျှောက်သွားတာလား"

"ဟုတ်တယ် ကိုကို"

"ဒီနေ့ အပြန်နည်းနည်းနောက်ကျရင် ကျလိမ့်မယ်
အဆင်ပြေရဲ့လား"

"ဟုတ် ပြေပါတယ်ကိုကိုရဲ့
မောင့်ကိုလည်း သော့တူတစ်ချောင်းပေးထားတယ်"

"အိုခေ
လမ်းကြောင်းတွေကိုသေချာကြည့်ထားနော်
နောက်ဆို မှတ်မိနေအောင်
အခု ကိုယ်တို့ မြန်မာပလာဇာကိုသွားမှာ"

"ဟုတ်
ကိုကို နတ်တင်တယ်ဆိုတာဘာလဲ ပြောပြတော့"

သူနေ့ခင်းကပြောခဲ့တာကို အခုထိ အခဲမကြေဖြစ်နေပုံရသည်။ တကယ်နတ်တင်မှာလို့များ ထင်နေတာလားမသိ။

"အော် ကိုယ်တို့ အဖွဲ့ထဲမှာ အကျင့်တစ်ခုခုရှိတယ်
တစ်ယောက်ယောက်က ပစ္စည်းအသစ်တစ်ခုခုဝယ်တာပဲဖြစ်စေ၊ အသစ်အဆန်းတစ်ခု ဖြစ်ပျက်ခဲ့တယ်ဆိုရင် ဖွင့်ပွဲလုပ်ရတယ်။လူ စုပြီးမုန့်စားတာမျိုးပေါ့။ အဲ့ အစားရော အသောက်ရော ပါလာရင်တော့ နတ်တင်တယ်လို့ အမည်ပေးထားတာ။ အခုမောင့်ကို အဲ့ဒီ ဆိုင်ရာပိုင်ရာတွေဆီမှာ နတ်တင်မလို့လေ"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now