Chapter 14

24.2K 2.5K 45
                                    

Unicode

စားပွဲခုံတစ်လုံး​၏ ဘယ်ဖက်အစွန်တွင် ဖုန်းတစ်လုံးတင်ထားသည်။ ညာဖက်အစွန်တွင်တော့ ခုံပေါ်လက်တင်ပြီး မေးထောက်က ထိုဖုန်းအား စိုက်ကြည့်နေသောကောင်လေးတစ်ယောက်ရှိသည်။ ထိုကောင်လေးသည် ဖုန်းကိုလက်နှင့်လှမ်းကိုင်မလိုလုပ်လိုက်၊ တစ်ဝက်မှာတင် ရပ်တန့်လိုက်၊ ပြန်လှမ်းလိုက်နှင့် ချီတုံချတုံဖြစ်နေသည်။ သူ့အကြည့်တွေကလည်း ဖုန်းကနေလွှဲလို့မရ။ ထိုကောင်လေး ဖုန်းကသိုင်းရှုနေတာကို နောက်ကနေ ကြည့်ရင်း စိတ်ဆင်းရဲလာသော သူ့ညီဖြစ်သူက စကားလှမ်းပြောလိုက်သည်။
"နွားရေ
ဖုန်းကို ယူကိုင်မှာဖြင့်လည်းကိုင်
မယူရင်လည်း မမြင်ကွယ်ရာသွားထား
သောက်လုံးတွေနောက်နေပီ"
မှန်ပါသည်။ ပြည့်သူ​​၏ အဖြစ်ကို ကြည့်မရသော နေသော်က အော်လိုက်တာပါ။
"မင်း
တိတ်တိတ်နေကွာ"
"မင်း က ငါ့ရှေ့လာပီး အမြင်ကပ်အောင်လုပ်နေတာလေ"
"မသိဘူးကွာ
ဒီမှာ ညစ်နေတာနော်"
"အေး
မင်းကိုငါ ကြည့်နေတာ ၂ရက်လောက်ရှိပီ
မှိုင်လှချေလား
ဒီရက်ပိုင်းဖုန်းပြောတာလည်းမတွေ့ပါလား"
အလိုလိုကမှ ရင်ဖွင့်ချင်သော ပြည့်သူအတွက် အခန့်သင့်သွားပီပေါ့။
"ငါ ညစ်နေတာလည်း အဲ့ဒီဖုန်းမပြောတဲ့ကိစ္စပဲ"
"ဘာလို့လဲ ဖုန်းဆက်မရလို့လား"
"မဟုတ်ဘူး"
"ဖုန်းမကိုင်လို့လား"
"မဟုတ်ဘူး"
"မင်းကို ဘလော့လိုက်လို့လား"
"မဟုတ်ဘူး"
ဘူးတစ်လုံးဆောင် အ်ိုတောင်မဆင်းရဲလုပ်နေသော ပြည့်သူကို စိတ်မရှည်တော့။
"နွားရေ
အာ့ဆိုဘာလို့တုန်းဟ"
"ငါမဆက်တာ"
"ငင့် ဘာဖြစ်လို့လဲ"
"မသေချာလို့"
"ဘာမသေချာတာလဲ
ဟျောင် ငါစိတ်ရှည်လာပီနော်
တစ်ခုချင်းမေးနေရတာ"
"ဟီးးးး" ဟု ပြည့်သူမှ မချိသွားဖြဲရယ်ပြလိုက်သည်။
သူ လိုင်းပိတ်ထားတာ အကိုဖျားပီးနောက်နေ့ကတည်းက ဆိုတော့ သုံးရက်လောက်ရှိပြီဖြစ်သည်။ အကိုဖျားတုန်းက သူစိတ်ပူသည်။ သူကိုယ်တိုင်ဖျားတာထက် ပိုနေရခက်သည်။ အကိုနဲ့ပတ်သတ်ရင် သူ့စိတ်ခံစားချက်တွေက ပုံမှန်မဟူတ်တာကြာခဲ့ပီ။ အကိုတစ်ယောက်လို ခင်မင်တာမျိုးမဟုတ်တဲ့ သံယောဇဉ်တွေ အရောင်ပြောင်းနေပြီ။ထို့ကြောင့် သူ့စိတ်ကိုသူ သေချာဆန်းစစ်ဖို့လိုနေပြီ​။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now