Chapter 31 ပိစိလေးမှောင်မယ်

32.6K 2.4K 62
                                    

Unicode

ရင်ခွင်ထဲက နှစ်ခြိုက်စွာအိပ်ပျော်နေသည့် လူကြီးလေးကို ငေးကြည့်ပြီး သူ့မှာစိတ်မကောင်းနိုင်။ သူသာ ကိုကို့အစား ဝင်ပြီး ရောဂါဖြစ်လိုက်ချင်ရဲ့။ သူအလုပ်ကိုပိုကြိုးစားမှရတော့မယ်။ နေပူဒဏ်တောင်မခံနိုင်တဲ့ သူ့ချစ်သူက ဘယ်လိုပြည့်စုံစွာနေခဲ့ရသူဆိုတာ မပြောပဲနဲ့သိနေပါသည်။ သူ့ကြောင့် ကိုကို ဘယ်လို နိမ့်ကျမှုမျိုးကိုမှ မကြုံစေရပါ။ သူလည်း ကိုကိုနှင့်အတူ ခဏအိပ်ပျော်သွားသည်။

သူနိုးလာတော့ ကိုကို လည်းနိုးနေပြီဖြစ်သည်။ သူ့ကိုဖက်ထားပြီး သူ့မျက်နှာကို ဖွဖွပွတ်သပ်နေတဲ့ ကိုကို့ မျက်ဝန်းတွေထဲမှာ ချစ်ခြင်းမေတ္တာတွေလည်းပြည့်လို့ပါပဲ။

"ကိုကိုနိုးနေတာကြာပြီလား"

"ဟင့်အင်း
ခုဏလေးကမှ "

"ပျင်းနေပြီလား ကိုကိုဘာလုပ်ချင်လဲ"

"ရေချိုူးချင်တယ်"

"ဟာ
မချိုးရပါဘူး
ဆရာဝန်ကလည်းပြောလိုက်တယ်လေ
ဒီနေ့တော့ မချိုးနဲ့တော့နော်"

"ဒါဆို အင်္ကျီတော့လဲမယ်
ချွေးတွေနဲ့မို့"

ကိုကိုက အဝတ်အစားလဲဖို့ ရေချိုးခန်းထဲဝင်သွားသည်။ ဒီလောက်ရှက်တတ်ရလားကိုကိုရာ။ ထွက်လာတော့ ဘောင်းဘီအတိုနှင့် တီရှပ်ဝတ်ထားသည်။ သူကတော့ ကုတင်ပေါ်ကဆင်းပြီး ဂစ်တာကောက်ကိုင်လိုက်သည်။ ဂစ်တာကြိုးတွေညှိပြီး လက်နည်းနည်းပြန်နွှေးလိုက်သည်။ ကိုကိုလည်းသူနှင့်အတူ သူ့ဘေးမှာလာထိုင်သည်။ သူလက်သားကျပြီဆိုမှ ကိုကိုနှင့်မျက်နှာချင်းဆိုင်လိုက်ကာ

westlife ရဲ့ My Loveကို  တီးပြလိုက်သည်။သံစဥ်ကိုကြားတော့ ကိုကိုက သီချင်းကို တိုးတိုးလေး ငြီးနေသည်။

An empty street
An empty house
A hole inside my heart
I'm alone
The rooms are getting smaller

I wonder how
I wonder why
I wonder where they are
The songs we sang together
Oh yeah
And all my love
I'm holding on forever
Reaching for the love that seems so far

My love တီးပြိးတော့ ကိုကို့ကို သူ့ဖက်ဆွဲယူပြီး ရင်ခွင်ထဲ ဖိကပ်နေအောင် ဆွဲဖက်ပြီး နောက်တစ်ပုဒ်ထပ်တီးဖို့ပြင်လိုက်သည်။ ဒီတစ်ခါတော့ Linkin Park ၏ One more light ကိုတီးလိုက်သည်။ ဒိီတစ်ခါတော့ ကိုကိုကလိုက်မဆိုတော့။ သူ့ဂစ်တာသံကိုပဲ သေချာနားစိုက်ထောင်နေသည်။ သူ့ဂစ်တာသံဆုံးတော့ ကိုကိုက လက်ခုပ်လေးဖွဖွတီးသည်။ ပြီးတော့ အနမ်းလေးတစ်ပွင့်လည်းဆုချသေးသည်။ အင်း ဒီဧည့်သည်တော်လေးကို ဖျော်ဖြေပေးရတာ တန်လိုက်တာ။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now