Chapter 29

26.5K 2.4K 45
                                    

Unicode

ပြည့်သူနိုးလာတော့ ကိုကိုက သူ့လက်မောင်းပေါ်မှာ အိပ်နေတုန်းပဲ။ တစ်ညလုံး ကိုကို့ခေါင်းကို တင်ပြီး အိပ်ခိုင်းထားတာမို့ လက်မောင်းတို့က ထုံကျဥ်ပြီး အောင့်တက်နေပြီ။ ဒါပေမယ့် ကိုကို နိုးမှာစိုးလို့ သူနည်းနည်းလေးတောင် မလှုပ်မိ။ သူ့ရဲ့ sleeping beauty လေးကတော့ ငြိမ်ချက်သားကောင်းစွာ  အိပ်ပျော်နေတုန်း ။ ကိုကိုက တညလုံးလည်း တစ်ချက်လေးတောင် မလှုပ်ပဲ ငြိမ်ငြိမ်လေး အိပ်စက်သည်။ ထိုလူသား အိန္ဒြေ သိက္ခာ ကြီးတာက အိပ်ပျော်နေချိန်တောင်မှ သတိမလွတ်ခဲ့ဘူးပဲ။ သူကိုကို့ နဖူးလေးကို နမ်းလိုက်သည်။ ဘယ်နှကြိမ်မြောက်မှန်းမသိတော့။ သူအိပ်ယာဘေးက စာကြည့်စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုယူပြီး နာရီကြည့်လိုက်သည်။ ၈နာရီ ထိုးတော့ မှာပဲ။ နည်းနည်းလေးလှုပ်မိသွားလို့လားမသိ ကိုကို့ထံမှာ အင်းး ဆိုတဲ့ အသံပိစိလေးထွက်လာသည်။ သူကိုကို ဘယ်လို နိုးလာမလဲ သိချင်လို့ ငြိမ်ငြိမ်လေး စိတ်ဝင်စားစွာစိုက် ကြည့်နေမိသည်။ မျက်ခွံတို့ မသိမသာလေး ရွေ့လျားလာပြီး ၊ ဖျက်ခနဲ မျက်လုံးပွင့်လာသည်။ ပြီးတော့ ခေါင်းလေးနည်းနည်းစောင်းလာကာ ပြန်မှိတ်သွားသည်။ နောက်တကြိမ် မျက်လုံးတို့ ပွင့်လာသည့်အခိုက်မှာတော့ သူ့ကိုယ်သူ အိပ်ယာနိုးလာတာကို သတိကပ်သွားသည့်ပုံဖြင့် သူ့လက်မောင်းပေါ်က ခေါင်းကို စောင်းကာ သူ့ရင်ဖက်ပေါ်ထိ တိုးလာသည်။ ပြီးတော  သူ့မျက်နှာကို မော့ကြည့်သည်။ သူ့ကို ပြုံးပြသည်။ ထိုအပြုံးမှာ မည်သည့် ငြိစွန်းမှုမှာရှိမနေ။ အလွန်နှစ်လိုဖွယ်ကောင်းမှုနှင့် ဖြူစင်မှုတို့သာ ရောနေသည်။  ဒ့ါကြောင့် ဘန်နီဖြိုးက
"မနက်လင်းလို့ အိပ်ယာနိုးရင် နင့်အပြုံးလေးနဲ့အတူနိုးချင်
အလှဆုံးသော မင်းကိုငေးကြည့်ရင်းးးးး"လို့ ဆိုခဲ့တာကို။ သွားပြီ။ သူတော့ ကိုကို့ရဲ့ အိပ်ယာနိုးချင်းအနုပညာမှာ ကျရှုံးသွားပြီ။ ဒီပူတူးတူးလေးမျက်နှာကို ကြည့်ပြီး မနက်တိုင်း နိုးထရဖို့က သူ့ရဲ့ဦးစားပေးဆုတောင်းဖြစ်သွားပြီ။

သူ ကိုကို့နဖူးလေးကို ဖိကပ်နမ်းလိုက်ပြီးတော့

"အိပ်ရေးဝလား ကိုကို"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now