Chapter 5

28K 2.9K 24
                                    

Unicode

မနက်အလုပ်သွားတော့ အိမ်ကနေ ဘူတာတလျှောက် လမ်းမှာ ဆာကူရာတွေ ဝေနေအာင်ပွင့်တာ တွေ့ရသည်။ သူဖုန်းထုတ်ပီး ပန်းတွေကို  ဓါတ်ပုံရိုက်လိုက်သည်။ my dayမှာ first day of sakura ဆိုပြီးတင်လိုက်သေးသည်။ ရထားစီးရင်း မနေ့က Likin park သီချင်းကို ထပ်နားထောင်နေလိုက်သည်။ ဘာရယ်မဟုတ် သူရိုက်ထားတဲ့ ပုံလေးတွေကို ချာတိတ်အကောင့်ကိုပါ တစ်ခါတည်းပို့လိုက်သည်။ စောနေသေးလို့ဖြစ်မည်။ လိုင်းပေါ်မှာမတွေ့ရ။ အလုပ်ရောက်တော့ တစ်ခုပြီးတစ်ခု လက်စဖြတ်ရင်း နေ့ခင်း break timeကျမှ ဖုန်းကိုင်ဖြစ်တော့သည်။
"ပန်းတွေ လှသားပဲ" ဆိုသည့် ချာတိတ်ဆီပက messageလေး ဝင်နေသည်။
"အင်း
နွေဦးပေါက်ပီလေ
ဆာကူရာတွေပွင့်ပီ"ဟု စာပြန်လိုက်သည်။
reply က ပြန်မလာပေ။ 30 minutes ago တဲ့။ ထိုနေ့က သူအိမ်ပြန်ရောက်တဲ့အထိ ချာတိတ်ကို လိုင်းပေါ်မှာမတွေ့ရပေ။ နေများမကောင်းလို့လားဆိုပြီး တွေးလိုက်မိသေးသည်။ ထို့ကြောင့်
"ဟေး
ပျောက်လှချေလား
နေမကောင်းလို့လား" ဆိုပြီး စာပို့ထားလိုက်သည်။
သူဟင်းချက်နေတုန်း ဖုန်းလာသံ ကြားလိုက်ရသည်။
ဒီနေ့အိမ်ကဖုန်းခေါ်တာ စောလှချည်လားဟု တွေးရင်း ဖုန်းကိုင်ဖို့ လုပ်လိုက်သည်။

screenကြည့်တော့ အံ့ဩသွားသည်​။ callမှာ အိမ်ကမဟုတ်။ screenမှာ ပေါ်နေတာက ချာတိတ်ဆီက incoming callဖြစ်သည်။ သူဘာလုပ်လို့လုပ်ရမှန်းမသိ။ ရုံးကပြန်ရောက်ရောက်ချင်း ဟင်းတန်းချက်တာဆိုတော့ ရေလည်းမချိူးရသေး။ လူက စုတ်ပြတ်သတ်နေသည်။ မကိုင်လိုက်ရင်လည်း ဘာလို့ခေါ်မှန်းမသိ။ အားးးးးးး။ ကြံရမရတော့အဆုံး maskတစ်ခုကောက်တပ်ပြီး ဖုန်းကိုင်လိုက်သည်။ ထို့နောက်တော့ screenမှာ ကတုံးဆံပင်ပေါက်လေးနှင့် ကောင်လေးတစ်ယောက်ရဲ့ မျက်နှာပေါ်လာသည်။ ဖုန်းကိုကြည့်ရင် ရင်တွေခုန်လာသည်။ သူဘာလို့ စိတ်တွေခုန်နေတာပါလိမ့်။

"hi"
"ဟေး"
ထိုကောင်လေးက ထူးဆန်းသလိုတစ်ချက်ကြည့်ရင်း
"ဖုန်းက ဟန်းပီး keyboardက ရိုက်မရတော့လို့
ဖုန်းခေါ်လိုက်တာ
အကိုအဆင်ပြေရဲ့လား"
"အာ ပြေပါတယ်"
"နေ့ခင်းက တပ်ကုန်း ကိုသွားနေလို့
ဖုန်းဘေလ်လည်းမရှိလို့ လိုင်းပေါ် မတက်ဖြစ်တာ"
"ဪ
တစ်နေ့လုံးပျောက်နေလို့
နေမကောင်းတာများလားလို့"
"ဟုတ်ဘူး ဘေလ်မရှိတာ" ဆိုပြီး ရယ်သံလေးနဲ့ ဖြေလာသည်။
"ဒါနဲ့ ဘာလို့ mask ကြီးတပ်ထားတာလဲ"
"ဟီးးးးး
ဒါလား
ရှက်လို့"
"ခင်ဗျာ"
သူ့အဖြေကို အံ့ဩသွားသည့်မျက်နှာလေးနှင့်။
"ကိုယ်က ရုပ်ဆိုးတယ်
အာ့ကြောင့်"
"အမ် ဘယ်လောက်ထိရုပ်ဆိုးလို့လဲ"
"တော်တော်ရုပ်ဆိုးတယ်
ပြီးတော့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့သူတစ်ယောက်ကို video callပြောရတော့ ဘယ်လိုကြီးမှန်းမသိလို့"
သူ့ကိုယ်သူ ဘာတွေပြောမိလို့ပြောနေမိမှန်းမသိတော့ပေ။
phone screenမှာတော့ အဝါရောင် တီရှပ်လေးဝတ်ထားသော ကောင်လေးရဲ့မျက်နှာကိုမြင်နေရသည်။ စကားပြောလိုက်ရင် ယုန်သွားလေးနှစ်ချောင်းက အထင်းသာားပေါ်နေသည်။
"အာ
ဘာမှမဖြစ်ပါဘူး အကိုရဲ့
မပူဘူးလား
mask ကြီးချွတ်လိုက်ပါ"
"ကိုယ်က ရုပ်ဆိူးတယ်နော်"
"ကျွန်တော်လည်း ဆိုးတာပဲလေ
ချွတ်လိုက်ပါ"
သူရယ်ချင်သွားသည် ။ မသိရင် blind dateလုပ်ပီး စတွေ့တာကြလို့။ နောက်ဆုံး သူ သတ္တိမွေးပီး mask ကိုချွတ်လိုက်သည်။
"ဘယ်လိုလဲ
ရုပ်ဆိုးတယ်မလား"
"အာ မဆိုးပါဘူး"
"အခုက ဟင်းချက်ရင်းတန်းလန်းမို့
ရေလည်းမချိုးရသေးဘူး။
အကုန်ပြီးမှခေါ်လိုက်မယ်လေ
ဖြစ်လား"
"ရပါတယ်
အကိုအားမှခေါ်လိုက်"
"အိုခေ"
သူကိစ္စဝိစ္စတွေအကုန်ပြီးတော့ အိပ်ယာပဲအနားယူရင်း
ချာတိတ်ကို ဖုန်းခေါ်လိုက်သည်။ ချက်ချင်းပဲဖုန်းကိုင်လာသည်။
"ဟိုင်း"
" ညစာစားပီးခဲ့ပီပေါ့"
"အင်း ပီးပီ"
"အကိုက အဲ့မှာဘာလုပ်တာလဲ
ကျောင်းတက်တာလား"
"မဟုတ်ဘူး
အလုပ်ဝင်နေပီ"
"ဪ"
"ပြည့်သူကရော"
"ကျွန်တော်က ကျောင်းပီးပီ
လောလောဆယ်တော့အလုပ်မရှိ"
"ဪ"
"တစ်ယောက်တည်းနေတာလား"
"အင်း ဟုတ်တယ်
တစ်ယောက်တည်း"
"အာ့မှာအေးမှာပေါ့"
"အင်း ဆောင်းရာသီိဆိုရင်တော့အေးတယ်
အခုကနွေဦးလေ နေကောင်းရုံပဲ"
"ပန်းတွေကလှတယ်နော်
မနက်ကပုံထဲကပန်းတွေ"
"အင်း
ဆာကူရာလေ
သူကနွေဦးမှာပွင့်တာ
ဒါပင်လုံးကျွတ်မပွင့်သေးဘူး"
"ဪ"
"အကိုအိပ်ချင်နေပီလား
ဒီမှာ ၇ ခွဲဆိုတော့ အကို့ဆီ ၁၀နာရီလောက်ရှိရောပေါ့"
"အင်း
၁၀နာရီထိုးပီ"
"အိပ်ချင်ပီလား"
"ရပါတယ် ခါတိုင်းလည်း၁၁လောက်မှအိပ်ဖြစ်တာ"
ထိုစဉ် ချာတိတ်နောက်မှ ကောင်လေးတစ်ယောက်လာရပ်တာတွေ့ရသည်။
"ဘယ်သူနဲ့ ပြောနေတာလဲ"
"အကိုတစ်ယောက်နဲ့ပါ
ဂျပန်မှာနေတာတဲ့"
"ဪ"
နောက်ကိုလှည့်ပီးစကားပြောနေတာကို သူတိတ်တိတ်ပဲစောငိ့နေလိုက်သည်။ ချာတိတ်က သူ့ဖက်ပြန်လှည့်လာသည်။
"ပြည့်သူရော ညစာစားပီးပီလား"
"စားရသေးဘူး" ဆိုပြီး ရယ်လျက်ဖြေသည်
ဘာဆက်ပြောရမှန်းမသ်ိတာနှင့်
"ပြည့်သူမှာ မောင်နှမ ဘယ်နှယောက်ရှိလဲ ခန့်မှန်းရမလား"
"အင်း ပြောကြည့်လေ"
"ညီအကိုနှစ်ယောက်တည်း"
"ဟင့်အင်း
သုံးယောက်
အကိုတစ်ယောက်၊ ကျွန်တော်ကအလတ်
ခုဏက ကျွန်တော့်ညီ"
"ဪ
အမှန်းတော်တယ်နော်"
သူ့စကားကြောင့် တစ်ဖက်ကောင်လေးကဖြူဖြူစင်စင်လေး ရယ်နေသည်။
"ဂျပန်မှာနေတာဆိုတော့ ဂျပန်လိုတတ်မှာပေါ့"
"အင်း
ဒီမှာက အင်္ဂလိပ်လိုမသုံးဘူး
ဂျပန်စာ မပြောတတ်လို့မရဘူး"
"ဪ"
ဖုန်းချသင့်ပြီဟု ကိုယ့်ကိုယ်တွေးရင်း နှုတ်ဆက်လိုက်သည်။
"အာ့ဆို ဒါပဲနော်"
"ဟုတ်
Good night အက်ို"
"အွန်း good night"

မဟောင်းတဲ့ပုံပြင်Where stories live. Discover now